သူ့ရဲ့ ပီတိစကားသံကို ပြောပြခဲ့ပါတယ်။

နန်းမြတ်ဖြိုးသင်း တစ်ယောက် ထီပေါက်လို့ ဝမ်းသာနေပါတယ်တဲ့။ လက်ရှိမှာလည်း သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို လွယ် ထားတာ အခုဆို ၅ လထဲကို ရောက်နေပြီဖြစ်ပါတယ်။



Photo: နန်းမြတ်ဖြိုးသင်းဖေ့စ်ဘွတ်

 

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းက ပထမဆုံးအကြိမ် ထီပေါက်ခဲ့လို့ အရမ်းကို ဝမ်းသာနေတာ တွေ့ရပါတယ်။ သူမဟာ လက်ရှိမှာတော့ ပထမဆုံးရင်သွေးလေးကို လွယ်ထားရတာကြောင့် အနုပညာအလုပ်တွေနဲ့ ခဏ အနားယူထားရတယ်လို့ သိရပါတယ်။

'' ဘဝမှာတခါမှထီမပေါက်ဖူးတော့ ၅သောင်းဆုပေါက်လဲပျော်တယ်။ နောက်တစ်ခေါက် သိန်း၅ထောင်ဖြစ်ကွာ'' ဆိုပြီးတော့ နိုဝင်ဘာလ ၁ ရက်နေ့ နေ့လည် ၂ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ခဲ့ပါတယ်။ အဲ့ဒီနောက် သူ ထိုးခဲ့တဲ့ ထီလက်မှတ်လေးနဲ့ ၅ သောင်းဆု နံပတ် လေးကို တွဲ တင်ခဲ့တာကို တွေ့ရပါတယ်။

Photo: နန်းမြတ်ဖြိုးသင်းဖေ့စ်ဘွတ်

 

ကိုတာတာမျိုးနဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းတို့ရဲ့ ပထမဆုံး ရင်သွေးလေးက အခုဆိုရင် ၅ လထဲကို ရောက် နေပြီဖြစ်ပါတယ်။ Ultra sound ရိုက်တဲ့ အချိန်မှာ ရင်သွေးလေးရဲ့ နှလုံးခုန်သံကို ကြားရတာနဲ့တင် ရင်တွေခုန်ပြီး ပျော်နေခဲ့ရတယ်လို့ သူမက Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

"ရင်သွေးရှိတာကတော့ တစ်လလောက်ကတည်းက သိတာပေ့ါနော်။ အခုချိန်မှာတော့ ဆရာဝန်ညွှန်ကြား တဲ့ အတိုင်းနေတယ်။ Ultrasound ရိုက်လိုက်တော့ လူပုံစံလေးပေါ်တော့ တွေ့လိုက်တဲ့အချိန်မှာ ရင်ထဲမှာ ဘာနဲ့မှ မတူဘူး။ မျက်ရည်တောင်ဝဲတယ်။ ကိုယ့်ဆီမှာ လူလေး တစ် ယောက် ရှိနေတယ်၊ နှလုံးခုန်သံလည်း ကြားနေရပြီ။  အဲ့အသံက နားထောင်ရင်း ကိုယ်လည်း ရင်ခုန်တယ်။ " ဆိုပြီး စက်တင်ဘာ(၂၉) ရက်နေ့က ပြုလုပ်တဲ့ Clinque ဆိုင်ဖွင့်ပွဲမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

Photo: နန်းမြတ်ဖြိုးသင်းဖေ့စ်ဘွတ်

ကလေးလေးရဲ့ နှလုံးခုန်သံကြားရတာနဲ့တင် ရင်တွေခုန်ပြီး ပျော်နေတဲ့ နန်းမြတ်ဖြိုးသင်း 

နန်းမြတ်ဖြိုးသင်းတို့ရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲကိုတော့ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာ(၉)ရက်နေ့က ငွေဆောင်ကမ်းခြေမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး နိုဝင်ဘာ(၁၈)ရက်နေ့ မနက်ပိုင်းက သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ ကံကော်မြိုင်သာသနာ့ ရိပ် သာ ဘုန်းကြီးကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူကို ပြုလုပ်ခဲ့ပါတယ်။

Photo: နန်းမြတ်ဖြိုးသင်းဖေ့စ်ဘွတ်

 

မင်္ဂလာပွဲကိုတော့ နိုဝင်ဘာ၂၆ရက် က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး မင်္ဂလာည စာစားပွဲ ကိုတော့ ရန်ကုန် မြို့ အင်းလျားလိတ်ဟိုတယ်မှာ နိုဝင်ဘာ(၂၇)ရက်နေ့ညက ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နန်းမြတ်တစ်ယောက် ပွဲတွေ တက်နေရတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က