အလှူအတန်းဆိုရင် အားတက်သရော ဆောင်ရွက်တတ်သူလေးပါ။

ဟန်တီက ဧရာဝတီတိုင်း ဒေသကြီးမှာရှိတဲ့ အေး ရွာ မှာ မူလတန်းကျောင်းဆောက်နိုင်ဖို့ အလှူငွေ ကျပ် ၁၀ သိန်း လှူဒါန်း ခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟန်တီဟာ အလှူအတန်းတွေ နဲ့ ပရဟိတလုပ်ငန်းတွေမှာလည်း အားတက်သရော ဆောင်ရွက်လေ့ရှိပါတယ်။



Photo: မင်းကိုဖေ့စ်ဘွတ်

 

အလှမယ်လေး ဟန်တီကတော့ Miss World 2018 အလှမယ်ပြိုင်ပွဲကြီးအတွက် ကြိုစားပြင်ဆင်မှုတွေ လုပ်နေသလို ပရဟိတအလုပ်တွေ လည်း ဆောင်ရွက်နေတာကိုတွေ့ရပါတယ်။ အခုလည်း ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ အေး ရွာ မှာ မူလတန်းကျောင်းဆောက်လှူဖို့ အလှူငွေ ၁၀ သိန်းလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

'' အေးရွာမူလတန်းကျောင်းလေးဆောက်ဖို့အလှုငွေဆယ်သိန်းလှူဒါန်းပေးတဲ့2018 Miss Myanmar World အလှမယ်လေး ဟန်တီ့ အလှူ နတ်လူသာဓုခေါ်စေသော်။ဧရာဝတီတိုင်း အေး ရွာ ကမူလတန်းကျောင်းလေးဆောက်ဖို့ ခက်ခက်ခဲခဲသွားကာ အလှမယ်လေးဟန်တီက ငွေကျပ်ဆယ်သိန်း ကိုလှူဒါန်းပေးပြီးစာအုပ်များစာရေးကိရိယာများ မုန့်များအား ပျော်ရွှင်စွာမျှဝေပေးခဲ့ပါတယ်'' လို့ ဆိုပါတယ်။

Photo: မင်းကိုဖေ့စ်ဘွတ်

အလှူအတန်းတွေနဲ့ မွေးနေ့ကို ဖြတ်သန်းခဲ့တဲ့ ဟန်တီ 

ဟန်တီ ဟာ အလှူအတန်းတွေ နဲ့ ပတ်သက်ပြီး တကယ်ကို အားတက်သရော ဆောင်ရွက်တတ်သူ တစ်ဦးပါ။ မကြာခဏ ဆိုသလိုလည်း အလှူအတန်းတွေ ပြုလုပ်လေ့ရှိပါတယ်။ အဲ့ဒီနောက် ပညာရေးမှာ ထူးချွန်ပြီး စာသင်ကြားဖို့ အခက်အခဲ ရှိသူတွေကိုလည်း ထောက်ပံ့ လှူဒါန်း ပေးသေးတယ်လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

''အလှမယ်ဟန်တီလေးကနေရာအနှံ့ ကထူးချွန်တဲ့ကလေးတွေ ချို့တဲ့နေတဲ့ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေကို ဆက်တိုက် လှူဒါန်း မှု ပြုပေးနေပါတယ်'' ဆိုပြီးတော့ အနုပညာသစ်ပြတိုက်ဖောင်ဒေရှင်းက  တေးရေးမင်းကိုရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ အောက်တို ဘာလ ၅ရက်နေ့ နေ့လည် ၁၂ နာရီက သူ့ရဲ့ ဖေ့ဘွတ် မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: မင်းကိုဖေ့စ်ဘွတ်

 

ဟန်တီက သူ့ရဲ့ မွေးနေ့ရက် တိုင်းမှာလည်း အလှူအတန်းတွေ နှစ်တိုင်းပြုလုပ်လေ့ရှိပါတယ်။ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့က အသက် ၂၁ နှစ်ပြည့်ခဲ့တာဖြစ်ပြီး  အလိုတော်ပြည့်ကျောင်းတိုက်မှာအလှူအတန်းတွေ ကျင်းပပြုလုပ်ခဲ့ပါသေးတယ်။ အဲ့ဒီတုန်းကလည်း အနုပညာ မောင်နှမများ၊ သူငယ်ချင်းအပေါင်းအသင်းများနဲ့ We Love Han Thi အဖွဲ့ တို့ကလည်း တက်ရောက်အားပေးခဲ့ကြပါသေးတယ်။

Photo: မင်းကိုဖေ့စ်ဘွတ်

 

ဟန်တီဟာ မကြာခင်ကမှ Miss Myanmar World 2018 ရဲ့ Winner Crown ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာလ အတွင်းမှာ ကျင်းပ မယ့် Miss World 2018 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ရမှာပါ။ ဟန်တီက  Miss Supranational 2014 (Top 10 Final list)၊ Miss Supranational Asia & Oceania နဲ့ Miss Supranational Internet ဆုတို့ကိုလည်း ပိုင်ဆိုင်ရရှိထားသူပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က