မိုးကျကထိန်လေးအတွက် ကြည်နူးနေကြတာပါ။

စိုးသူနဲ့ စိုးမြတ်နန္ဒာတို့က သူတို့ အရမ်းလှူချင်နေတဲ့ မိုးကျကထိန်အလှူလေးကို ပြုလုပ်လိုက်ရတဲ့အတွက် ဝမ်းသာနေကြ ပါ တယ်။ သူတို့ချစ်သူ နှစ်ယောက်က အခုဆိုရင် ချစ်သူသက်တမ်း ၅ နှစ်ကျော် ကြာပြီလို့ သိရပါတယ်။

Photo: soe myat nandar page

 

သရုပ်ဆောင် စိုးမြတ်နန္ဒာနဲ့ စိုးသူတို့က မိုးကျကထိန်လေး လှူချင်တဲ့ သူတို့ရဲ့ ဆန္ဒလေးပြည့်လို့ ဝမ်းသာနေကြပါတယ်။ ဒီလို လှူဖြစ်အောင် လို့လည်း စိုးမြတ်နန္ဒာကိုချစ်တဲ့ ပရိသတ်တွေ၊ စိုးသူကို ချစ်ကြတဲ့ ပရိသတ်တွေ စုပေါင်းပြီးတော့ လှူရမယ့်နေရာတွေကို ဝိုင်းဝန်းရှာဖွေပေး ခဲ့ကြတယ်လို့ စိုးမြတ်နန္ဒာက ပြောပါတယ်။

''မိုးကျကထိန် လေးလှူချင်တဲ့ ကိုယ်တွေ နှစ်ယောက်အတွက် အပင်ပန်းခံ၊ အလုပ်ပျက်ခံပြီး ကထိန်မရသေးတဲ့ကျောင်းကို ဝိုင်းဝန်းကူရှာ ပေးတဲ့၊ ကျိုက်ထို ထိ လဲ လိုက်ခဲ့ပေးတဲ့ Group က ချစ်သူတွေကို ကျေးဇူးတင်ပါကြောင်း။ ကျောင်း ရှာပုံတော်ခရီးကိုလိုက်ခဲ့ကြတဲ့၊ အစစ အရာရာကူညီပေးကြတဲ့ , လှူဒါန်းပေးကြတဲ့ Group နှစ်ခုလုံးမှ အဖွဲ့ဝင်များ''ကို အခုလိုကျေးဇူးတင်စကားပြောပြခဲ့ပါတယ်။

Photo: soe myat nandar page

ပိုးထည်ဆိုင်အတွက် မကြီးစိုးက နာမည်ရွေးပေးမှာလို့ ဆိုလိုက်တဲ့ စိုးမြတ်နန္ဒာ 

စိုးမြတ်နန္ဒာဟာ ဒီလို အလှူပြုလုပ်လိုက်ရတဲ့ ကုသိုလ်အပေါ်မှာလည်း ကျေနပ်ပီတိဖြစ်ခဲ့တာကိုတွေ့ရပါတယ်။ We Love လေးတွေအပြင် အစစအရာရာ ကူညီပေးခဲ့ကြတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကိုလည်း သူ့ရဲ့ ဖေ့ဘွတ်ပေ့ချ်ကနေတဆင့် နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

''ကျိုက်ထီးရိုး တောင်ပေါ်ကိုတက်ဖို့ အစစအရာရာအဆင်ပြေအောင်တာဝန်ယူပေးတဲ့ " ရိုးရိုးလေး ဟိုတယ်" ပိုင်ရှင် ဦးသိန်းနိုင် နှင့် ဝန်ထမ်း များ အားလုံးဘုရားပေါ်မှာ ဆုံတွေ့ခဲ့ကြသူများအားလုံး ကို ကျေးဇူး အထူး တင်ပါတယ်ရှင့်။ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံကြပါစေရှင်'' လို့ ဆက်လက်ပြောပြခဲ့တာကို တွေ့ရပါတယ်။

Photo: soe myat nandar page

 

အခုဆိုရင် သရုပ်ဆောင်စိုးသူနဲ့ စိုးမြတ်နန္ဒာတို့ဟာ ချစ်သူသက်တမ်း (၅) နှစ်ကျော်ထဲ ရောက်ရှိနေပြီဖြစ်ပါတယ်။စိုးသူနဲ့ စိုးမြတ်နန္ဒာ တို့ဟာ ခရီးတွေ အတူတူဆိုသလို သွားဖြစ်နေတာကို တွေ့ရပါတယ်။ သူတို့နှစ်ဦးဟာ အနုပညာလောကမှာ နေရာတစ်နေရာစီကို ခိုင်ခိုင် မာမာရရှိထားသူတွေလည်း ဖြစ်ပါတယ်။

Photo: soe myat nandar page

 

သားဖြစ်သူရဲ့ ဝေယျာဝစ္စတွေကို လုပ်ပေးရင်း မိခင်တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်နေတဲ့ သရုပ်ဆောင် စိုးမြတ်နန္ဒာ ကတော့ ဇာတ်ကား ရိုက်ကူးမှုတွေ နားထားတာကိုလည်း တွေ့ရပါတယ်။ မကြာခင်မှာလည်း စိုးသူရိုက်မယ့် ရုပ်ရှင်ဇာတ်ကားမှာ စိုးမြတ်နန္ဒာက တောက်တိုမယ်ရ ဝင်လုပ်ရဦးမယ်လို့ ပြောထားပါတယ်။

Share

Loading Next Article...
က္က