သတိရမိတယ်တဲ့။

မင်းသွေး စင်ကာပူ ရောက်ခဲ့စဉ်က ဓာတ်ပုံရိုက်ထားတဲ့ နေရာလေးမှာ သူလည်း ဓာတ်ပုံရိုက်ရင်းနဲ့ မင်းသွေးကို သတိရမိတယ်ဆိုပြီး ပြောထားတာပါ။



 

Myanmar Idol Season 2 ရဲ့ Winner အဆိုတော် သားငယ်က လက်ရှိမှာ စင်ကာပူ ရောက်နေတယ်လို့ သိရပါတယ်။ စင်ကာပူ ရောက်နေတဲ့ သားငယ်ဟာ မင်းသွေး စင်ကာပူ ရောက်ခဲ့စဉ်က ဓာတ်ပုံရိုက်ထားတဲ့ နေရာလေးမှာ သူလည်း ဓာတ်ပုံရိုက်ရင်းနဲ့ မင်းသွေးကို သတိရမိတယ်ဆိုပြီး ပြောထားတာလည်းတွေ့ရပါတယ်။ 

 

သားငယ်ဟာ မကြာခင်သေးခင်ကမှ ရုတ်တရက် ကွယ်လွန်သွားခဲ့တဲ့ မင်းသွေးနဲ့ အရမ်းကို ခင်မင်ခဲ့တဲ့ သူလည်း ဖြစ်ပါတယ်။ သားငယ်က မင်းသွေး၊ ညီမင်းခိုင်တို့နဲ့အတူ သီချင်းခွေထွက်ဖို့ စီစဉ်နေရင်း မင်းသွေးက ရုတ်တရက် ကွယ်လွန်သွားခဲ့တာ ဖြစ်တာကြောင့် သားငယ်တစ်ယောက် တော်တော့်ကို ခံစားခဲ့ရပါသေးတယ်။

 

သားငယ် Myanmar Idol ပြိုင်ပွဲဝင်စဉ်ကတည်း မင်းသွေးက သားငယ်ကိုအပြည့်အဝ အားပေးခဲ့တာပါ။ ပြိုင်ပွဲပြီးနောက်မှာလည်း သားငယ်နဲ့ မင်းသွေးတို့ဟာ အဆက်အသွယ်ရှိခဲ့ပြီး သီချင်းခွေထွက်ဖို့အထိတောင် အတူတူလုပ်နေခဲ့ပါသေးတယ်။ အခုလည်း စင်ကာပူကို ရောက်နေတဲ့ သားငယ်ဟာ မင်းသွေး နောက်ဆုံး ဓာတ်ပုံရိုက်ခဲ့တဲ့ နေရာလေးကို သွားရင်း မင်းသွေးကို သတိရခြင်းများ စွာနဲ့ ဓာတ်ပုံလေး ရိုက်ခဲ့တာပါ။

ဖြိုးမြတ်အောင်နဲ့ မောင်ချိုကို အားပေးစကားပြောခဲ့တဲ့ သားငယ် 

သားငယ်ဟာ လက်ရှိမှာလည်း ဖျော်ဖြေရေးတွေနဲ့ အချိန်ကုန်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင် ထားပါသေးတယ်။  မကြာခင်မှာ ရင်သွေးလေး ယူတော့မယ်လို့ ဆိုပါတယ်။ ဝဝကစ်ကစ်ကလေးလေး လိုချင်နေပြီဖြစ်တဲ့ သားငယ်တဲ့ ဂျူနီယာ သားငယ်လေးတစ်ယောက် လိုချင်နေပြီလို့ ဆက်လက်ဖြေဆိုခဲ့ပါသေးတယ။်

အဆိုတော် သားငယ်တို့ဇနီးမောင်နှံဟာ ပရိသတ်ချစ်ခင်မှု ရရှိထားသူလည်း ဖြစ်ပါတယ်။သားငယ်ဟာ သူဝါသနာပါရာ အနုပညာ အလုပ်နဲ့ ရပ်တည်နေတဲ့ သူလည်း ဖြစ်ပါတယ်။ဝါသနာပါရာ ဂီတဘက်ကို လျှောက်လှမ်းရင်းနဲ့ မူရင်းအလုပ်ဖြစ်တဲ့ အကြော်ကြော် တဲ့ အလုပ်ကိုလည်း မစွန့်လွှတ်ပဲ အားရင် အားသလို သွားရောက်လုပ်ကိုင်ဖြစ်နေတာကို တွေ့ရပါတယ်။

 

သားငယ်ရဲ့ "လမ်းကလေး" လို့ နာမည်ပေးထားတဲ့ ပထမဆုံး တေးစီးရီးဟာလည်း ဖေဖော်ဝါရီ(၂) ရက်နေ့က ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ အဲ့ဒီအခွေလေးဟာ ပရိသတ်အားပေးမှု ရရှိခဲ့တာကိုလည်းတွေ့ရပါတယ်။ အခွေရောင်းရတဲ့ ငွေတွေထဲက အမြတ် အစွန်းများ ကိုလည်း သားငယ်ဖောင်ဒေးရှင်းကနေတစ်ဆင့် (ABD) ပရဟိတသွေးအလှူရှင်များအသင်းကို လှူဒါန်းနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုတော် သားငယ်ကိုတော့ Myanmar idol Season 2 ကနေ ပရိသတ်အားပေးမှုအများကြီးရရှိခဲ့တဲ့ အနုပညာရှင် တစ်ယောက်ဖြစ် ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က