အစစအရာရာ အဆင်ပြေပါစေတဲ့။

သရုပ်ဆောင် စိုးမြတ်နန္ဒာက မကြာခင်မှာ ရုပ်ရှင်ပြန်ရိုက်တော့မယ့် စိုးသူအတွက် အားပေးစကားလေး ပြောထားတာ တွေ့ရပါ တယ်။ မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ အချိန်မှာ ဖျေ်ာဖြေပွဲတွေသာ ပြုလုပ်ခဲ့ပေမယ့် ဇာတ်ကားရိုက်ကူးဖို့အတွက်ကို အချိန် တော်တော်ကြာ စဉ်းစားနေခဲ့တဲ့ စိုးသူက မကြာခင်မှာ "တရားလား"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးတော့မယ်လို့ သိရပါတယ်။

 

သရုပ်ဆောင် စိုးမြတ်နန္ဒာက မကြာခင်မှာ ရုပ်ရှင်ပြန်ရိုက်တော့မယ့် စိုးသူအတွက် အားပေးစကားလေး ပြောထားတာတွေ့ရပါတယ်။ မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ အချိန်မှာ ဖျေ်ာဖြေပွဲတွေသာ ပြုလုပ်ခဲ့ပေမယ့် ဇာတ်ကားရိုက်ကူးဖို့အတွက်ကို အချိန်တော်တော်ကြာ စဉ်းစားနေခဲ့တဲ့ စိုးသူက မကြာခင်မှာ "တရားလား"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးတော့မယ်လို့ သိရပါတယ်။

 

ယင်းဇာတ်ကားအတွက် လွန်ခဲ့တဲ့ (၆)လလောက်ကတည်းက ဆံပင်အရှည်တွေထား၊ ဝိတ်တွေချနေတဲ့ စိုးသူအတွက် ချစ်သူစိုးမြတ်နန္ဒာက ယခုလို အားပေးစကားပြောထားာ တွေ့ရပါတယ်။

"အဓိကပြောချင်တာ ကတော့ ဘစိုး မရိုက်ချင်လဲမရိုက်ဘူး .. ရိုက်မယ်လို့ဆုံးဖြတ်ပြီးတော့လဲ။လွန်ခဲ့တဲ့ ၆ လလောက်ထဲက ဆံပင်ရှည်တွေထား ဝိတ်တွေချ အကျႌအဝတ်အစားတွေစီစဉ် နဲ့ ဒီ ဇာတ်ကားအပေါ် သူ အာရုံစိုက်ခဲ့တယ် ။အဲဒီစေတနာတွေကြောင့် အရာအားလုံးအဆင်ပြေမှာပါ။ သူ တစ်ခါမှ မလုပ်ဖူးတဲ့ Character ဖြစ်ပေမဲ့လဲ ဒါရိုက်တာ လိုချင်တဲ့ ပုံစံအတိုင်း ထပ်တူ လုပ်နိုင်ရင်တော့ ဇာတ်ကောင်နေရာ နဲ့ တသားထဲကျ သွားမှာပါ." ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ စက်တင်ဘာ(၅) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

စိုးမြတ်သူဇာ၊ စိုင်းစိုင်း တို့နဲ့ ရုပ်ရှင်ရိုက်မယ့် စိုးသူ 

"တရားလား" ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးမှုမှာလည်း အစစအရာရာ အဆင်ပြေပြေ အောင်အောင်မြင်မြင်နဲ့ ရိုက်ကူးနိုင်ပါစေဆိုပြီး ဆုတောင်းပေးထား တာလည်း တွေ့ရပါတယ်။"တရားလား" ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်)က ရိုက်ကူးမှာ ဖြစ်ပြီး စိုးသူ၊ပြေတီဦး၊ဝတ်မှုံရွှေရည်တို့နဲ့အတူ ရိုက်ကူးပုံဖော်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

စိုးသူဟာ အနုပညာလောကနဲ့ ဝေးကွာနေတာ ၁၀စုနှစ်ကျော်ခဲ့ပါပြီ။ သူ့အနေနဲ့ ၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပြီး မန္တလေးမှာရော၊ ရန်ကုန်မှာပါ တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ သူ့ကို အားပေးတဲ့ ပရိသတ်တွေကတော့ ဒီနေ့ အချိန် ထိ အခိုင်အမာရှိနေပါတယ်။

 

အခုဆိုရင် သရုပ်ဆောင်စိုးသူနဲ့ စိုးမြတ်နန္ဒာတို့ဟာ ချစ်သူသက်တမ်း (၅) နှစ်ကျော်ထဲ ရောက်ရှိနေပြီဖြစ်ပါတယ်။စိုးသူနဲ့ စိုးမြတ်နန္ဒာတို့ဟာ ခရီးတွေ အတူတူဆိုသလို သွားဖြစ်နေတာကို တွေ့ရပါတယ်။ သူတို့နှစ်ဦးဟာ အနုပညာလောကမှာ နေရာတစ်နေရာစီကို ခိုင်ခိုင်မာမာရရှိထားသူတွေလည်း ဖြစ်ပါတယ်။

သူတို့ကို ဝေဖန်တဲ့ ပရိသတ်တွေလည်းရှိသလို လိုက်ဖက်ညီတဲ့ စုံတွဲတစ်တွဲဖြစ်တယ်ဆိုပြီး အားပေးထားတဲ့ ပရိသတ်တွေလည်း ရှိပါတယ်။ စီးပွားရေးဘက်ကို ဦးစားပေးလုပ်ဖြစ်နေတဲ့ စိုးမြတ်နန္ဒာက ပိုးထည်ဆိုင်လည်း ဖွင့်ထားပါတယ်။ ယခုလောလော ဆယ်မှာ တော့ သူမက စီးပွားရေးဘက်ကိုပဲ ဦးစားပေးဖြစ်နေပြီး သားဖြစ်သူကို ဂရုစိုက်ဖြစ်နေပါတယ်။

 

သားဖြစ်သူရဲ့ ဝေယျာဝစ္စတွေကို လုပ်ပေးရင်း မိခင်တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်နေတဲ့ သရုပ်ဆောင် စိုးမြတ်နန္ဒာ ကတော့ ဇာတ်ကား ရိုက်ကူးမှုတွေ နားထားတာကိုလည်း တွေ့ရပါတယ်။ မကြာခင်မှာလည်း စိုးသူရိုက်မယ့် ရုပ်ရှင်ဇာတ်ကားမှာ စိုးမြတ်နန္ဒာက တော်တိုမယ်ရ ဝင်လုပ်ရဦးမယ်လို့ ပြောထားပါတယ်။

Share

Loading Next Article...
က္က