အားလုံးက စိတ်မကောင်းဖြစ်နေကြတာပါ။

လူရွှင်တော် မန်းဝင်း ဆုံးသွားပြီဆိုတဲ့ အကြောင်းကို ပေ့ချ်တစ်ခုကနေ တင်လိုက်တာပါ။ အဲ့ဒီနောက် ပရိသတ်တွေကြားထဲ ဦးမန်းဝင်းသတင်း ဟာ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့ပါတယ်။

ဦးမန်းဝင်း Live လွှင့်ပြီးဖြေရှင်း



ဒီနေ့(စက်တင်ဘာ၃၀ရက်) မနက်ပိုင်း လူရွှင်တော် ဦးမန်းဝင်း ဆုံးသွားပြီဆိုတဲ့ သတင်းဟာ အွန်လိုင်းစာမျက်နှာပေါ်တွေမှာ ပြန့်လို့ နေခဲ့ပါ တယ်။ ပရိသတ်တွေကလည်း သူတို့ချစ်ရတဲ့ လူရွှင်တော်ကြီး တစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီ ဆိုတဲ့ အတွေးတွေနဲ့ စိတ်မကောင်းဖြစ်တဲ့ အကြောင်းတွေ ပြောထားကြတာလည်း တော်တော်များများတွေ့ရပါတယ်။

လူရွှင်တော် မန်းဝင်း ဆုံးသွားပြီဆိုတဲ့ အကြောင်းကို ပေ့ချ်တစ်ခုကနေ တင်လိုက်တာပါ။ အဲ့ဒီနောက် ပရိသတ်တွေကြားထဲ ဦးမန်းဝင်းသတင်း ဟာ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့ပါတယ်။

စက်တင်ဘာ(၃၀)မှာ သမီးဖြစ်သူနဲ့ရိုက်ထားသောပုံ

 

ဒါပေမယ့် လူရွှင်တော်ကြီး ဦးမန်းဝင်း သေဆုံးတယ်ဆိုတဲ့ သတင်းက အမှန်မဟုတ်ခဲ့ပါဘူး။ သမီးဖြစ်သူ ချမ်းသာမန်းဝင်းနဲ့ ကြည်ဖြူမန်းဝင်း တို့ဖေ့စ်ဘွတ်မှာ ဖခင်ဖြစ်သူ နေကောင်းကြောင်း ပြန်ပြီး ဖြေရှင်းပေးထားသလို ဖခင်နဲ့ ပတ်သက်ပြီး မဟုတ်မမှန်တင်တဲ့ သတင်းတွေကြောင့် စိတ်တိုလို့ နေတာကိုလည်း တွေ့ရပါတယ်။

"ငါ့မိဘနေထိုင်မကောင်းဖြစ်ပြီး နာတာရှည်ရောဂါခံစားနေရတဲ့အချိန်မှာ သေတယ်လို့ ခဏခဏတင်နေတဲ့ ပေ့ချ်တွေ နင်တို့မိဘတွေကို အသေ ဆိုး နဲ့သေကုန်ပြီလို့ ငါလည်းပြန်တင်ဦးမယ်။ နေဦး...၆၆.ဃတွေ ဘာတွေလုပ်မနေဘူး...Adminတွေရဲ့လိပ်စာကိုသိတဲ့နေ့က အိမ်ပေါ် တက်ပြီး ပါးတက်ရိုက်တဲ့နေ့ပဲ။ကျန်တာ ခွင့်လွှတ်လို့ရတယ်...ငါ့မိဘကျန်းမာရေးနဲ့ပါတ်သက်ရင်တော့ မရဘူး...ဒီထက်တောင် မိုက်ရိုင်းတတ် သေးတယ် ကျန်တဲ့အကောင့်ထဲကသူငယ်ချင်းတွေကို အားနာလို့ " ဆိုပြီး ကြည်ဖြူမန်းဝင်းရဲ့ ဖေ့စ်ဘွတ်မှာ စက်တင်ဘာ(၃၀) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

ဦးမန်းဝင်းဆုံးပြီဆိုတဲ့သတင်းများ

လူရွှင်တော်ကြီးဦးဝင်းနိုင်ဆီ သွားရောက်ခဲ့တဲ့ စည်ဖြိုး 

ဦးမန်းဝင်းရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ဦးမန်းဝင်းကိုယ်တိုင်က ယခုလို ပြောပြထားပါသေးတယ်။

"ဆုံးသွားပြီဆိုတာ မဟုတ်ပါဘူး။ ကျွန်တော် ဘာမှ မဖြစ်ပါဘူး။ ကျွန်တော်ဒီနေ့ ကျောက်ကပ်ဆေးမယ့်နေ့ပါ။ ပင်လုံမှာ။ (၁)နာရီကနေ(၅)နာရီအထိ ကျောက်ကပ်ဆေးမှာပါ။ အားလုံးကလည်း စိတ်မကောင်းလို့ ဖုန်းတွေ ဆက်မေးကြနဲ့ကောင်းရာသုဂတိ လာပါတို့ ဘာတို့ အကုန်လုံး ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြတယ်။ ကျွန်တော်မန်းဝင်း ဘာမှ မဖြစ်ပါဘူး။ နေကောင်းပါတယ်။ ကျွန်တော် ကျောက်ကပ် ဆေးနေတယ်။ ကျွန်တော်မျက်စိမျက်လုံးမမြင်တာရယ်.ဒါပဲ ခံစားနေရတာပါ။ လူက နေကောင်းပါတယ်။ အားလံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ အလှူရှင်တွေ ကျွန်တော်နေကောင်းပါတယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ်။ " ဆိုပြီး ဦးမန်းဝင်းရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ Live လွှင့်ပြီး ပြောပြခဲ့ပါတယ။်

 

ဦးမန်းဝင်းဟာ ကျောက်ကပ်ဝေဒနာခံစားနေရတာ နှစ်နဲ့ချီရှိနေပါပြီ။ အဆုတ်အားနည်းတဲ့အတွက် အောက်ဆီဂျင်က အမြဲအမြတ်ပေးနေရပြီး ကျောက်ကပ်လည်း နှစ်ရက်တစ်ကြိမ် ဆေးနေရကာ နေ့တိုင်းလိုလို ဆေးခန်းပြနေရတာ ဖြစ်ပါတယ်။ အခုလည်း မျက်လုံးမမြင်ရတာနဲ့ ကျောက်ကပ်ရောဂါခံစားနေရတာလွဲလို့ သူဘာမှ မဖြစ်ဘူးဆိုတဲ့အကြောင်း ပြောပြထားပါတယ်။

ပရိသတ်တွေကလည်း သူကိုယ်တိုင် Live လွှင့်ပြီးပြောပြခဲ့တဲ့အချိန်မှာ စိတ်သက်သာရာ ရသွားခဲ့ကြပါတယ်။ စိုးရိမ်ပေးတဲ့ ပရိသတ်များနဲ့ ဖုန်းဆက်ပြီး သတင်းလှမ်းမေးကြတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေအားလုံးကို  လည်း ကျေးဇူးတင်ကြောင်း ဆက်လက်ပြောပြ ထားပါသေး တယ်။

Share

Loading Next Article...
က္က