သရုပ်ဆောင်မင်းသွေး မျှော်လင့်ခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပါ။

ဒါရိုက်သာ သားညီရိုက်ကူးပြီး သရုပ်ဆောင် မင်းသွေးတစ်ယောက် အများကြီးမျှော်လင့်တောင့်တခဲ့ရတဲ့ သတ်ကွင်းရုပ်ရှင် ဇာတ်ကားကို ဒီဇင်ဘာလ အတွင်းမှာ ရုံတင်ပြသဖို့ ကျိန်းသေပြီလို့ ဆိုပါတယ်။ ဒီဇာတ်ကားကြီးကနေ ပေးချင်တဲ့ သင်ခန်းစာ တွေကိုလည်း မင်းသွေးက အခုလို ပြောပြခဲ့ဖူးပါတယ်။



Photo: သတ်ကွင်းပေ့ချ်

 

ဒါရိုက်တာ သားညီတစ်ယောက် သတ်ကွင်း ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ခွင့်ရပြီဆိုတဲ့သတင်းကို ကြေညာလိုက်ပြီဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ သားညီ ကိုယ်တိုင် ရိုက်ကူးထားတာဖြစ်သလို သရုပ်ဆောင် မင်းသွေးကိုယ်တိုင်ကလည်း အရမ်းကိုကြိုးစားခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

'' လမ်းပြကြီးဆမ်( Min Thway ) ရေ ။ သတ်ကွင်း က 14.12.2018 ရုံတင်ခွင့်ရပြီတဲ့ခင်ဗျား ဘာလို့ ခဏလေးမစောင့်လိုက်တာလဲဗျာ'' ဆိုပြီး တော့ အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လည် ၂ နာရီခွဲက သားညီရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ပါတယ်။ ဒီသတင်းကြောင့်လည်း ပရိသတ်တွေရော အနုပညာရှင်တွေရော ဝမ်းနည်း ဝမ်းသာ ဖြစ်လို့နေကြပါတယ်။

Photo: သတ်ကွင်းပေ့ချ်

 

သရုပ်ဆောင် မင်းသွေးကလည်း သတ်ကွင်းရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပေးချင်တဲ့ အသိတရားတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။ ငွေ ကြောင့် လူတွေကကောင်းတာ ကနေ ဆိုးလာ ကြတဲ့အပေါ်ငွေထက်တန်ဖိုးရှိတယ်ဆိုတဲ့ အရာတွေကို ပြသထားတဲ့ ဇာတ်ကားပါလို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

'''' သတ်ကွင်းရုပ်ရှင်ဇာတ်ကားထဲမှာက ကမ္ဘာပေါ်မှာ ဒုတိယဘုရားသခင်လို့သတ်မှတ်ထားကြတဲ့ငွေအကြောင်းပေါ့။ ငွေထက်အရေး ကြီးတဲ့ မေတ္တာတရားတွေရှိတယ်ဆိုတာကို ပြချင်တယ်။ ငွေကြောင့် လူတွေက ကောင်းတာကနေဆိုးလာကြမယ်။ ငွေထက်တန်ဖိုး ရှိတဲ့ အရာတွေ အများကြီးရှိတယ်၊ ငွေကြောင့်ပဲ ကိုယ်လွတ်ရုန်းတာကနေ ဆိုးလာတာကို ပြောပြချင်တဲ့ဇာတ်ကားပါ'' လို့ သူကဆိုပါတယ်။

Photo: မင်းသွေးဖေ့စ်ဘွတ်

 

သတ်ကွင်းရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင် မင်းသွေး၊ စည်ဖြိုး ၊နေရဲ၊ ထူးခြား တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဇင်ဝိုင်း၊နေတိုး၊သက်မွန်မြင့်နဲ့ ပိုင်ဖြိုးသု တို့က ဧည့်သည် သရုပ်ဆောင်အဖြစ်ပါဝင်ထားတယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီး ကို ဒါရိုက်တာသားညီက ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။

Photo: သတ်ကွင်းပေ့ချ်

 

ဒါရိုက်တာသားညီဟာ သရုပ်ဆောင်ဒွေး(ခ) ကိုသားကြီးရဲ့ ချစ်လှစွာသော ညီအရင်းတစ်ယောက်ဖြစ်ပါတယ်။ အရင်က သရုပ်ဆောင် အလုပ် တွေ ကိုလည်း အစ်ကိုဖြစ်သူနဲ့အတူ လက်တွဲအလုပ်လုပ်ခဲ့ပါသေးတယ်။ ဒွေးသေဆုံးသွားပြီးတဲ့နောက် သားညီကလည်း အနုပညာလောကနဲ့ အနည်းငယ် ဝေးကွာသွားခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က