ဒလမြို့နယ်၊ သပြေကုန်းကျေးရွာမှာ ပြုလုပ်ခဲ့တာပါ။

ခိုင်နှင်းဝေက ဒလမြို့နယ်၊ သပြေကုန်းကျေးရွာမှာရှိတဲ့ သာ့သနမုခ ဘုန်းတော်ကြီးကျောင်းမှာ ကထိန်အလှူပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီ အလှူမှာလည်း သူမတစ်ယောက် အရမ်းကိုဝမ်းသာပီတိဖြစ်လို့နေတာကို တွေ့ရပါတယ်။



Photo: ခိုင်နှင်းဝေ ဖေ့စ်ဘွတ်

 

သရုပ်ဆောင် ခိုင်နှင်းဝေက နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ တန်ဆောင်မုန်းလပြည့်နေ့ အမှတ်တရ အလှူအဖြစ် ဒလမြို့နယ်၊ သပြေကုန်းကျေးရွာမှာရှိတဲ့ သာ့သနမုခ ဘုန်းတော်ကြီးကျောင်းမှာ ကထိန်အလှူပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက် တစ်ရွာလုံးမှာရှိတဲ့ ပရိသတ် တွေကိုလည်း ထမင်း၊ဟင်း ဒါနပြုခဲ့တယ်လို့သိရပါတယ်။

'' တန်ဆောင်မုန်းလပြည့်နေ့ အခါသမယမှာ ဒလမြို့နယ် သပြေကုန်းကျေးရွာတွင် မဟာဘုံကထိန်လေးမှာ ညှက်သင်္ကန်းအပြည့်အစုံ ကထိန် ပိုက်ဆံပဒေသာပင် နှင့် ရွာလုံးကျွတ် စတုဒိတာ ထမင်း,ဝက်သားတုံးကြီးလက်သီးဆုပ်သဏ္ဏန်,ငါးခြောက်ကြော်,ငါးပိကြော်,သီးစုံ ပဲကုလား ဟင်း များနှင့်ကျွေးမွေးခဲ့ပါတယ်ရှင်'' လို့ ဆိုပါတယ်။

Photo: ခိုင်နှင်းဝေ ဖေ့စ်ဘွတ်

 

ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရ ဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အတူတူမကြာခဏ အလှူအတန်း တွေသွားရောက် လုပ်ကိုင် ဆောင်ရွက်ပေး ဖြစ်နေ တယ် လို့ သိရပါတယ်။

Photo: ခိုင်နှင်းဝေ ဖေ့စ်ဘွတ်

ကျေးဇူးရှင်ဖြစ်သူအကယ်ဒမီရန်အောင်ကို ကန်တော့ခဲ့တဲ့ခိုင်နှင်းဝေ  

ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။ ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။

Photo: ခိုင်နှင်းဝေ ဖေ့စ်ဘွတ်

 

သရုပ်ဆောင် ခိုင်နှင်းဝေက အခုလက်ရှိမှာ ''တုနှိုင်းမရတဲ့ မေတ္တာ'' ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီ ဇာတ်လမ်းတွဲ ကို ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်က ရိုက်ကူးပုံဖော်နေတာပါ။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် ရန်အောင်၊ နေဒွေး၊ အိစိကွေး၊ မင်းခန့်ညီ၊ ခိုင်နှင်း ဝေ၊ ပိုးအိအိခန့်၊ စိုးမိုးကြည် နဲ့ ဝါဝါအောင် တို့က အဓိက ပါဝင်သရုပ်ဆောင်လျှက်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က