ကုန်ကျငွေက (၆၅)သိန်းခန့် ကုန်ကျမှာတဲ့။

အဆိုတော် ထူးအယ်လင်းက ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်၊ အေးရွာမှာရှိတဲ့ ကိုယ်ထူကိုယ်ထ အခြေခံပညာမူလတန်းစာ သင်ကျောင်းလေး အတွက် အလှူရှင်တွေ ဖိတ်ခေါ်လို့ နေပါတယ်။ သွားလှူမယ့် ကျောင်းရဲ့ အခြေအနေလေးကိုလည်း ပုံလေးတွေနဲ့ ပြထားတာတွေ့ရပါတယ်။



Photo : ထူးအယ်လင်း FB

 

အဆိုတော် ထူးအယ်လင်းက ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်၊ အေးရွာမှာရှိတဲ့ ကိုယ်ထူကိုယ်ထ အခြေခံပညာမူလတန်းစာ သင်ကျောင်းလေး အတွက် အလှူရှင်တွေ ဖိတ်ခေါ်လို့ နေပါတယ်။ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းဆောင်တွေကို ပြုပြင်မွမ်းမံခြင်း၊ အိမ်သာများ ပြုပြင်ခြင်း၊ ကလေးတွေအတွက် သောက်သုံးရေးအဆင်ပြေစေဖို့ ရေလှောင်စတီးရေကန်နဲ့ ကျောင်းဝတ်စုံများ၊ အခြားလိုအပ်သော ပစ္စည်းများကို သွားရောက်လှူဒါန်းမှာ ဖြစ်တယ်လို့ ထူးအယ်လင်းက ဆိုပါတယ်။

Photo : ထူးအယ်လင်း FB

 

"ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် အေးရွာ ရှိ ကိုယ်ထူကိုယ်ထ အခြေခံပညာမူလတန်းစာသင်ကျောင်းအား ကျောင်းဆောင်ပြုပြင်မွမ်းမံခြင်း ၊ အိမ်သာများပြုပြင်မွမ်းမံခြင်း ၊ ကျောင်းသား/သူ ကလေးငယ်များအတွက် သောက်သုံးရေသန့်ရှင်းအဆင်ပြေဖို့ ရေလှောင်စတီးရေကန်(ရေလီတာ ၁၀၀၀ဆန့်) ၊ ကျောင်းစိမ်းယူနီဖောင်းအဝတ်အထည် ၊ ကျောင်းသုံးစာရေးကရိယာများ အစရှိသည်တို့ကို သွားရောက်လှူဒါန်း မည်ဖြစ်ပါသည်။ဘုရားကြိုက်သောအမှူ၊ လူသူတော်ကောင်းများနှစ်သက်သည့်အမှူ ၊ မိဘဆရာများကြိုက်နှစ်သက်သည့် ကောင်းမှူကုသိုလ်အမှူ ကို နှိုးဆော်တင်ပြအပ်ပါသည်" ဆိုပြီး စက်တင်ဘာ(၄) ရက်နေ့က ထူးအယ်လင်းရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : ထူးအယ်လင်း FB

ညီအစ်ကိုလိုရင်းနှီးလှတဲ့ ယုန်လေးအကြောင်းပြောလာတဲ့ မြင့်မြတ် 

ယင်းအလှူကိုလည်း စက်တင်ဘာ(၁၆) ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်တယ်ဆိုပြီး ပြောထားပါသေးတယ်။အလှူအတွက် ကုန်ကျတဲ့ ငွေမှာ (၆၅)သိန်းခန့် ကုန်ကျမှာ ဖြစ်သလို ယခုလက်ရှိမှာ (၇) ရက်သားသမီးများက တစ်ဆယ့်ငါးသိန်းမတည်လှူဒါန်းထားတာကြောင့် ကျန်ငွေများအတွက် ဆက်လက်လှူဒါန်းပေးကြဖို့ အလှူရှင်များကို ဖိတ်ခေါ်ထားတာတွေ့ရပါတယ်။

သွားရောက်လှူဒါန်းမယ့် ကျောင်းကိုလည်း အလှူရှင်များ တွေ့မြင်နိုင်ဖို့အတွက် ထူးအယ်လင်းက ပုံနဲ့တကွ ဖော်ပြထားပါသေးတယ်။

Photo : ထူးအယ်လင်း FB

 

အဆိုတော်ထူးအယ်လင်းဟာ  တကယ်လိုအပ်တဲ့ နေရာဒေသတွေမှာ မကြာခဏဆိုသလို သွားရောက် လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ လက်ရှိမှာ ပရဟိလုပ်ငန်း တွေ တော်တော်များများကို ဆောင်ရွက်နေတာလည်း တွေ့ရပါတယ်။သူကိုယ်တိုင်ဦးဆောင်ပြီး မီးသဂြိုလ်စက်တွေ လှူဒါန်းခဲ့သလို နာရေး ကူညီမှု အသင်းအတွက် လူနာတင်ကားတွေလည်း လှူဒါန်းခဲ့ပါသေးတယ်။

အဲ့ဒီနောက် လှည်းကူးမြို့ နယ်၊ ပဒဲကော ကျောက်အိုင်ကျေးရွာမှာရှိတဲ့ ကျိုက်ငွေနှောင်းစေတီတော်မြတ်ကြီးရဲ့ ဘုရားဝင်းအတွင်း သိမ်ကျောင်း ဆောက် လုပ်လှူဒါန်းမှုအတွက်လည်း အလှူငွေတွေ ကောက်ခံ နေသေးတယ်လို့ သိရပါတယ်။

Photo : ထူးအယ်လင်း FB

 

အခုချိန်မှာလည်း အများအကျိုးအတွက် သယ်ဆောင်ရန် ရည်ရွယ်ချက်နဲ့ အများအကျိုးအတွက်လှူဒါန်းဖို့ ဂီတသစ်ပင် လို့ အမည်ပေးထားတဲ့ တေးစီးရီးလည်း ထုတ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က