အောက်တိုဘာ ၁၄ ရက်မှာ လုပ်မယ့် ရှိုးပွဲပါ။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲ လက်မှတ်တွေကိုတော့ စတင်ရောင်းချတဲ့ နေ့မှာပဲ အကုန် ကုန်သွားပြီလို့ ဆိုပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို အမျိုးသားကဇာတ်ရုံမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။


Photo: Sai Sai Kham Leng Page

 

အောက်တိုဘာလ ၁၄ ရက်နေ့မှာ ပြုလုပ်မယ့် စိုင်းစိုင်းခမ်းလှိုင်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် လက်မှတ်တွေကတော့ စက်တင်ဘာလ ၁၆ ရက်နေ့မှာ စရောင်းတာဖြစ်ပြီး အဲ့ဒီနေ့မှာပဲ ကုန်သွားတယ်လို့ သိရပါတယ်။ Sai Sai Show အတွက် လက်မှတ် မမှီလိုက်တဲ့ ပရိသတ်တွေ အတွက်တော့ စိတ်မကောင်းစရာပါပဲ။

''SAISAISHOW ရက်ထပ်မတိုးဖြစ်။ မနေ့က လက်မှတ်အားလုံး ချက်ချင်းကုန်သွားလို့  ပရိသတ်များ အတွက် နောက်တစ်ပွဲတိုးဖို့ ကြိုးစား ပေမယ့် အဆင်မပြေလို့ မတိုးဖြစ်တော့ပါ''ဆိုပြီးတော့ Sai Sai Kham Leng ရဲ့ Offical Page ကနေ စက်တင်ဘာလ ၁၇ ရက်နေ့ မနက် ၁၀ နာရီ ၂၂ မိနစ်က ကြေညာခဲ့တာဖြစ်ပါတယ်။ 

ဂျပန်နိုင်ငံမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်မယ့် စိုင်းစိုင်း 

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့ (တနင်္ဂနွေနေ့) မှာ ပြုလုပ်မယ့် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဖျော်ဖြေပွဲကြီးကို ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသား ကဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားမယ်ဆိုတာကို သြဂုတ်လ ၁၂ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ် ပေ့ချ်ကနေရော၊ ဖေ့စ် ဘွတ် အကောင့်က နေပါ ကြေညာခဲ့တာဖြစ်ပါတယ်။

Photo: Sai Sai Kham Leng Page

 

စိုင်းစိုင်းခမ်းလှိုင်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို လာရောက်အားပေးကြမယ့် ပရိသတ် တွေအတွက်  စိုင်းစိုင်းတစ်ယောက် အမှာတော်ပါး လိုက်ပါပြီ။ ဒီပွဲကတော့ အရင်တုန်းက လုပ်ခဲ့တဲ့ ဖျော်ဖြေပွဲတွေနဲ့ မတူတဲ့ထူးခြားမှုတွေရှိတဲ့အကြောင်းကိုလည်း စိုင်းစိုင်းကိုယ်တိုင် ပြောပြခဲ့ပါတယ်။ 

'' Sai Sai Show ကြည့်မယ့်သူများခင်ဗျား။ ကျနော့်ပွဲတွေထုံးစံအတိုင်း အတူ သီချင်းလိုက်ဆိုကြမယ်။ အတူတူမတ်တပ်ရပ်တဲ့အခါ ရပ်ကြမယ်။

အတူတူ အော်တဲ့အခါအော်ကြမယ် (ဒီတစ်ပွဲတော့ ထခုန်စရာမလိုပါ - ဒေါက်ဖိနပ်စီးလာလို့ရမယ့် တစ်ခုတည်းသောစိုင်းစိုင်းပွဲဖြစ်ပါတယ် )

အတူတူလက်တွေမြှောက်မယ် ကျနော်တွေးပြီးရင်ခုန်ပါတယ်'' ဆိုပြီးတော့ စက်တင်ဘာလ ၁၃ ရက်နေ့ နေ့လည် ၂ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ် မှာ ရေးသားခဲ့ပါတယ်။

Photo: Sai Sai Kham Leng Page

 

တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် လက်မှတ်တွေကို စက်တင်ဘာလ ၁၆ ရက်နေ့က Junction City မှာ ရောင်းချခဲ့တာဖြစ်ပါတယ်။ စိုင်းစိုင်း နောက်ဆုံး ထွက်ရှိခဲ့တဲ့ တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ Sai Sai is Sai Sai အခွေအသစ်ကိုတော့ ၂၀၁၈ ခုနှစ် မတ်လအတွင်းက ထွက်ရှိခဲ့ တာဖြစ်ပါတယ်။ ဒီအခွေကလည်း အရင်အခွေတွေထက် အောင်မြင်မှုတွေအများကြီး ပိုင်ဆိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က