သမီးလေးအတွက် ရည်မှန်းချက်က အဓိကပါ။

အေသင်ချိုဆွေက သူ့ကို ဝတယ်လို့ ပြောလာကြတဲ့အပေါ် အခုဆိုရင် စိတ်မဆိုးတေ့ာဘူးလို့ပြောပါတယ်။ လှတယ်၊ မလှဘူး သတ်မှတ် ချက်တွေ အပေါ် အာရုံမထားပဲ သမီးလေး Ivy အတွက် ဦးစားပေးနေတယ်လို့ ဆိုပါတယ်။

Photo: A Thin Cho Swe Fb

 

အဆိုတော် အေသင်ချိုဆွေက သူ့ကို ဝလာတယ်နော် လို့ ပြောတဲ့ စကားတွေကို တစ်ချိန်က အရမ်းမုန်းတဲ့ စကားလို့ ပြောဖူးပါတယ်။ အခုချိန်မှာတော့ ဘယ်လိုပြောပြော သူ စိတ်မဆိုးတော့ပါဘူးတဲ့။ ချစ်စရာကောင်းတဲ့ သမီးလေး Ivy ရဲ့ မေမေဖြစ်တာကြောင့် သမီးလေး အတွက် ရည်မှန်းချက်တွေရှိနေပြီလို့ ပြောပါတယ်။

''ကျွန်မကို အခုချိန်မှာ ဟယ်ဝလိုက်တာလို့ပြောလဲ။ စိတ်မဆိုးတော့ဘူး၊ ဘယ်လို့လဲဆိုတော့ ကျမမှာ အရမ်းချစ်စရာကောင်းတဲ့ သမီးလေး လည်း ရှိနေပြီ ၊ ကျွန်မမှာ သူ့အတွက်ရည်မှန်းချက်ပန်းတိုင်တစ်ခုလည်းရှိနေပြီ၊ မဖြစ်ဖြစ် အောင်လုပ်ဖို့ လဲဆုံးဖြတ်ထားတယ်၊ အခုမှ ကျွန်မ နေရထိုင်ရတာ ပေါ့ပါးလန်းဆန်းသွားတယ်'' လို့ ဆိုပါတယ်။

 

အေသင်ချိုဆွေဟာ လှတယ်၊ မလှဘူး ဆိုပြီး အရေးမပါတဲ့ သတ်မှတ်ချက်တွေအပေါ် ဘာ စိတ်ခံစားချက်မှ မရှိပါဘူးတဲ့။ သူ ဘယ်လို နေနေ သူ့ကို ချစ်တဲ့သူတွေ ရှိတာကြောင့် အရမ်းကံကောင်းတယ် လို့လည်း စက်တင်ဘာလ ၁၉ ရက်နေ့ နေ ၅ နာရီ မိနစ် ၄၀ က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။

''ဝတယ်၊ မလှဘူး ၊ရုပ်ဆိုး လိုက်တာ၊ ဆိုတာတွေက တကယ်တော့ အပေါ်ယံတွေပါ။ ဘဝမှာ အဲ့ဒီ သတ်မှတ်ချက်တွေထက် အရေးပါတာတွေ ကျွန်မ လုပ်ရဦးမယ်။ နောက်ပြီး ကျွန်မ ဘယ်လိုနေနေ ဝ ဝ ၊ ပိန် ပိန် ကျမကို ချစ်တဲ့ ချစ်သူတွေလဲ အများကြီးရှိနေတယ်၊ ကဲ ကျွန်မ ဘယ်လောက် ကံကောင်းလိုက်လဲပြော။ ချစ်တယ် နော် အားလုံးကို'' ဆိုပြီးတော့ ပြောပြခဲ့ပါတယ်။

Photo: A Thin Cho Swe Fb

မေမေ့ကို အပျောက်မခံတဲ့ သမီးလေးအကြောင်းပြောလာတဲ့ အေသင်ချိုဆွေ 

လက်ရှိမှာ Single Mother တစ်ယောက် အနေနဲ့ ဖြတ်သန်းနေရတဲ့အပေါ် အားပေးကြတဲ့ ပရိသတ်တွေ၊ အနုပညာ မောင်နှမ တွေ၊  အပေါင်းအသင်းတွေ ကိုလည်း အရမ်းချစ်တယ်လို့ ဆိုပါတယ်။ ဒါတွေကတော့ သူ့ရင်ထဲက လာတဲ့ စကားအစစ်အမှန်ပါလို့ ဆိုပါတယ်။

''ကျွန်မရဲ့ ဖြစ်တည်မှု လေးကို ချစ်ပေးကြတဲ့လက်ခံပေးကြတဲ့ အယောက်တိုင်း အားလုံးကို တကယ်ဘဲ အရမ်းကိုကျေးဇူးတင်တယ်။ ချစ်လည်း ချစ်တယ် ဒါရင်ဘတ်က စကားပါ'' ဆိုပြီးတော့လည်း ဆက်လက်ရေးသားထားပါသေးတယ်။ သူ့ရဲ့ သမီးလေး Ivy ကတော့ သြဂုတ်လ ၂၈ ရက်နေ့က တစ်နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။

 

အေသင်ချိုဆွေဟာ ပေါက်တဲ့အိုးဆိုတဲ့ စီးရီးခွေနဲ့ စတင်ကာ ပရိသတ်တွေကို ရင်းနှီးစေခဲ့တာ ဖြစ်ပြီး အနီးဆုံးလူ နမ်းမှာလား၊ Play Boy  စတဲ့ တေးစီးရီးတွေသာမက အတွဲခွေများစွာပါ  ပါဝင်သီဆိုခဲ့ပြီး သရုပ်ဆောင်ဘက်မှာလည်း ပရိသတ် အားပေးမှုရရှိတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။

Share

Loading Next Article...
က္က