ဘယ်လောက်တောင် ကံကောင်းလဲ။

ဘဝမှာ တော်ရုံ ထီမထိုးခဲ့ဖူးတဲ့ သူမဟာ ထိုးလဲပေါက်မှာမဟုတ်ဘူးဆိုတဲ့ စိတ်နဲ့ ထီမထိုးဖြစ်ခဲ့တာ တော်တော့်ကို ကြာခဲ့ပြီတဲ့။ အောက်တို ဘာ (၃) ရက်နေ့မှာတော့ သွန်းဆက်ဆီကို ထီသည်ကောင်မလေးက (၁)သိန်းဆုပေါက် တယ်ဆိုပြီး ဖုန်းဝင်လာ တာကြောင့် သူမမှာ အံ့သြ နေရပါတယ်။


Photo : သွန်းဆက် FB

 

ဘန်ကောက်မှာ ရောက်နေတဲ့ သွန်းဆက်ဟာ ရန်ကုန်က ဆက်သွယ်လာတဲ့ ထီသည်ကောင်မလေးရဲ့ ဖုန်းကြောင့် အရမ်းကို အံ့သြခဲ့ရ ပါတယ် တဲ့။ ဘဝမှာ တော်ရုံ ထီမထိုးခဲ့ဖူးတဲ့ သူမဟာ ထိုးလဲပေါက်မှာမဟုတ်ဘူးဆိုတဲ့ စိတ်နဲ့ ထီမထိုးဖြစ်ခဲ့တာ တော်တော့်ကို ကြာခဲ့ပြီတဲ့။ အောက်တို ဘာ (၃) ရက်နေ့မှာတော့ သွန်းဆက်ဆီကို ထီသည်ကောင်မလေးက (၁)သိန်းဆုပေါက်တယ်ဆိုပြီး  ဖုန်းဝင်လာတာကြောင့် သူမမှာ အံ့သြ နေရပါတယ်။

Photo : သွန်းဆက် FB

 

"ဘန်ကောက်မှာရန်ကုန်ဖုန်းဝင်လာတယ်။ ထီသည်ကောင်မလေးက မသွန်းဆက်လားမသိဖူးတဲ့ သွန်းကလည်း ဟုတ်ပါတယ်ရှင့်။ ထီသည်ကောင်မလေးက အမ ထီပေါက်လို့တဲ့။ ရှင်    အမ လူမှားနေပီထင်တယ်လို့ ညီမဘယ်တုန်းကမှ ထီမထိုးထားဖူးလို့ ။အဲ့ဒါနဲ့ ထီသည်ကောင်မလေးကလည်း အမ ဒီနံပါတ် နဲ့ပေါက်နေတာတဲ့ တသိန်းဆိုလား( ဖုန်းလိုင်းကလဲသိပ်မကြည် / သိပ်မကြားရဖူး) ။အဲ့အချိန်မှာ အမေက  သမီးထီပေါက်တယ်ဟုတ်လား ။ဟုတ်အမေ - သမီးကိုလာစနေတာထင်တယ် / သမီးမှမထိုးတာပေါ့။ အဲ့ဒါ နင့်အဖေ လမ်းကြုံလို မျက်စိရှေ့တွေ့လို့ ထိုးလာပေးတာတဲ့။ သူကံစမ်းလာတာတဲ့ " ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြထားပါတယ်။

Photo : သွန်းဆက် FB

 

သူမထီမထိုးထားပေမယ့် သူမရဲ့ ဖခင်က သူမနာမည်နဲ့ ကံစမ်းလာတဲ့ ထီအုပ်ကနေ (၁)သိန်း ဆုပေါက်ခဲ့တာ ဖြစ်ပါတယ်။ သွန်းဆက် တစ်ယောက် ကံကောင်းနေတာကြောင့် ပျော်နေပါသေးတယ်။

"ငါလေး ကံကောင်းလာတယ်ကြည့်စမ်း   ကိုယ်တိုင်တောင် မထိုးပဲပေါက်တယ်... ကိုယ်တိုင် ထိုးရင် သိန်း တသောင်း တောင် ပေါက်မလား မသိဖူးရယ်    ကဲ .. နောက်ဆို ကံစမ်းမဲပုံးတွေလဲ နှိုက်တော့မယ်... ထီတွေရော အကုန်ထိုးတော့မယ်" ဆိုပြီး အောက်တိုဘာ(၃) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားပါတယ်။

Photo : သွန်းဆက် FB

သစ်တံခါးဆရာတော်ကျောင်းမှာ သုံးရက်တိုင်တိုင် အဓိဌာန်ဝင်ခဲ့တဲ့ သွန်းဆက် 

ပရိသတ်တွေကလည်း သူမထီပေါက်တာကြောင့် ပျော်နေကြပါတယ်။ မုန့်ဝယ်ကျွေးဖို့ တောင်းဆိုထားတဲ့ သူငယ်ချင်း ပရိသတ်တွေလည်း ရှိကြပါတယ်။ သွန်းဆက်ဟာ လက်ရှိမှာ မိခင်ဖြစ်သူနဲ့အတူ ဘန်ကောက်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ သူမဟာ ဇာတ်ကားရိုက်ကူးမှုတွေ နားထားတဲ့ အချိန်မှာ ဘာရေးဘက်ကို အားသွန်ခွန်စိုက် ကြိုးစားနေတာလည်း တွေ့ရပါတယ်။

 မိခင်နဲ့အတူူ သွန်းဆက်က မိခင်နဲ့အတူ ၂၀၁၇ခုနှစ်၊ စက်တင်ဘာ ၂၅ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏဘူမိခေမာရာမ သီလရှင်စာသင်တိုက် မိခင်နဲ့အတူ သီလရှင် ဝတ်ခဲ့ပါသေးတယ်။သူမကငယ်စဉ်ကတည်းက သီလရှင်ဝတ်ချင်ခဲ့တာဖြစ်ပြီး မနှစ်ကမှ သူမရဲ့ စိတ်ကူးကို အကောင် အထည်ဖော်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo : သွန်းဆက် FB

 

သူမကို ဟာသဇာတ်ကားတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ သွက်လည်းသွက် ခပ်စွာစွာကောင်မလေးတစ်ယောက်ကို ပရိသတ် တွေက အမြဲတမ်းသတိထားမိကြမှာပါ။ သွန်းဆက်က အခုဆိုရင် ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာလည်း ခေါင်းဆောင် မင်းသမီး အဖြစ်ပါဝင်ရိုက် ကူးနေတာဖြစ်ပါတယ်။ နောက်ထပ် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က