အားလုံး ပျော်ရွှင်နေကြပါတယ်။

ပြေတီဦးက '' တရားလား'' ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကွင်းနောက်ဆုံးနေ့မှာတော့ ပါဝင်ကူညီခဲ့ကြတဲ့ စက်အဖွဲ့သားတွေကို မုန့်ဖိုးပေးခဲ့တယ် သိရပါတယ်။ ဇာတ်ကား ရိုက်ကူးနေချိန်မှာလည်း မုန့်ဖိုးတွေ ပေးခဲ့သေးတယ်လို့ ဆိုပါတယ်။



Photo: အိတုံ ဖေ့စ်ဘွတ်

 

သရုပ်ဆောင် အကယ်ဒမီပြေတီဦးတစ်ယောက် ''တရားလား'' ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးပြီးစီးသွားတဲ့အချိန်မှာတော့ စက်အဖွဲ့သားတွေ အတွက် မုန့်ဖိုးတွေ ပေးခဲ့တယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်ချစ်အနုပညာရှင်များစွာနဲ့ အောင်ပန်းမြို့မှာ ရိုက်ကူး ခဲ့တယ်လို့ သိရပါတယ်။

'' စက်အဖွဲ့တွေကိုမုန့်ဖိုးပေးနေတဲ့ချစ်ကိုကြီးပြေတီ ပျော်နေကြတဲ့စက်မူအဖွဲ့သားများ အပျော်တွေ ကူးစက်'' ဆိုပြီးတော့ ဇာတ်ပို့ သရုပ် ဆောင် အိတုံရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လည် ၁၂ နာရီ ၄၅ မိနစ်ကျော်က တင်ခဲ့တာဖြစ်ပါတယ်။ ပြေတီဦး ပေးတဲ့ မုန့်ဖိုးကြောင့်လည်း အားလုံးက ပျော်ရွှင်နေကြတာဖြစ်ပါတယ်။

Photo: အိတုံ ဖေ့စ်ဘွတ်

 

စက်တင်ဘာလ ၂၅ ရက်နေ့တုန်းကလည်း  ဂေါက်ရိုက်တာနိုင်လို့ ဇာတ်ပို့တွေဖြစ်တဲ့ ယွန်းရွှေရည်၊ အိတုံ၊ မျိုးမျိုးခိုင်၊ ရဲလေးမ၊ နန္ဒကျော်စွာ တို့ကို မုန့်ဖိုးပေး ခဲ့တယ်လို့ သိရပါတယ်။ ဂေါက်ရိုက်တာ နိုင်တဲ့ဒေါ်လာတွေကို ပေးခဲ့တာ ဖြစ်တယ်ဆိုပြီး အိတုံက ပြောထားတာ တွေ့ ရပါတယ်။

အိမ်ထောင်ရှင်ဘဝမှာပဲခေါ်လို့ရတဲ့ နာမည်လေးပြောလိုက်တဲ့ ပြေတီဦး 

Photo: ပြေတီဦးဖေ့စ်ဘွတ်

 

ပြေတီဦးဟာ အပေးအကမ်း ရက်ရောတဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ရှုတင်မှာဆို အမြဲတမ်းလိုလို ကံစမ်းမဲတွေ ဖောက်ပေးတတ်သလို မုန့်ဖိုး တွေ လည်း ပေးတတ်သူပါ။ ရှုတင်အဖွဲ့သားတွေကို ကျောသားရင်သားမခွဲခြားပဲ အမြဲတမ်း ဖော်ဖော်ရွေရွေ ဆက်ဆံတတ်သလို အမြဲတမ်း စနောက်တတ်သူဖြစ်တာကြောင့် သူပါတဲ့ရိုက်ကွင်းဆိုရင် အရမ်းကို ပျော်စရာကောင်းလှပါတယ်။

Photo: အိတုံ ဖေ့စ်ဘွတ်

 

ပြေတီဦးက လက်ရှိမှာ ဒါရိုက်တာ ကျော်ဇော်လင်း(အတွေးပုံရိပ်) ရိုက်ကူးနေတဲ့ "တရားလား" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင် နေတာ ဖြစ်ပါတယ်။အဲ့ဒီဇာတ်ကားမှာ စိုးသူ၊ ပြေတီဦး၊ ဝတ်မှုံရွှေရည်၊ယွန်းရွှေရည်၊ အိတုံ၊ မျိုးမျိုးခိုင်၊ရဲလေးမတို့အပြင် အခြားသော အနုပညာရှင်များစွာနဲ့ ရှမ်းပြည်ဘက်မှာရိုက်ကူးနေတာ ဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က