ဒါရိုက်တာ မောင်ပြည့်ဝ(ပန်းဝေသီ)ဖြစ်ပါတယ်။

မျိုးစန္ဒီကျော်က ဆရာဖြစ်သူ ဒါရိုက်တာ မောင်ပြည့်ဝ(ပန်းဝေသီ)ကို သီတင်းကျွတ်ဂါရဝပြုခဲ့တယ်လို့ ဆိုပါတယ်။ မျိုးစန္ဒီကျော် ဟာ အနုပညာ အလုပ်တွေနဲ့ ၅ နှစ်တာ ဝေးကွာခဲ့ပြီးတဲ့နောက်မှာတော့ ပရိသတ်အရှေ့ကို သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပြန်လည်ရောက်လာတော့မှာ ဖြစ်ပါတယ်။

Photo: မျိုးစန္ဒီကျော်ဖေ့စ်ဘွတ်

 

သရုပ်ဆောင် မျိုးစန္ဒီကျော်က သူ့ရဲ့ လက်ဦးဆရာတစ်ဦးဖြစ်တဲ့ ဒါရိုက်တာ မောင်ပြည့်ဝ(ပန်းဝေသီ) ကို သီတင်းကျွတ်ဂါရဝပြု ခဲ့တယ် လို့ ဆိုပါတယ်။ ဒါရိုက်တာ မောင်ပြည့်ဝ(ပန်းဝေသီ)ဟာ မျိုးစန္ဒီကျော်အတွက်တော့ အနုပညာလောကထဲကို အောင်မြင်တဲ့သူတစ်ယောက်ဖြစ် အောင် လက်တွဲခေါ်လာတဲ့ ဆရာဖြစ်တယ်လို့ သိရပါတယ်။

''အနုပညာလောကထဲကိုစတင်ခေါ်ဆောင်ပြီးမျိုးစန္ဒီကျော်ဆိုတဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်အောင်မြေတောင်မြှောက်ပေးခဲ့တဲ့သမီးရဲ့လက်ဦး  ဆရာဦးပြည့်ဝ (ဒါရိုက်တာမောင်ပြည့်ဝ(ပန်းဝေသီ))ကိုသီတင်းကျွတ်ဂါဝရပြုကန်တော့ပါတယ်။ ဦးပြည့်ဝစိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အနုပညာအလုပ် တွေ အရင်လိုအရင်ကထက်ပိုမိုလုပ်ကိုင်အောင်မြင်ပါစေ။ဆရာသမားလက်ဆောင်ပြန်ပေးလိုက်တဲ့စာအုပ်ကိုလည်း သေချာ ဖတ်ပါ့မယ်။ ဦးပြည့်ဝပေးတဲ့ဆုတွေလည်းအမြန်ဆုံးပြည့်ရပါစေ'' ဆိုပြီးတော့ အောက်တိုဘာလ ၁၇ ရက်နေ့ ည ၁၀ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ် ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: မျိုးစန္ဒီကျော်ဖေ့စ်ဘွတ်

သမီးလေးနဲ့ မိသားစုအတွက် အလုပ်တွေ ပိုကြိုးစားမယ်ဆိုတဲ့ မျိုးစန္ဒီကျော် 

ဇာတ်ကားမရိုက်တာ လေးနှစ်ကျော် ငါးနှစ်လောက် ရှိနေပြီဖြစ်တဲ့ သရုပ်ဆောင်မျိုးစန္ဒီကျော်ကို မကြာခင် TV ဖန်သားပြင်ထက်မှာ ပြန်လည် မြင်တွေ့ရတော့မှာပါ။ တစ်ခေတ်တခါက အောင်မြင်ခဲ့တဲ့သူမဟာ အိမ်ထောင်ကျသွားပြီးနောက် အနုပညာအလုပ်တွေနဲ့ ဝေးကွာခဲ့ရတာပါ။ အခုတော့ သူမဟာ သမီးလေးနဲ့ မိသားစုအတွက် အရင်ကထက် အလုပ်တွေ ပိုပြိး ကြိုးစားတော့မယ်ဆိုပြီး ပြောထားတာတွေ့ရပါတယ်။

Photo: မျိုးစန္ဒီကျော်ဖေ့စ်ဘွတ်

 

မျိုးစန္ဒီကျော်ဟာ အောက်တိုဘာ(၁၈) ရက်နေ့မှာ ရွှေသံလွင် မီဒီယာက ထုတ်လုပ်ပြီး ဒါရိုက်တာ သစ္စာပိုင်စိုး ရိုက်ကူးမယ့် "ရှပ်4ချစ်သူ" ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ယင်းဇာတ်လမ်းတွဲမှာ မင်းသူ၊ ဇေယျ၊ စိုးရန်အောင်၊ မြတ်သူအောင်၊ ငြိမ်းသူအောင်၊ ပိုပိုနဲ့အတူ သူမက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Photo: မျိုးစန္ဒီကျော်ဖေ့စ်ဘွတ်

 

မျိုးစန္ဒီကျော်ဟာ အနုပညာအလုပ်တွေနဲ့ ကင်းကွာနေခဲ့တာ(၄)နှစ်ကျော်လောက် ရှိနေခဲ့ပြီး ဇာတ်ကားတွေ မရိုက်ကူးဖြစ်တာ ကတော့ (၅)နှစ်လောက်ရှိခဲ့ပါပြီ။ သူမက အနုပညာအလုပ်တွေနဲ့ ကင်းကွာနေပေမယ့် သမီးလေးကတော့ ကြော်ငြာတွေ ရိုက်ကူးဖြစ်နေတာလည်း တွေ့ရပါတယ်။

Share

Loading Next Article...
က္က