AD
AD
AD

နန္ဒာလှိုင်ကတော့ သူ့ရဲ့ အသက် ၄၄ နှစ်ပြည့် မွေးနေ့မှာ တတ်အားသလောက် အလှူအတန်းတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ တော့ သူမက သမီး ၃ ယောက်ကို ထိန်းကျောင်းရင်း အိမ်ထောင်ရှင်မကောင်းတစ်ယောက်အဖြစ် ရပ်တည် နေတာဖြစ်ပါတယ်။

play
Photo: နန္ဒာလှိုင်ဖေ့စ်ဘွတ်

 

သရုပ်ဆောင် အကယ်ဒမီ နန္ဒာလှိုင်ဟာ နိုဝင်ဘာလ ၂ ရက်နေ့(ဒီနေ့)မှာ ကျရောက်တဲ့ အသက် ၄၄ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်နဲ့ အလှူ အတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် မအားမလပ်ဖြစ်နေတာကြောင့် သူ့ရဲ့ ကိုယ်စား သွားရောက်လှူဒါန်းပေးခဲ့သူတွေကို ကျေးဇူးတင်စကားပြောခဲ့ပါတယ်။

'' အဖိုး၊ အဖွား တွေအတွက်စောင်နဲ့ missha ဆပ်ပြာရည်လှူဒါန်းပါတယ်။ မအားလပ်လို့ကိုယ်စားသွားလှူပေးခဲ့တဲ့ ကိုထွန်းဝင်းဟန်နဲ့ မဟာနန္ဒာအဖွဲ့အားလုံးကိုအထူးကျေးဇူးတင်ပါတယ်'' ဆိုပြီးတော့ နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၄ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

play
Photo: နန္ဒာလှိုင်ဖေ့စ်ဘွတ်

မွေးနေ့ အလှူကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှာရှိတဲ့ ရွှေသံလွင် ဘိုးဘွားရိပ်သာက အဘိုး၊ အဘွားတွေအတွက် အာဟာရပဒေသာပင် နဲ့ အထွေထွေရန်ပုံငွေတို့ကို စိုက်ထူလှူဒါန်းခဲ့တာဖြစ်ပါတယ်။ အလှူပစ္စည်းတန်ဖိုးပေါင်း ၅,၉၅၂,၀၀၀ ကျပ် ကျော်ရှိတယ်လို့ သိရပါတယ်။

 

အဲ့ဒီနောက် နန္ဒာလှိုင်ရဲ့ မွေးနေ့မှာလည်း ယောက္ခမဖြစ်သူက ပေးတဲ့ မွေးနေ့လက်ဆောင်ကြောင့် ပျော်ရွှင်နေတာကို တွေ့ရပါတယ်။ အဲ့ဒီလက်ဆောင်လေးကတော့ ရွှေတိဂုံစေတီတော်မြတ်ကြီး တစ်ကုန်းတော်လုံးအတွက် လျှပ်စစ်မီးအလှူတော် အဖြစ် ငွေကျပ် တစ်သောင်း ငါးထောင် လှူဒါန်းခဲ့တယ်ဆိုတာကို နိုဝင်ဘာလ ၂ ရက်နေ့ နေ့လည် ၂ နာရီခွဲက သူ့ဖေ့စ်ဘွတ်မှာ တင်ခဲ့ပါသေးတယ်။

play
Photo: နန္ဒာလှိုင်ဖေ့စ်ဘွတ်

 

အိမ်ထောင်ကျသွားပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို နားထားခဲ့တဲ့ နန္ဒာလှိုင်ကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ အိမ်ထောင်ပြုပြီးနောက် သမီးလေး ၃ ယောက်ကို ထိန်းရင်း အိမ်ရှင်မ ကောင်းတစ်ယောက်အဖြစ် သူမရဲ့ ဘဝကို တည်ဆောက် နေသူဖြစ်ပါတယ်။

play
Photo: နန္ဒာလှိုင်ဖေ့စ်ဘွတ်

 

အနုပညာလောကမှာ တစ်ချိန်က အောင်မြင်ခဲ့တဲ့ သူမဟာ ၁၉၉၈ခုနှစ်က ရွှေနန့်သာစံအိမ်နဲ့ အကောင်းဆုံးအမျိုး သမီးဇာတ်ပို့ဆုနဲ့ ၂၀၀၆ ခုနှစ်က တောင်တံမန်သစ္စာဇာတ်ကားနဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု  စတဲ့ အကယ်ဒမီရွှေစင်ဆုနှစ်ဆုကို ရရှိပိုင် ဆိုင်ခဲ့သူ တစ်ယောက် လည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD