ဖခင်ဖြစ်သူ ကွယ်လွန်တာ တစ်လပြည့်ပါပြီတဲ့။

ပိုးကြာဖြူခင်က ဖခင် ကွယ်လွန်သွားတဲ့ တစ်လပြည့်အနေနဲ့ ကျောက်ကပ်သွေးသန့်စင် ဌာနနဲ့ ကျောက်ကပ်ရောဂါ လူနာတွေ အတွက် အလှူအတန်းတွေ လုပ်ခဲ့တယ်လို့ဆိုပါတယ်။ သူ့ဖခင်အားပေးတဲ့ အနုပညာအလုပ်တွေကိုလည်း ဒီ့ထက်ပို ကြိုးစားသွားမယ်လို့ဆိုပါတယ်။

Photo: ပိုးကြာဖြူခင်ဖေ့စ်ဘွတ်

 

သရုပ်ဆောင်ပိုးကြာဖြူခင် ဟာ သူ့ရဲ့ ဖခင်ကွယ်လွန်သွားတဲ့ တစ်လပြည့်အနေနဲ့ ဦးကျော်သူဦးဆောင်တဲ့ နာရေးကူညီမှုအသင်းက ကျောက်ကပ်သွေးသန့်စင် ဌာနနဲ့ ကျောက်ကပ်ရောဂါ လူနာတွေအတွက် အလှူအတန်းတွေ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ ဖခင်ဖြစ်သူ အတွက်လည်း ဆုတောင်းစကားဆိုခဲ့ပါတယ်။

'' ပါးကြီးဆုံးတာ တစ်လပြည့်လို့ နာရေးကူညီမှုအသင်းက ကျောက်ကပ်သွေးသန့်စင် ဌာနအတွက် အလှူငွေ သွားလှူဖြစ်ခဲ့ပါတယ် အကူညီ လိုအပ် နေတဲ့ ကျောက်ကပ်လူနာ နှစ်ဦးအတွက်လဲ သီးသန့် ဆေးကုသစရိတ် ကူညီထောက်ပံ့လှူဒါန်းပေးခဲ့ပါတယ် ပါးကြီး ကောင်းရာမွန်ရာ ရောက်ပါစေ'' ဆိုပြီးတော့ အောက်တိုဘာလ  ၁၇ ရက်နေ့ နေ့လည် ၁၂ နာရီ ၁၀ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: ပိုးကြာဖြူခင်ဖေ့စ်ဘွတ်

 

ပိုးကြာဖြူခင်ဟာ ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့တာကြောင့် အရမ်းကို စိတ်မကောင်းဖြစ်နေရတယ် လို့ ဆိုပါတယ်။ သူ့ရဲ့ ဖခင်က ပရိသတ်အားပေးမှုအများကြီးရရှိခဲ့တဲ့ မိုးကောင်ကင် အိပ်မက် ဇာတ်လမ်း တွဲကို သူ့ရဲ့ ဖခင်ဆီကလည်း အများကြီး အားပေးမှု ရရှိခဲ့ တယ်လို့ မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

'' အနုပညာအလုပ်ကို စလုပ်ဖြစ်တယ် ဆိုတာကလည်း ညီမအဖေ အားပေးလို့ပေါ့နော်။ အမေကကျတော့ ပညာရေးကိုပဲ ဦးစားပေးပြီး လုပ်စေချင်တယ်။ အဖေကတော့ ညီမကို အရမ်းအလိုလိုက်တယ်၊ သူကိုယ်တိုင်ကလည်း ငယ်ငယ်တုန်းက မင်းသားဖြစ်ချင်ခဲ့တာလေ။ အဲ့ဒီအတွက်ကြောင့်လည်း ညီမကို အားပေးခဲ့တာပါ'' လု့ိ ဆိုပါတယ်။

Photo: ပိုးကြာဖြူခင်ဖေ့စ်ဘွတ်

အနုပညာအလုပ်ကို နှစ်ဆပိုကြိုးစားသွားမယ့် ပိုးကြာဖြူခင် 

ပိုးကြာဖြူခင်ဟာ အခုဆိုရင်တော့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိလာတဲ့သူဖြစ်ပါတယ်။ လိုက်ဖက် တဲ့ ဇာတ်ရုပ်လေးတွေကြောင့်လည်း ပရိသတ်တွေရဲ့ အမြင်ကို စွဲစေနိုင်တဲ့ သူပါ။ သူဟာ ဖခင်ဖြစ်သူရဲ့ ဆုံးမ စကားတွေကြောင့် ဒီ့ထက်ပို တော်တဲ့သူဖြစ်အောင် ကြိုးစားမယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo: ပိုးကြာဖြူခင်ဖေ့စ်ဘွတ်

 

ပိုးကြာဖြူခင်ကိုတော့ ဝင်္ကဘာစံအိမ် ၊ မမသိမ့်နဲ့ အမွေဆိုင်အိမ်၊ ဥယျာဉ်မှူး ဖြစ်ဖူးချင်သည် စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ် စတင်သိ ရှိခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် မိုးကောင်ကင်အိမ်မက် ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမှု ပိုမိုရရှိခဲ့ပါပြီ။သူ့ရဲ့ အနုပညာ လှုပ်ရှားမှုအနေနဲ့ ကြော်ငြာရိုက်ကူးရေးတွေအပြင် ဇာတ်လမ်းတွဲတွေလည်းရိုက်ကူးနေရတယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က