ဒီကြားထဲက ဝေဖန်တိုက်ခိုက်ခံနေရတယ်။

အိစိကွေးဟာ သူ့ခွင့်ပြုချက်မရပဲ အင်တာဗျူးတွေကို တဆင့်ကူးယူဖော်ပြနေကြတဲ့ Page တွေမှာ ခေါင်းစဉ်အလွဲတွေ တပ်ပြီး တင် ခဲ့တာ တွေကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေခံနေရတယ်လို့ ဆိုပါတယ်။ ဒီအတွက်လည်း သူ့ရင်ထဲက ခံစားချက်တွေကို ရင်ဖွင့်ပြောပြထား ပါတယ်။

 

သရုပ်ဆောင် အိစိကွေးဟာ ခွင့်ပြုချက်ရပြီးသား မီဒီယာ အင်တာဗျူးတွေကနေတဆင့် နောက်ထပ် Page တွေကလည်း သူ့ရဲ့ အင်တာဗျူး တွေ ကို ပြန်လည်ကူးယူ ဖော်ပြခြင်းခံရတယ်လို့ဆိုပါတယ်။ အဲ့ဒါအပြင် အင်တာဗျူးအရေးအသား ခေါင်းစဉ်တပ်တဲ့ အခါမှာလည်း ပရိသတ် တွေ အမြင်လွဲမှုတွေရှိခဲ့တာကြောင့် ဝေဖန်ပြောဆိုခြင်းခံနေရတယ်လို့ ရင်ဖွင့်ပြောပြလာပါတယ်။

'' ကျွန်တော် ကြီးကျယ်တာတော့မဟုတ်ပါဘူး။ Interview တယ်ဆိုရင် ကြိုပြောကြတယ်။ ကျွန်တော် လည်း ကြည်ဖြူစွာ ကောင်းကောင်း ဖြေပေးတယ်။ တချို့page တွေက တစ်ဆင့်ယူပြီးပြန်တင်ကြတယ်။ ဒါပေမယ့် ခွင့်လည်းမတောင်း ဘာမှမပြောပဲ Caption အလွဲတွေနဲ့ တင်တယ်။ လူတွေကအကြောင်းအရင်းကို ဂရုမစိုက်ကြဘူး။ နောက်ဆုံးအပြောခံရလည်းကျွန်တော်ပဲ'' လို့ ပြောပြလာပါတယ်။

Photo: အိစိကွေးဖေ့စ်ဘွတ်

 

ရင့်ကျက်မှုမရှိသေးတဲ့ အချိန်မှာ ပြုလုပ်ခဲ့တဲ့ အမှားတွေရှိခဲ့တာကြောင့် အခုချိန်မှာ ကုသိုလ်ရေးတွေဆောင်ရွက်ရင်း အကောင်းမွန်ဆုံး ဖြစ်အောင် ကြိုးစားနေထိုင်နေတယ်လို့ဆိုပါတယ်။ ဒီလို ပြောဆိုဝေဖန်မှုတွေကြောင့်လည်း စိတ်ဖိစီးမှုတွေ ဖြစ်နေပြီဆိုပြီးတော့ အောက်တို ဘာလ ၇ ရက်နေ့ ညနေ ၂ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်။

''မှားခဲ့တာရှိလည်း တောင်းပန်ပါတယ်။ ရူးမိုက်တာတွေလည်း ရင့်ကျက်မှုမရှိတဲ့အရွယ် ၉ တန်း ၁၀ တန်းတုန်းက လုပ်ခဲ့ပြီးပြီ။ အဲ့တုန်း က ကိစ္စတွေလည်း ပြန်ပြန်မသယ်လာပါနဲ့တော့။ လူပဲ အမှားနဲ့မကင်းကြဘူး ။ အခုနောက်ပိုင်း ကုသိုလ်အရေး တွေ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး

ကိုယ့်မိသားစုအတွက် ရုန်းကန်ကြိုးစားနေတဲ့အချိန်ရောက်နေပြီ။ အမှားတွေထပ်မလုပ်မိအောင် ကြိုးစားနေတယ်။ ကိုယ့်မိသားစုအရေး

အလုပ်ကိစ္စ၊ ပညာရေးကိစ္စတွေနဲ့ Stress တွေများနေတဲ့အချိန်မှာထပ်ပြီး Stress ပိုပိုများလာအောင် မလုပ်ကြပါနဲ့တော့'' လို့ ဆိုပါတယ်။

အသက်(၉၀)ကျော် အမေကြီးအတွက် ခွဲစိတ်ကုသဖို့ ဆေးဖိုးသွားလှူခဲ့တဲ့ အိစိကွေး 

အိစိကွေးဟာ အသက် ၄ နှစ်ခွဲကတည်းက အနုပညာအလုပ်တွေ ဆောင်ရွက်လာတာဖြစ်ပါတယ်။ သူ့အနေနဲ့ အားပေးတဲ့ ပရိသတ်ရှိသလို ဝေဖန်တိုက်ခိုက်ကြတဲ့ ပရိသတ်တွေလည်းရှိတယ်လို့ဆိုပါတယ်။ ဝေဖန်တိုက်ခိုက်မှုတွေအပေါ်မှာလည်း အားတင်းခဲ့ရတာ များပေမယ့် အခုချိန်မှာတော့ အရမ်းပင်ပန်းနေပြီလို့ ဖွင့်ဟပြောပြခဲ့ပါတယ်။

''အရေးမကြီးပဲပြောလိုက်တဲ့စကားတွေက လူတစ်ယောက်အပေါ် ဘယ်လောက် ထိခိုက်နာကျင်စေလဲဆိုတာ ကိုယ်ချင်းစာပေးကြပါ။ ကျွန် တော် တကယ်ကို ပင်ပန်းနေပါပြီ။ ကျွန်တော့် အသက်အရွယ်နဲ့ ကျွန်တော်ခံစားနေရတာတွေမမျှပေမယ့် အားတင်း ထား ခဲ့တာများနေပါပြီ။ အာမို့ မေတ္တာရပ်ခံပါတယ် Depression ဝင်ပြီး မလုပ်သင့်တာတွေ မလုပ်မိအောင် ကြိုးစားနေတဲ့ အချိန်ကာလမို့ နားလည်ပေးကြပါ။ ကျေးဇူးတင်ပါတယ်''လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: အိစိကွေးဖေ့စ်ဘွတ်

 

ကလေးသရုပ်ဆောင်အရွယ်ကတည်းကနေ အနုပညာအလုပ်တွေ လုပ်လာတဲ့ အိစိကွေးကိုတော့ အခုချိန်ထိ ပရိသတ်တွေက အရမ်းကိုချစ်ခင် အားပေး လျှက်ရှိကြပါတယ်။ သူ့အနေနဲ့ အခုအရွယ်မှာ မော်ဒယ်လ်မင်းသားတွေလို အရပ်အမောင်း၊ ခန္ဓာကိုယ်အချိုးအစားတွေ မရှိပေမယ့် အိစိကွေး ကိုအားပေးကြတဲ့ ပရိသတ်တွေဟာ သရုပ်ဆောင်အရည်အချင်းကိုသာ အားပေးကြတာဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က