ဒီတစ်ခေါက်မှာလည်း ခွေးရုပ်လေး ပေးခဲ့ပါတယ်။

ဒါရိုက်တာ မိုက်တီးကတော့ ၇ ကြိမ်မြောက် ရုံးချိန်းကို ရောက်ရှိလာချိန်မှာ သူ့ရဲ့ ညီမလေးတွေအတွက် ကိုယ်တိုင်ထိုးထားတဲ့ အရုပ်လေးတွေ လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ အစ်ကိုဖြစ်သူရဲ့ လက်ဆောင်လေးတွေက ချစ်ချစ်ဇော်တို့ ညီအစ်မ တွေအတွက် အင်အားတစ်ခု ဖြစ်စေတယ်လို့ ဆိုပါတယ်။

Photo: လင်းဇာနည်ဇော်ဖေ့စ်ဘွတ်

 

ဒါရိုက်တာ မိုက်တီးရဲ့ သတ္တမအကြိမ်မြောက် ရုံးချိန်းမှာ ညီမဖြစ်သူတွေအတွက် ကိုယ်တိုင်ထိုးထားတဲ့ ခွေးရုပ်လေးတွေ လက်ဆောင်ပေးခဲ့ တယ်လို့ သိရပါတယ်။ နှစ်ပတ်တစ်ခါ ရုံးချိန်းတွေ့တိုင်း အစ်ကိုဖြစ်သူအတွက် ခံစားနေရတဲ့ ခံစားချက်တွေအကြောင်းကိုလည်း အခုလို ပြောပြလာပါတယ်။

'' နှစ်ပတ်တစ်ခါ အစ်ကိုနဲ့တွေ့ဖြစ်ပါသည်။ နှစ်ပတ်တစ်ခါ ရင်ခုန်ရပါသည်။ ဝမ်းနည်းရပါသည်။ ကြေကွဲရပါသည်။ နှစ်ပတ်တစ်ခါ အစ်ကို့ ကို ဖက်နမ်းမိပါသည်။ ကိုယ်တိုင်ချက်တဲ့ ထမင်းဟင်း အစ်ကို့ ကိုခွံ့ကျွေးပါသည်။ အကိုပြောပြသည့်ထောင်ထဲမှ ဗဟုသုတများနားထောင်ရ

ပါသည်။ ကိုယ်သိလိုတဲ့အကြောင်းအရာတွေ အစ်ကို့ကိုမေးခွင့်ရပါသည်'' လို့ သူကဆိုပါတယ်။

Photo: လင်းဇာနည်ဇော်ဖေ့စ်ဘွတ်

 

မိုက်တီးဟာ တာမွေတရားရုံးမှာ ၆ ကြိမ်မြောက်ရုံးချိန်းကို ရောက်လာချိန်မှာတော့ ညီမတွေအတွက် သူကိုယ်တိုင်လုပ်ထားတဲ့ ပိုက်ဆံအိတ် လေးတွေကို လက်ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။ အစ်ကိုဖြစ်သူ ပေးတဲ့ လက်ဆောင်တွေကလည်း ညီမတွေ အားလုံးအတွက် အားအင် တစ်ခု ဖြစ်စေတယ်လို့ ဆက်လက်ပြောပြလာပါတယ်။

''ကိုယ့်ရင်တွေအစုံ ခုန်ဖို့၊ နှလုံးသားတွေကြေကွဲဖို့၊ အားအင်တွေချိနဲ့ဖို့၊ မျက်ရည်တွေ စီးဆင်းဖို့၊ မျှော်လင့်ချက်တွေပြည့်ဝဖို့ နှစ်ပတ်တစ်ခါ ပေါင်းများစွာကို စောင့်စားရင်း ဒီနေ့ကျရောက်တဲ့နှစ်ပတ်တစ်ခါလေးကတော့ ညီမတွေအတွက် ကြိုးကြိုးစားစား လုပ်ထားတဲ့ အစ်ကို့ လက်ဆောင်လေးတွေကို တစ်ယုတစ်ယ နှစ်သက်စွာ ရယူခဲ့ရတဲ့ ကြည်နူးဖွယ်ရာနှစ်ပါတ်တစ်ခါလေးပါပဲရှင်'' ဆိုပြီးတော့ အောက်တိုဘာလ ၂၀ရက်နေ့ မနက် ၁၂ နာရီ  ၁၂ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: လင်းဇာနည်ဇော်ဖေ့စ်ဘွတ်

ဘာပဲစားစား အစ်ကိုမိုက်တီးကိုသတိရတယ်ဆိုတဲ့ လင်းဇာနည်ဇော် 

သြဂုတ်လ ၁၆ ရက်နေ့ ည ၁၁ နာရီခွဲလောက် က ဒါရိုက်တာ မိုက်တီး ကို WY စိတ်ကြွဆေးပြားတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကသိရပါတယ်။  မူးယစ် ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ သန်းထွန်းဇော်(ခ)မိုက်တီးကို တာမွေမြို့ မ ရဲစခန်းက မယ(ပ)၂၉/၂၀၁၈ ၊ မူးယစ်ဆေးဝါး နှင့်စိတ်ကို ပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၆(ဂ) နဲ့ အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။

Photo: လင်းဇာနည်ဇော်ဖေ့စ်ဘွတ်

 

မိုက်တီးဟာ အောက်တိုဘာလ ၉ ရက်နေ့အထိကို တာမွေမြို့နယ်မှာရှိတဲ့ တာမွေတရားရုံးမှာပဲ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။ မိုက်တီး နဲ့ အတူ မိသားစုတွေအတွက်ကိုလည်း အနုပညာ ညီအစ်ကိုမောင်နှမတွေက စိတ်မကောင်းဖြစ်လို့နေပါတယ်။ မိုက်တီးရိုက်ကူးပုံဖော်ထားတဲ့ ရိုက်စားရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပြီး အောင်မြင်လျှက်ရှိတယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က