တကယ်ကို ချစ်စရာကောင်းတဲ့ မိသားစုလေးပါ။

အာဇာနည် နဲ့ ဝမ်းတို့ရဲ့ သားငယ်လေး ချစ်ချစ်တုန်ဟာ နိုဝင်ဘာလ ၁၀ ရက်နေ့တုန်းက အသက် ၁၀ လပြည့်ခဲ့ပြီလို့ သိရပါ တယ်။ သားလေး ဖစ်ဖစ်တုန် နဲ့ ချစ်ချစ်တုန် တို့က အခုလက်ရှိမှာ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ထားကြသူတွေ ဖြစ်ပါတယ်။

Photo: ဖစ်ဖစ် ချစ်ချစ် ဖေ့စ်ဘွတ်ပေ့ချ်

 

အဆိုတော် အာဇာနည် နဲ့ သရုပ်ဆောင် ဝမ်းတို့ရဲ့ သားငယ်လေး ချစ်ချစ်တုန်ကတော့ နိုဝင်ဘာလ ၁၀ ရက်နေ့က ၁၀လပြည့်ခဲ့တယ်လို့ သိရပါတယ်။ ၁၀လပြည့် အမှတ်တရ မွေးနေ့ အလှူကိုတော့ သစ်တံခါးကျောင်းတိုက်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

''ချစ်ချစ်တုန် ၁၀ လပြည့် သစ်တံခါးကျောင်း တွင်နေ့ဆွမ်း နှင့် စတုဒီသာ အလှူ'' ဆိုပြီးတော့ ဖစ်ဖစ် ချစ်ချစ် တို့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၁၀ နာရီကျော်က တင်ခဲ့တာဖြစ်ပါတယ်။ သားလေးရဲ့၁၀လပြည့် မွေးနေ့လေးမှာလည်း မိသားစုနဲ့ အတူ ပျော်ပျော် ရွှင်ရွှင်ဖြတ်သန်းခဲ့ကြပုံတွေကို ဝမ်းရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ နိုဝင်ဘာလ ၁၀ ရက်နေ့ည ၉ နာရီကျော်က တင်ခဲ့ပါတယ်။

Photo: ဝမ်း ဖေ့စ်ဘွတ်

 

အဆိုတော် အာဇာနည်နဲ့ သရုပ်ဆောင် မော်ဒယ် ဝမ်း တို့ဟာ ဒီနေ့(အောက်တိုဘာလ ၂၇ရက်နေ့)မှာပဲ မင်္ဂလာသက်တမ်း ၁၅ နှစ်ပြည့်ခဲ့ပြီ လို့ သိရပါတယ်။ မင်္ဂလာသက်တမ်း ၁၅ နှစ်ပြည့် အမှတ်တရ အနေနဲ့ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်မှာရှိတဲ့ ချမ်းမြေ့ရိပ်သာကျောင်းက သံဃာတော်များကို နေ့ဆွမ်းကပ် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Photo:ဖစ်ဖစ်ချစ်ချစ်ဖေ့စ်ဘွတ်ပေ့ချ်

၉ လပြည့်သွားပြီဆိုတဲ့ အာဇာနည်နဲ့ ဝမ်း တို့သားလေး ချစ်ချစ်တုန်  

အာဇာနည်နဲ့ ဝမ်းတို့ရဲ့ ဒုတိယမြောက်သားငယ်လေးဖြစ်တဲ့ ချစ်ချစ်တုန် ကတော့ အောက်တိုဘာလ ၁၀ ရက်နေ့က ၉ လပြည့်ခဲ့တာပါ။ အာဇာနည်ရဲ့ သားငယ်လေး ချစ်ချစ်တုန်ကိုတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ က ရန်ကုန်မြို့ ပန်းလှိုင်ဆေးရုံကြီးမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

Photo: ဝမ်း ဖေ့စ်ဘွတ်

 

သားနှစ်ယောက် ပိုင်ဆိုင်ခွင့်ရထားတဲ့ အာဇာနည်နဲ့ ဝမ်းတို့ကလည်း ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ သားကြီး ဖစ်ဖစ်တုန် ကလည်း ညီငယ် လေး ချစ်ချစ်တုန်ကို အရမ်းချစ်တယ်လို့ သိရပါတယ်။သားကြီး ဖစ်ဖစ်တုန် (ခ) ဉာဏ်ဘုန်းဇာနည်က အသက် ၈ နှစ်ရှိပြီဖြစ်ပြီး ဒုတိယတန်း တက်ရောက်နေပြီလို့ သိရပါတယ်။

Share

Loading Next Article...
က္က