မင်းသွေးရဲ့ ပရိသတ်တွေကတော့ ပျော်ရွှင်နေမှာပါ။

မင်းသွေး ပါဝင်သရုပ်ဆောင်ထားတဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာလ ၁၆ ရက်နေ့ကစပြီး စင်ကာပူနိုင်ငံမှာရော၊ မြန်မာနိုင်ငံမှာပါ တစ်ပြိုင်နက် ပြသသွားမယ်လို့ သိရပါတယ်။ မင်းသွေးတစ်ယောက် ဝမ်းသာနေမယ်လို့ ယုံကြည်ကြောင်း လည်း ကိုဝေမင်းမောင်က ပြောပြ ထားပါတယ်။



 

သရုပ်ဆောင် မင်းသွေးကိုယ်တိုင် ကြိုးစားအားထုတ်ခဲ့ရတဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ နိုဝင်ဘာလ ၁၆ ရက်နေ့က စပြီး မြန်မာနိုင်ငံ နဲ့ စင်ကာပူနိုင်ငံ တို့မှာ တစ်ပြိုက်နက်တည်း ပြသသွားမယ်ဆိုတာကို နိုဝင်ဘာလ ၃ ရက်နေ့က စပြီးသိခဲ့ရတယ်လို့ သိရပါတယ်။ မင်းသွေး သိရင် အရမ်းဝမ်းသာမယ်ဆိုတာ ယုံကြည်တဲ့ အကြောင်း ဒီဇာတ်ကားကို ထုတ်လုပ်သူ ကိုဝေမင်းမောင်က အခုလိုပြောပြထားပါတယ်။

'' မင်းသွေးရေ  နင့်ရဲ့ တစ်လပြည့်မှာ သတင်းကောင်းလေးရခဲ့တယ်။ ငါတို့အတွက် မှတ်တိုင်တခုအဖြစ် အမှတ်တရလေးဖြစ်ခဲ့ပါပြီ။ နင်သာရှိ ရင် ဆွေ့ဆွေ့ခုန်အောင် ပျော်နေမှာမြင်ယောင်သေးတယ်။ မြန်မာရုပ်ရှင်ဇာတ်ကားများထဲမှာ မြန်မာနိုင်ငံနှင့် စင်ကာပူ နှစ်နိုင်ငံ တစ်ပြိုင် နက် တည်း ပထမဦးဆုံးပြသနိုင်ခွင့်ကို မုန်းစွဲ ရုပ်ရှင်ဇာတ်ကား ကြီးမှ ရရှိခဲ့ပါပြီ။ စင်ကာပူနိုင်ငံရဲ့ နံပတ်(၁)အကောင်းဆုံးရုပ်ရှင် ရုံဖြစ်တဲ့ "Cathy” ရုပ်ရှင်ရုံကြီးများတွင် နိုဝင်ဘာ ၁၆ မှစတင်ပြီး ပြသသွား တော့မည်ဖြစ်ပါသည်'' လို့ ဆိုပါတယ်။

Photo: သြရသဖေ့စ်ဘွတ်

 

မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးကို မြန်မာနိုင်ငံ နဲ့ စင်ကာပူနိုင်ငံတို့မှာ တစ်ချိန်တည်းအတူတူ ပြသခွင့်ရတာကလည်း ပထမဆုံးအကြိမ်ဖြစ်တာ ကြောင့် စင်ကာပူနိုင်ငံမှာရှိတဲ့ မင်းသွေးရဲ့ မြန်မာပရိသတ်တွေကလည်း ပျော်ရွှင်နေကြပါတယ်။ ဒီကျေးဇူးတွေကိုလည်း မမေ့တဲ့အကြောင်း ကိုဝေမင်းမောင်က ဆက်လက်ပြောပြထားပါတယ်။

''တောင်းဆိုမှုတွေများစွာ ပြုလုပ်ပေးခဲ့တဲ့ စင်ကာပူရှိ ရွှေမြန်မာပရိသတ်တွေရဲ့ ကျေးဇူးကို မုန်းစွဲ အဖွဲ့သားများမှ ထာဝရမှတ်ယူ ထားပါ့ မယ်။ သမိုင်းမှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့အတွက်လည်း ကျေနပ်ဝမ်းသာပီတိဖြစ်ရပါသည်။ Produced by 7th Sense Film Production '' ဆိုပြီးတော့ နိုဝင်ဘာလ ၃ ရက်နေ့ မနက် ၈ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

 

မုန်းစွဲ ရုပ်ရှင်ဇာတ်ကား ရိုက်ကွင်းပုံရိပ်များ  

မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေကလည်း အများကြီးရှိပါတယ်။ ဒီဇာတ်ကားကို 7th Sense Film Production က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ သြရသက ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားထဲမှာ သရုပ်ဆောင် နေတိုး(အကယ် ဒမီ)၊ ကျော်ကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေး(အကယ်ဒမီ)၊ အေးဝတ်ရည်သောင်းတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က