ရွှေပြည်သာမြို့နယ်မှာရှိတဲ့ ပဏ္ဍိတာရာမကျောင်းတိုက်မှာ အလှူပြုခဲ့တာပါ။

စမိုင်းလ်တို့ မိသားစုဟာ ရွှေပြည်သာမြို့နယ်မှာရှိတဲ့ ပဏ္ဍိတာရာမကျောင်းတိုက်မှာ မိတ်ဆွေတွေ၊ နောက်ထပ်မိသားစုဝင်တွေ၊ ပရိသတ်တွေ နဲ့အတူ ကထိန်အလှူပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။ သိပ်မကြာသေးခင်ကလည်း မိုင်းဖုန်းဆရာတော်ကြီးကို ကိုယ် တိုင်ကိုယ်ကျ အလှူပြုခွင့် ရခဲ့တယ်လို့ ဆိုပါတယ်။

Photo: စမိုင်းလ်ဖေ့စ်ဘွတ်

 

သရုပ်ဆောင် စမိုင်းလ် တို့ မိသားစုဟာ နိုဝင်ဘာလ ၂၁ ရက်နေ့က ရွှေပြည်သာမြို့နယ် ၅ ရပ်ကွက်မှာရှိတဲ့ ပဏ္ဍိတာရာမကျောင်းတိုက်မှာ ကထိန်အလှူပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီအလှူ မလုပ်ခင်ကတည်းက စမိုင်းလ်တစ်ယောက် သူ့ရဲ့ ကုသိုလ်ရေးအတွက် ပျော်ရွှင်ကြည်နူးနေ တာကို တွေ့ရပါတယ်။

'' မနက်ဖြန်ကထိန်အလှူနော် Smiley လေးတွေရွှေပြည်သာမှာရှိရင်လာခဲ့နော်။ ပဏ္ဍိတာရာမကျောင်း ရွှေပြည်သာ ၅ရပ်ကွက်၊ ရွှေပြည်သာ မြို့ဦးစေတီ နဲ့နီးတယ်တဲ့'' ဆိုပြီးတော့ နိုဝင်ဘာလ ၂၀  ရက်နေ့ ညကတည်းက ကြေညာခဲ့တာပါ။ ဒီ့အတွက်ကြောင့်လည်း နိုဝင်ဘာလ ၂၁ ရက်နေ့က ကထိန်အလှူမှာ သူ့ကိုချစ်တဲ့ ပရိသတ်တွေ၊ မိသားစုတွေက တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

Photo: စမိုင်းလ်ဖေ့စ်ဘွတ်

 

အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတတ်တဲ့ စမိုင်းလ်က ဘုန်းတန်ခိုးကြီးတဲ့ မိုင်းဖုန်းဆရာတော်ကြီးကို သင်္ကန်း နဝကမ အလှူကို ကိုယ်တိုင် ကိုယ်ကျ လှူဒါန်းခဲ့ရတာကြောင့် ပျော်ရွှင်ကြည်နူးခဲ့ရတယ်ဆိုတာကို နိုဝင်ဘာလ ၂၀ ရက်နေ့ ညကပဲ သူ့ရဲ့ ဖေ့စ်ဘွတ် မှာ ထပ်မံရေးသားခဲ့တာဖြစ်ပါတယ်။

'' မိုင်းဘုန်းဆရာတော်ဘုရားအား သင်္ကန်း နဝကမ္မဝတ္ထူငွေနဲ့ရွှေခေါင်းလောင်းလေးလှူခဲ့ရတာဝမ်းသာမဆုံးပါဘူး။ မိန်းမတွေဆို လုံးဝ အနားကပ် ခွင့်ထိခွင့်မရှိပေမဲ့မောင်ကိုယ်တိုင်လှူဒါန်းခဲ့ရတဲ့အတွက်ကျေနပ်ပါတယ်။ ဆရာတော်ဘုရားသက်တော်ရှည်ပါစေ'' လို့ ဆုတောင်း မေတ္တာပို့သခဲ့ပါတယ်။

ခင်ပွန်းနဲ့အတူ ဘဝကို ကြိုးစားရုန်းကန်ခဲ့ရပုံကို ပြောပြတဲ့ စမိုင်းလ် 

 

 

Photo: စမိုင်းလ်ဖေ့စ်ဘွတ်

 

သရုပ်ဆောင် စမိုင်းလ် ဟာ အခုချိန်မှာ ကိုယ်ပိုင်စီးပွားရေးတွေလည်း အများကြီးပိုင်ဆိုင်ထားသလို ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ ဒီလိုပိုင်ဆိုင်မှုတွေ ရှိလာနိုင်အောင်လည်း ခင်ပွန်းဖြစ်သူက အလုပ်ကြိုးစားသလို သူကိုယ်တိုင်ကလည်း အိမ်ထောင်မှုကို ထိန်းသိမ်းရတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာဖြေဆိုခဲ့ဖူးပါတယ်။

Photo: စမိုင်းလ်ဖေ့စ်ဘွတ်

 

သရုပ်ဆောင်စမိုင်းလ်ဟာ အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ အဲ့ဒီနောက် အလှူအတန်းတွေလည်း မကြာခဏဆိုသလို ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်ရွှင်စရာမိသားစုဘဝလေးကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က