ဘန်ကောက်ရောက်နေတာ ၁ ပတ်ရှိပြီ။

စန္ဒီမြင့်လွင်တစ်ယောက် ဘန်ကောက်ကို အလုပ်ကိစ္စနဲ့ရောက်နေတာ တစ်ပတ်လောက် ရှိပါပြီ။ ဒီအတွက် ခင်ပွန်းဖြစ်သူကိုလည်း လွမ်းနေပြီ လို့ ရင်ဖွင့်လာပါတယ်။ ဘန်ကောက်မှာတော့ မင်းသမီးပိုးထည်ဆိုင်အတွက် လိုအပ်တာတွေဝယ်ဖို့ စိုးမြတ်နန္ဒာ၊ စိုးပြည့်သဇင် တို့နဲ့ အတူ ရောက်ရှိနေတာဖြစ်ပါတယ်။

Photo: Sandi Myint Lwin Facebook

 

သရုပ်ဆောင် စန္ဒီမြင့်လွင် ဟာ ညီအစ်မတွေဖြစ်တဲ့ စိုးမြတ်နန္ဒာ၊ စိုးပြည့်သဇင် စတဲ့ မိသားစုဝင်တွေနဲ့ အတူ ဘန်ကောက်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်ကိုလည်း အရမ်းလွမ်းတဲ့ အကြောင်းတွေ ရင်ဖွင့်ပြောပြ ထားပါ သေးတယ်။

'' လွမ်းလို့ရည်းစားတုန်းကဆေ့ထားတဲ့ပုံလေးတွေတင်ချလိုက်ပြီ'' ဆိုပြီးတော့ စက်တင်ဘာလ ၁၃ ရက်နေ့ နေ့လည် ၁၁ နာရီက စန္ဒီမြင့်လွင် ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ဟာ စက်တင်ဘာလ ၈  ရက်နေ့ကတည်းက ထိုင်းနိုင်ငံ ဘန်ကောက် မြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။ သူ့ရဲ့ ခင်ပွန်းကလည်း အလုပ်ကိစ္စနဲ့ ခရီးထွက်နေတယ်လို့ သိရပါတယ်။

Photo: Sandi Myint Lwin Facebook

 

စန္ဒီမြင့်လွင်တို့ ညီအစ်မ တစ်စုဟာ မင်းသမီးပိုးထည်ဆိုင်အတွက် ပိုးထည်တွေကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ပေါ်မှာ ဝယ်ယူနေကြတာ ဖြစ်ပါ တယ်။ ဒီပိုးထည်ဆိုင်လေးကိုတော့ အောက်တိုဘာလ အတွင်းမှာ ဖွင့်လှစ်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ပိုးထည်ဆိုင်နာမည်ကို အစ်မကြီးဖြစ်တဲ့ စိုးမြတ်သူဇာကိုယ်တိုင်က နာမည်ပေးခဲ့တာလို့လည်း သိရပါတယ်။

Photo: Sandi Myint Lwin Facebook

 

ပရိသတ်အချစ်တော် ညီအစ်တွေဖြစ်တဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင် နဲ့ စိုးပြည့်သဇင်တို့ ပေါင်းပြီးဖွင့်တဲ့ စီးပွားရေးတစ်ခုလို့လည်း သိရပါတယ်။ ဒီအတွက်ကြောင့်လည်း သူတို့ ညီအစ်မတွေ အလုပ်ရှုပ်နေကြောင်း စန္ဒီမြင့်လွင်က အခုလို ရေးသားခဲ့ ပါတယ်။

'' ဒီရက်ပိုင်း ညီအမလေးယောက်အောက်တိုဘာမှာဖွင့်မယ့် ပိုးထည်တိုက်အတွက် တော်တော်အလုပ်ရူပ်နေကြတယ် ဆယ်လပိုင်းမှာတော့ အားလုံး အတွက်အဆင်အဆန်းအမြင်အဆန်းတွေပေးနိုင်ဖို့ကြိုးစားနေကြပါတယ် ပင်ပန်းပေမဲ့ပျော်တယ်လို့ဖီလင် စိုး အိတ်စိုက်တက်ပဲ'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ ၂၄ ရက်နေ့ ည ၁၀ နာရီက ရေးသားတင်ခဲ့တာဖြစ်ပါတယ်။

Photo: Sandi Myint Lwin Facebook

ပိုးထည်ဆိုင်အတွက် မကြီးစိုးက နာမည်ရွေးပေးမှာလို့ ဆိုလိုက်တဲ့ စိုးမြတ်နန္ဒာ 

အောင်မြင်တဲ့ သရုပ်ဆောင်၊ အဆိုတော်တွေဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင် တို့ဟာ ပရိသတ်အခိုင်အမာ ရရှိထားကြသူတွေဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး လွန်ခဲ့တဲ့ ၃ နှစ်လောက် အထိ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က