AD
AD
AD

နန်းမြတ်ဖြိုးသင်းက ပထမဆုံးရင်သွေးလေးက သားယောက်ျားလေးဆိုတာ သေချာသွားပြီလို့ ဆိုပါတယ်။ မျှော်လင့်နေခဲ့ရတဲ့ ရင်သွေးလေး ပိုင်ဆိုင်ခွင့်ရလာတာကြောင့်လည်း ပျော်ရွှင်မဆုံးဖြစ်လို့နေပါတယ်။

play
Photo: နန်းမြတ်ဖြိုးသင်းဖေ့စ်ဘွတ်

 

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း ရဲ့ ပထမဦးဆုံးလွယ်ထားရတဲ့ ရင်သွေးလေးကတော့ သားယောက်ျားလေး ဖြစ်တယ်လို့ သိရပါပြီ။ ဒီ့အတွက် လည်း သူမကိုယ်တိုင်က ပြောမပြတတ်အောင် ဝမ်းသာ ကြည်နူးနေတာကို တွေ့ရပါတယ်။ ဖခင်ဖြစ်သူနဲ့ ခင်ပွန်းဖြစ်သူတို့ လိုချင်တဲ့ သား ယောက်ျားလေး ရလို့လည်း ပိုဝမ်းသာတယ်လို့ သူ့ရဲ့ ခံစားချက်တွေကို ပြောပြထားပါတယ်။

'' ချစ်ရတဲ့သူငယ်ချင်းတွေလုပ်ပေးတဲ့ gender reveal ချစ်တဲ့သူငယ်ချင်းတွေရှိတာဘဝကပေးတဲ့ဆုလဒ်ပါ။ ကျေးဇူးအများကြီး တင်ပါတယ်။ အရမ်းရင်ခုန်လို့လက်တွေလဲတုန် ကြည့်လဲမကြည့်ရဲဘူး။ ယောက်ျားနဲ့အဖေလိုချင်နေ တဲ့သားယောက်ျားလေး မွေးပေးချင်တာ ခုတော့ ဆန္ဒတွေလဲပြည့်ပြီ'' ဆိုပြီးတော့ နိုဝင်ဘာလ ၇ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

play
Photo: နန်းမြတ်ဖြိုးသင်းဖေ့စ်ဘွတ်

 

နန်းမြတ်ဖြိုးသင်း ရင်သွေးလေး ရပြီလို့ ကြေညာလိုက်တဲ့ အချိန်မှာ သူငယ်ချင်းဖြစ်သူ နန်းသူဇာကတော့ အရမ်းကိုဝမ်းသာပျော်ရွှင်ခဲ့ရသူပါ။ နန်းမြတ်ရဲ့ ရင်သွေးလေးကိုလည်း အရမ်းကို မြင်ချင်နေပြီလို့လည်း Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

"ရင်သွေးလေး စရပြီလို့ ပြောတဲ့အချိန်မှာ ကိုယ်လည်း အရမ်းပျော်တယ်။သူ့ထက်ကိုက စိတ်လှုပ်ရှားနေတယ်။ သူ့ကိုတွေ့ရင် ဗိုက်ကလေး ကို ကိုင်ဖြစ်တယ်။ အားကျတာတော့ မဟုတ်ဘူး ချစ်တာ။ နန်းမြတ်ဆိုလည်း သူ့ရဲ့ ဗိုက်ကြီးတဲ့ မှတ်တမ်း လေးတွေ ကြည့်ပြီး မွေးလာရင် လည်း ဘယ်လိုတွေ အသည်းယားပြီး ဘယ်လိုရုပ်လေး ထွက်လာမလဲဆိုတာ အရမ်းသိချင်နေပြီ " လို့ အောက်တိုဘာ(၁၄) ရက်နေ့က ပြုလုပ်ခဲ့တဲ့ Aroma ပွဲမှာ Duwun Media ကို ဖြေဆိုပေးခဲ့တာပါ။

 

play
Photo: နန်းမြတ်ဖြိုးသင်းဖေ့စ်ဘွတ်

 

နန်းမြတ်ဖြိုးသင်းနဲ့ ကိုတာတာမျိုးတို့ရဲ့ ပထမဆုံးရင်သွေးလေးက အခုဆိုရင် ၅ လထဲကို ရောက် နေပြီဖြစ်ပါတယ်။ Ultrasound ရိုက်တဲ့ အချိန်မှာ ရင်သွေးလေးရဲ့ နှလုံးခုန်သံကို ကြားရတာနဲ့တင် ရင်တွေခုန်ပြီး ပျော်နေခဲ့ရတယ်လို့ သူမက Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

"ရင်သွေးရှိတာကတော့ တစ်လလောက်ကတည်းက သိတာပေါ့နော်။ အခုချိန်မှာတော့ ဆရာဝန်ညွှန်ကြား တဲ့ အတိုင်းနေတယ်။ Ultrasound ရိုက်လိုက်တော့ လူပုံစံလေးပေါ်တော့ တွေ့လိုက်တဲ့အချိန်မှာ ရင်ထဲမှာ ဘာနဲ့မှ မတူဘူး။ မျက်ရည်တောင်ဝဲတယ်။ ကိုယ့်ဆီမှာ လူလေး တစ် ယောက် ရှိနေတယ်၊ နှလုံးခုန်သံလည်း ကြားနေရပြီ။  အဲ့အသံက နားထောင်ရင်း ကိုယ်လည်း ရင်ခုန်တယ်။ " ဆိုပြီး စက်တင်ဘာ(၂၉) ရက်နေ့က ပြုလုပ်တဲ့ Clinque ဆိုင်ဖွင့်ပွဲမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

play

 

နန်းမြတ်ဖြိုးသင်းတို့ရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲကိုတော့ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာ(၉)ရက်နေ့က ငွေဆောင်ကမ်းခြေမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး နိုဝင်ဘာ(၁၈)ရက်နေ့ မနက်ပိုင်းက သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ ကံကော်မြိုင်သာသနာ့ ရိပ် သာ ဘုန်းကြီးကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူကို ပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာပွဲကိုတော့ နိုဝင်ဘာ၂၆ရက် က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး မင်္ဂလာည စာစားပွဲ ကိုတော့ ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ နိုဝင်ဘာ(၂၇)ရက်နေ့ညက ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD