AD
AD
AD

ခိုင်နှင်းဝေက ''မျက်လုံးမှာ အလွမ်း နှုတ်ခမ်းမှာ မာန'' ဇာတ်လမ်းတွဲ ကန်တော့်ပွဲကို တက်ရောက်ရင်း တက်နိုင်သလောက် အလှူအတန်းတွေ လည်းလုပ်ခဲ့တယ်လို့ သိရပါတယ်။ မလှူရ မနေနိုင်အောင်ဖြစ်နေပြီလို့ ဆိုပါတယ်။

play
Photo: ခိုင်နှင်းဝေဖေ့စ်ဘွတ်

 

ပရဟိတမင်းသမီးချော ခိုင်နှင်းဝေက အနုပညာအလုပ်တွေ လုပ်နေရင်းနဲ့တောင် မရ ရတဲ့အချိန်မှာ အလှူအတန်းတွေ လုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ အောက်တိုဘာလ ၁၁ ရက်နေ့(ဒီနေ့) မနက်ပိုင်းမှာလည်း ''မျက်လုံးမှာ အလွမ်း နှုတ်ခမ်းမှာ မာန'' ရုပ်သံဇာတ်လမ်းတွဲ ကန်တော့် ပွဲလုပ်နေရင်းနဲ့တောင်  အလှူအတန်းတွေ လုပ်ခဲ့သေးတယ်လို့ ပြောပါတယ်။

'' ယနေ့ မနက် Forever Group မှစီစဉ်တင်ဆက်မယ့် ''မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာန " ဇာတ်လမ်းတွဲ ကန်တော့် ပွဲလေး မှာ ကန်တော့် ပွဲပေးရင်း ငါးစာလေးတွေကျွေးပြီး ဘုရား စောင်းက အလှူခံနေတဲ့ အဘွားတွေကိုလည်း အလှူငွေလေးတွေ ထည့်ဖြစ်ခဲ့တယ်။ တစ်ခါတလေ မင်းသမီး အနေနဲ့ အလုပ်လုပ်နေချိန်မှာလည်း ပရဟိတ သမားဆိုတော့ လှူ စရာလေးတွေမြင်ရင် မလှူရ မနေနိုင်ဖြစ်နေပြီ''  လို့ ဆိုပါတယ်။

play
Photo: ခိုင်နှင်းဝေဖေ့စ်ဘွတ်

 

ခိုင်နှင်းဝေဟာ သူဝါသနာပါတဲ့ အလုပ်တွေ အပေါ် တန်ဖိုးထားမြတ်နိုးတဲ့အတွက် ပရဟိတအလုပ်ဘက်မှာလည်း လှစ်ဟင်းတာမျိုး မရှိအောင် ဖြည့်ဆည်းပေးနိုင်သူဖြစ်ပါစေလို့ ဆုတောင်းခဲ့ပါသေးတယ်။

'' ကျွန်မ ဝါသနာ နှင့် တန်ဖိုးထားမြတ်နိုးတဲ့ အနုပညာအလုပ်တွေလုပ်ကိုင်နေရင်း လိုအပ်နေတဲ့ နေရာတွေမှာ တစ်ထောင့် တစ်နေရာကနေ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ လူသားတယောက် အနေနဲ့ တစ်သက်လုံး နေထိုင်သွားပါရစေ'' ဆိုပြီးတော့ အောက်တိုဘာလ ၁၁ ရက်နေ့ မနက် ၁၂ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာရေးသားခဲ့တာဖြစ်ပါတယ်။

 

play
Photo: ခိုင်နှင်းဝေဖေ့စ်ဘွတ်

 

ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရ ဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အတူတူမကြာခဏ အလှူအတန်း တွေသွားရောက် လုပ်ကိုင် ဆောင်ရွက် ပေး ဖြစ်တယ် လို့ သိရပါတယ်။

play
Photo: ခိုင်နှင်းဝေဖေ့စ်ဘွတ်

 

ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။ ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD