ချစ်စရာကောင်းတဲ့ သမီးလေးအကြောင်းပြောထားပါသေးတယ်။

ကြာစိကတော့ သမီးလေးအတွက် နာမည်လှလှလေးတစ်ခုလောက် ရွေးချယ်ပေးကြဖို့ ပရိသတ်ကို တောင်းဆိုလိုက်ပါတယ်။ ချစ်စရာကောင်း တဲ့ သမီးလေး အကြောင်းကိုလည်း ပြောပြထားပါသေးတယ်။



Photo: ကြာစိဖေ့စ်ဘွတ်

 

ဟာသလူရွှင်တော် သရုပ်ဆောင် ကြာစိက သူ့ရဲ့ သမီးလေးအတွက် နာမည်လှလှလေး ရွေးပေးဖို့ ပရိသတ်ကို တောင်းဆိုလိုက်ပါတယ်။ သမီး လေးကိုတော့ လက်ရှိမှာ အိမ်ခေါ်နာမည် ချစ်နန်းစံ လို့ ခေါ်လျှက်ရှိတယ်လို့ သိရပါတယ်။

'' အချစ်ဆုံး တို့ရေ သမီး အမည်လေး ရွေးပေးပါအုံး ဝေ့။ အားလုံးအများကြိုက်တဲ့ အမည် ပေးချင်လို့ပါ ဝေ့'' ဆိုပြီးတော့ နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် နာမည်လှလှလေးတွေ အများကြီးကိုလည်း ပရိသတ် တွေကို ရွေးလို့ရအောင် ဓာတ်ပုံရိုက်တင်ခဲ့ပါသေးတယ်။

Photo: ကြာစိဖေ့စ်ဘွတ်

အနုပညာအလုပ်တွေသာမက စီးပွားရေးမှာလည်း ကြိုးစားမယ်ဆိုတဲ့ ကြာစိ

ဟာသလူရွှင်တော်၊ သရုပ်ဆောင်ကြာစိရဲ့ ဇနီးချောလေး ဆုဟန်နီဖြိုးဟာ စက်တင်ဘာလ ၂၄ ရက်နေ့ မနက်မှာပဲ တောင်ကြီးမှာရှိတဲ့ မြို့နယ် ဆေးရုံကြီးမှာ သမီးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့ သမီးငယ်လေးက ၇ ရက် သမီးလေးပဲ ရှိသေးပြီး မိခင်ရော၊ ကလေးပါ ကျန်းမာရေးကောင်းတယ်လို့ Duwun  Media ကနေ သီးသန့်ဖြေဆိုခဲ့ပါတယ်။

'' ကလေးကတော့ ကြည့်စရာမလိုပါဘူး ကျွန်တော်နဲ့ တူတာပေါ့။ စကားတွေလည်း ဝူးဝါး ဝူးဝါးနဲ့ ဘာတွေပြောနေမှန်း မသိဘူး။ တစ်နေ ကုန်ဆို အိပ်ပြီ။ ညဘက်တွေဆို မအိပ်ဘူး။ မိဘတွေက အိပ်နေရင် သူက မျက်လုံးလေး ပွင့်ပြီးတော့ ဟိုကြည့်၊ ဒီကြည့်နဲ့ ကိုယ်တွေလည်း မအိပ်ရ။ သူ့အမေရော၊ ကလေးရော ကျန်းမာရေး ကောင်းပါတယ်'' လို့ ဆိုပါတယ်။

Photo: ကြာစိဖေ့စ်ဘွတ်

 

ဒါပေမယ့် ကြာစိက မိသားစုနဲ့ ပတ်သက်တဲ့ ခံစားချက်တွေကိုတော့ မီဒီယာ တွေမှာ မဖြေချင်ဘူးလို့ သူကဆိုပါတယ်။ မိသားစု အကြောင်း ဖြေတဲ့ အခါမှာလည်း တခြား ပြောစရာတွေ ဖြစ်လာမှာကို စိုးရိမ်နေတယ်လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

'' အဲ့ဒီတုန်းကလည်း ဒီကကလေးကိုကျတော့ ပြောပြပြီး ရန်ကုန်က ကလေးတွေကျတော့ ပစ်ထားတယ်ဆိုပြီးတော့ မသိတဲ့ သူတွေက လျှောက် ပြောနေမှာ။ ကျွန်တော့်ရင်ထဲမှာ ပထမကလေးရော၊ အခုကလေးရော အတူတူပဲ။ အဲ့ဒါတွေကြောင့် မိသားစုနဲ့ ပတ်သက်တာတွေ မဖြေတာ။ အနုပညာနဲ့  ပတ်သက်တာတွေကိုပဲ ဖြေနေတာ'' လို့ သူကဆိုပါတယ်။

Photo: ကြာစိဖေ့စ်ဘွတ်

 

သရုပ်ဆောင်ကြာစိနဲ့ ဇနီးဖြစ်သူ ဆုဟန်နီဖြိုး တို့က ချစ်သူသက်တမ်း(၂)နှစ်ကျော်မှာ အိမ်ထောင်ပြုခဲ့တာပါ။ လူရွှင်တော် 5 Star အဖွဲ့ဝင် ကြာစိကတော့ ပရိသတ်အားပေးမှု ရရှိထားတဲ့ လူရွှင်တော် သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ကြာစိရဲ့ ဘဝအကြောင်းကို ရေးစပ်ထားတဲ့ သီချင်းဟာလည်း ပရိသတ်တွေကြား တော်တော်အောင်မြင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က