ပရိသတ်တွေကို Like, Share လုပ်ဖို့ တောင်းဆိုမှာ မဟုတ်ပါဘူး။
အလှမယ် ရွှေအိမ်စည်က Miss Supranational 2018 ပြိုင်ပွဲကြီးကို မကြာခင် သွားရောက် ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။ ဒီ ပြိုင်ပွဲမှာလည်း သူ့ ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ အကောင်းဆုံး ကြိုးစားခဲ့မယ် လို့လည်း ဆက်လက်ပြောပြထားပါသေးတယ်။

 

အလှမယ် ရွှေအိမ်စည်က ပိုလန်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Miss Supranational 2018 ပြိုင်ပွဲကြီးကို နိုဝင်ဘာလ အတွင်းမှာ သွားရောက် ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးမှာလည်း မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ အရည်အချင်းကို အကောင်းဆုံး ထုတ်ဖော်ပြသနိုင်ဖို့ သွားရောက်မှာဖြစ်တယ်လို့ ပြောပြထားပါတယ်။

'' အိမ်စည် Miss Supranational Pageant ကို သွားမယ့်ရည်ရွယ်ချက်က Crown ကြီးရပြီး နာမည်ကြီးဖို့အတွက် မဟုတ်ဘူး။ မြန်မာကို အ ကောင်းဆုံး ကိုယ်စားပြုနိုင်ဖို့ပဲ ရည်ရွယ်တယ်။ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ အရည်အချင်းကို အကောင်းဆုံး ထုတ်ဖော်ပြသဖို့ အတွက် ပဲ သွားရောက်မှာပါ။ အိမ်စည် Carrier မှာ အတိုင်းအတာတစ်ခု နေရာတစ်ခုရပြီး ရပ်တည်နေနိုုင်ပေမယ့် ဒီ Pageantry ကို ပြန်ဝင်လာ တာက လည်း အိမ်စည် ဝါသနာပါတဲ့အရာဖြစ်သလို Pageant Fan တွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက်ပါပဲ'' လို့ ဆိုပါတယ်။

Photo: Miss Golden Land Myanmar Page

 

ရွှေအိမ်စည်ဟာ Miss Supranational 2018 ပြိုင်ပွဲကြီးအတွက် သူ့ရဲ့ ပရိသတ်တွေကို Like & Share လုပ်ပေးဖို့ တောင်းဆိုတာတွေ မလုပ်ဘူး လို့ ဆိုပါတယ်။ ဆုပေးခြင်း မပေးခြင်းဆိုတာတွေကလည်း အဖွဲ့အစည်းများနဲ့ အကဲဖြတ် ဒိုင်တွေက ဆုံးဖြတ်မှာဖြစ်လို့ ကိုယ်ပိုင်အရည်အချင်း ကို အကောင်းဆုံး အသုံးချခဲ့မယ်လို့ ဆက်လက်ပြောပြထားပါတယ်။

'' ပြိုင်ပွဲအတွက် အိမ်စည့်ကို Vote ပေးကြပါဦးတို့၊ Like & Share လုပ်ပေးကြပါဦး ဆိုပြီး Fan တွေကို တောင်းဆိုတာတွေ လုပ်မှာမဟုတ်ဘူး ဆိုတာကိုလည်း ခုကတည်းက ကြိုတင်ပြီး အသိပေးထားချင်ပါတယ်။ ကြိုးစားမှုနဲ့ အရည်အချင်းကို အသိမှတ်ပြုရင် Fan တွေက အိမ်စည့်ကို အားပေးကြလိမ့်မယ်လို့ ယုံကြည်ထားပြီးသားပါ။Crown ယူခဲ့ပါမယ်တို့ ဆုတွေသယ်လာပါ့မယ်တို့ ကိုယ့်အပိုုင်းမဟုတ်တဲ့အရာတွေကို အာမခံချက်ပေးမှာ မဟုတ်ပါဘူး။ အိမ်စည့်ဘက်က အာမခံနိုုင်တာကတော့ နိုင်ငံအတွက် အကောင်းဆုံး ကိုယ်စားပြုခဲ့ပါမယ် ဆိုတာပါပဲ။

ကိုယ့်အပိုု်ုင်းကိုယ်ပဲ အာမခံနိုင်ပါတယ်'' လို့ ဆိုပါတယ်။

ပရိသတ်မျှော်လင့်တာ ဖြစ်လာဖို့ ကြိုးစားနေတယ်ဆိုတဲ့ ရွှေအိမ်စည် 

အကယ်၍ ရွှေအိမ်စည်သာ Miss Supranational 2018 ရဲ့ Winner ဆုရှင် ဖြစ်ခဲ့မယ် ဆိုရင် Miss Golden Land Myanmar Originazation နဲ့ ပူးပေါင်းပြီး ဒီ့ထက်ပို အောင်မြင်အောင် ကြိုးစားသွားမယ်လို့ဆိုပါတယ်။ ပရိသတ်တွေလည်း စိတ်မပျက်စေရဘူး လို့ အောက်တိုဘာလ ၁၇ ရက်နေ့ မနက် ၉ နာရီ ၄ မိနစ်က Miss Golden Land Myanmar ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

'' Crown ရခဲ့ရင် နိုင်ငံတကာအဖွဲ့အစည်းနဲ့ လက်တွဲလုပ်ဆောင်ခွင့်ရပြီး Supra Brand ကို အိမ်စည့်အနေနဲ့ အကောင်းဆုံး Promote လုပ်ပေးနိုင်လိမ့်မယ်။ ပြိုင်ပွဲမှာ အရည်အချင်းကို အသိမှတ်ပြုမခံခဲ့ရရင်လည်း Queen MGLM is Queen MGLM ပါပဲ။ ဒီထက် ပိုအောင်မြင် အောင် ကြိုးစားပြီး ပိုမိုတောက်ပတဲ့ အနာဂတ်တွေဟာ Queen MGLM အတွက် အမြဲရှိနေပါတယ်။ Fan တွေ စိတ်မပျက်စေရ၊ ရွှေအိမ်စည်'' ဆိုပြီးတော့ ရေးသားခဲ့တာပါ။

Photo: Miss Golden Land Myanmar Page

 

ရွှေအိမ်စည်ဟာ Miss Supranational 2018 ပြိုင်ပွဲကြီးကိုမြန်မာနိုင်ငံကိုယ်စားပြု အလှမယ် တစ်ယောက်အဖြစ် သွားရောက် ယှဉ်ပြိုင်ခွင့် ရမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးကိုတော့ နိုင်ငံပေါင်းများစွာတို့က အလှမယ် အသီးသီး တို့ကလည်း လာရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က