တကယ်ကို စိတ်ထားကောင်းတဲ့ အနုပညာရှင်တစ်ယောက်ပါ။

အကယ်ဒမီအိန္ဒြာကျော်ဇင်က လက်ရှိရိုက်နေတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကရတဲ့ အနုပညာကြေးထဲက ငွေကျပ် သိန်း ၂၀ ကို အလှူ အတန်းလုပ် ခဲ့တယ်လို့ သိရပါတယ်။ သူမဟာ အနုပညာအလုပ်တွေလည်း လုပ်ဖြစ်နေသလို ချစ်ရတဲ့ သမီးနဲ့သားကိုလည်း ရင်အုပ်မကွာစောင့်ရှောက်နေ ရသူပါ။



Photo: အိန္ဒြာကျော်ဇင်ဖေ့စ်ဘွတ်

 

သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင်က လက်ရှိမှာ '' ဦးတိုးကြီးသား အလတ်ကောင်'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင် အကယ် ဒမီ နေတိုးနဲ့ တွဲဖက်ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားက ရလာတဲ့ အနုပညာကြေးထဲက ငွေကျပ် သိန်း ၂၀ ကို ပုပ္ပါးမြို့က ပြည်အောင်စံ ဘုန်းကြီးကျောင်းမှာ အလှူလုပ်ခဲ့တယ်လို့ သိရပါတယ်။

'' ပုပ္ပါးမြို့မှာရှိတဲ့ "ပြည်အောင်စံ"ဘုန်းကြီးကျောင်း မှာ သံဃာတော်တွေအတွက် ဆွမ်းချက်မယ့် မီးဖိုဆောင် ဆောက်လုပ်ဖို့ အလှူ ငွေ သိန်း၂၀လှူဒါန်းခဲ့ပါတယ်။ အခုရိုက်ခဲ့တဲ့ကားရိုက်လုပ်အားခထဲကလှူဒါန်းခဲ့တာပါ။ ချစ်သော ပရိသတ် များ အားလုံး သာဓု ခေါ်ဆိုနိုင် ပါစေနော်'' ဆိုပြီးတော့ အောက်တိုဘာလ ၃၁ ရက်နေ့ နေ့လည် ၁၂ နာရီ နီးပါးက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: အိန္ဒြာကျော်ဇင်ဖေ့စ်ဘွတ်

 

အိန္ဒြာကျော်ဇင်ဟာ သားသမီးတွေကို စောင့်ရှောက်ရင်း သူမဝါသနာပါရာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးလျက်ရှိတဲ့သူမဟာ ပြီးခဲ့သော လပိုင်းလောက်က "ဟစ်တိုင်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးလို့ ပြီးသွားခဲ့တာ ဖြစ်ပါတယ်။

Photo: အိန္ဒြာကျော်ဇင်ဖေ့စ်ဘွတ်

အိမ်ထောင်ရှင်ဘဝမှာပဲခေါ်လို့ရတဲ့ နာမည်လေးပြောလိုက်တဲ့ ပြေတီဦး

အိန္ဒြာကျော်ဇင်ဟာ ၁၉၉၆ တစ်ခုနှစ်ထဲမှာပဲ MISS KOKKINE & MISS CHRISTMAS ၂ဆုလုံး ရထားတဲ့ Miss ၁ ဦးဖြစ်ခဲ့ဖူးပါတယ်။ သူမဟာ အနုပညာလောကထဲမှာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် ခိုင်မာစွာ ရပ်တည်နေနိုင်သူ တစ်ဦးဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်" ရုပ်ရှင်ဇာတ်ကား၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ ဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့ သူပါ။

Photo: အိန္ဒြာကျော်ဇင်ဖေ့စ်ဘွတ်

 

အိန္ဒြာကျော်ဇင်ဟာ သရုပ်ဆောင်ပြေတီဦးနဲ့ ၂၀၁၁ခုနှစ် ဇန်နဝါရီ ၁ရက်နေ့မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ အိမ်ထောင် ၇ နှစ်ကျော် ၈ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ သူတို့မှာတော့ အသက် ၇ နှစ်အရွယ် ချစ်စရာကောင်းတဲ့ သမီးကြီး ပြေသုဒြာနဲ့ ချစ်စရာကောင်းတဲ့ သားငယ်လေး ပြေဓီရ တို့ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က