ဒီနေ့ မနက်မှာပဲ ကွယ်လွန်ခဲ့တာပါ။

မယ်လိုဒီတစ်ယောက် အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်းမှာ သူချစ်ရတဲ့ အဘိုးကို ဆုံးရှုံးလိုက်ရပြီလို့ ဆိုပါတယ်။ အဘိုးရဲ့ ဆုံးမ စကားတွေနဲ့ မမေ့မလျှော့ နေထိုင်သွားမယ်လို့ ဆိုပါတယ်။



Photo: မယ်လိုဒီဖေ့စ်ဘွတ်

 

သရုပ်ဆောင် မယ်လိုဒီတစ်ယောက် သူချစ်ရတဲ့ အဘိုးဖြစ်သူကို အောက်တိုဘာလ ၁၇ ရက်နေ့(ဒီနေ့ မနက်) မှာပဲ ဆုံးရှုံးလိုက်ရတယ်လို့ ဆိုပါတယ်။ ဒီအတွက်ကြောင့်လည်း သူ့ရဲ့ ဝမ်းနည်း ပူဆွေးမှု တွေနဲ့ အတူ အဘိုး နဲ့ အမှတ်တရ လေးတွေကို အခုလို ရင်ဖွင့်ပြောပြလာတာ ဖြစ်ပါတယ်။

'' အဘိုး နေကောင်းချိန်တုန်းကလဲ တွေ့တိုင်း စိတ်ချမ်းသာ စိတ်ပျော်ရတယ်။ ဗဟုသုတရစရာအကြောင်းတွေဝေမျှတယ်။ ဟာသလေးတွေ ပြော ပြီး စိတ်ပျော်စေတယ်။ နွေးထွေးတဲ့နှလုးံသားနဲ့ချစ်ခြင်းမေတ္တာတရားကြီးမားတယ်။ နေမကောင်းချိန်မှာလည်း အဘိုးကိုကြည့်ပြီး အများ ကြီးသင်ယူမိပါတယ်။ တစ်ဖက်သားအပေါ်ညှာတာပြီးဂရုဏာကြီးမားလှတဲ့စိတ်ထားကတော့ အံသြ လေးစားအတု ယူဖွယ်ကောင်း လှပါတယ်'' လို့ ဆိုပါတယ်။

Photo: မယ်လိုဒီဖေ့စ်ဘွတ်

 

သားသမီးတွေ၊ မြေးတွေကို အမြဲတမ်း ချစ်ခြင်းမေတ္တာအပြည့်၊ ပျော်ရွှင်မှု များစွာ ထားတတ်တဲ့ အဘိုးကို အောက်မေ့ သတိရနေတယ်လို့ ဆိုပါတယ်။ မယ်လိုဒီတို့ မိသားစုအပေါ်မှာလည်း ဆုံးမသွန်သင်ပေးတတ်တဲ့ အဘိုးရဲ့ စကားတွေကို လုံးဝ မမေ့ဘူး ဆိုတာကို အောက်တိုဘာ လ ၁၇ ရက်နေ့ မနက် ၉ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။

''အဘိုးရဲ့မေတ္တာဂရုဏာ ချစ်ခြင်းမေတ္တာ ကြီးမားလှပုံကိုသမီးတို့မိသားစု အမြဲအောက်မေ့သတိရပြီး အကျင့်သီလ ပိုကောင်းအောင် ကြိုးစား နေထိုင်ပါမယ်။ အဘိုးဆုံး မသလို တော်တည့်မှန်ကန်ရုံနဲ့ မကျေနပ်နဲ့ထူးချွန်ထက်မြက်ပြီး မြင့်မြတ်သောသူ ဖြစ်အောင်ကြိုးစားနေထိုင်နိုင်ဖို့ ကြိုးစားပါမယ်။ အဘိုးနေ့စဉ်တရားမှတ်ရင်း အာရုံပြုဆုတောင်း ပြည့်ပါစေ အဘိုးရေ။ အဘိုး ကောင်းရာသုဂတိလားပါစေ'' လို့ သူကဆိုပါ တယ်။

သားသမီးပျော်ရင် မိဘစိတ်ချမ်းသာတယ်ဆိုတဲ့ မယ်လိုဒီ 

Photo: မယ်လိုဒီဖေ့စ်ဘွတ်

 

မယ်လိုဒီမှာတော့ သစ္စာရှိပြီး အလုပ်ကြိုးစားတဲ့ ခင်ပွန်းရယ်၊ ချစ်စရာကောင်းတဲ့ သားလေးရယ် ပိုင်ဆိုင်ထားပါတယ်။ သားလေးကတော့ အခုဆိုရင် ၃ နှစ်ကျော်အရွယ်ရောက်နေပါပြီ။ မွေးကင်းစကလေးအရွယ်ကနေ ဒီနေ့ အချိန်ထိ အားပေးလာကြတဲ့ သိဒ္ဓိစစ်လေးရဲ့ ပရိသတ် တွေကလည်း တစ်နေ့ထက် တစ်နေ့ အချစ်ပိုလို့နေပါတယ်။

Photo: မယ်လိုဒီဖေ့စ်ဘွတ်

 

မယ်လိုဒီကိုချစ်တဲ့ ပရိသတ်တွေကလည်း သားလေးသိဒ္ဒိစစ်အပေါ် အချစ်တွေပိုခဲ့ ရပါသေးတယ်။ မယ်လိုဒီကတော့ အခုလက်ရှိမှာ ဗီဒီယို ဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း လက်ခံရိုက်ကူး နေပြီဖြစ်တယ်လို့ သိရပါတယ်။ သရုပ်ဆောင်မယ်လိုဒီနဲ့ သူ့ရဲ့ သားလေး သိဒ္ဓိ စစ်တို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ဓာတ်ပုံလေးတွေကို လူမှုကွန်ယက်စာ မျက်နှာပေါ်မှာ မကြာခဏ ဆိုသလို တင်လေ့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က