တကယ်ကို ချစ်စရာကောင်းတဲ့ မိသားစုလေးပါ။

ချောရတနာက ခင်ပွန်းသည်ရဲ့ မွေးနေ့မှာ မိသားစုနဲ့ အတူ အလှူအတန်းတွေ လုပ်ဖြစ်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာ တော့ နားလည်မှု အပြည့်ပေးနိုင်တဲ့ ခင်ပွန်းရယ်၊ ချစ်စရာကောင်းတဲ့ သား နဲ့ သမီးလေး တို့ကိုလည်း ပိုင်ဆိုင်ထားသူဖြစ် ပါတယ်။

Photo: ချောရတနာဖေ့စ်ဘွတ်

 

သရုပ်ဆောင် ချောရတနာရဲ့ ခင်ပွန်းဖြစ်သူ ကိုကျော်လင်းရဲ့ မွေးနေ့ကတော့ အောက်တိုဘာလ ၂၇ ရက်နေ့မှာ ကျရောက်ခဲ့တာဖြစ်ပါတယ်။ မွေးနေ့မှာလည်း မိသားစုတွေ အတူတူ အလှူအတန်းတွေ လုပ်ဖြစ်ခဲ့တယ်ဆိုပြီးတော့ ချောရတနာက အခုလို ပြောပြထားတာ တွေ့ရပါတယ်။

'' ကျားကျား ရဲ့ရိုးရှင်းတဲ့မွေးနေ့ ပွဲအမှတ်တရ မနေ့ကဖြစ်သည်'' ဆိုပြီးတော့ အောက်တိုဘာလ ၂၈ ရက်နေ့ နေ့လည် ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် မိသားစုတွေနဲ့ အတူ အလှူအတန်း လုပ်ခဲ့ကြတဲ့ အမှတ်တရ ဓာတ်ပုံတွေကိုလည်း တင်ခဲ့တာကို တွေ့ရပါတယ်။

Photo: ချောရတနာဖေ့စ်ဘွတ်

 

သရုပ်ဆောင် ချောရတနာဟာ လက်ရှိမှာ အနုပညာအလုပ်တွေ နားထားပြီး မိသားစုကို အချိန်ပေးနေသူ ဖြစ်ပါတယ်။ သမီးငယ်လေးကို ၂၀၁၈ခုနှစ် မေလ(၁၂) ရက်နေ့က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။သမီးလေးကို ဝိတိုရိယဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပြီး ကလေးကော မိခင်ပါကျန်း ကျန်းမာမာရှိခဲ့ပါတယ်။

Photo: ချောရတနာဖေ့စ်ဘွတ်

မွေးနေ့မှာ မိသားစုနဲ့အတူ ပျော်ခဲ့တဲ့ ချောရတနာ 

ချောရတနာမှာတော့ ၃ နှစ်ကျော်ပြီဖြစ်တဲ့ သားကြီးလေး တစ်ယောက်ရှိပါသေးတယ်။ ချစ်စရာကောင်းလှတဲ့ သားနဲ့ သမီးကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ဦးလည်းဖြစ်ပါတယ်။ သူမကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေကတော့ အခုချိန်မှာ သူမရဲ့ ရင်သွေးလေးတွေကိုပါ ထပ်ပြီးတော့ အချစ် ပိုတိုးနေတာကိုလည်း တွေ့ရပါတယ်။

Photo: ချောရတနာဖေ့စ်ဘွတ်

 

အသားဖြူဖြူ၊ အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နဲ့ ချစ်စရာကောင်းခဲ့တဲ့ ချောရတနာကို တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေး ခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတာ အိမ်ထောင်မကျခင်အထိပါပဲ။ ချောရတနာဟာ ၂၀၁၅ ခုနှစ် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ဥ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က