ဆောင်းပန်းချီ လို့ နာမည်ပေးထားပါတယ်တဲ့။

စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ရဲ့ကိုယ်ပိုင်ဒီဇိုင်းလေးတွေက အရမ်းကို ရောင်းအားကောင်းနေတယ် လို့ သိရပါ တယ်။ ဆောင်းရာသီအတွက်လည်း ဒီဇိုင်းအသစ် ထပ်ထွက်လာပြီလို့ စိုးမြတ်နန္ဒာက ပြောပါတယ်။


Photo: မင်းသမီး

 

သရုပ်ဆောင် စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ ဖွင့်လှစ်ထားတဲ့ မင်းသမီးပိုးထည်တိုက်က ဒီဇင်ဘာလ အစမှာပဲ ရောင်းအားကောင်းခဲ့တယ်ဆိုတာကို စိုးမြတ်နန္ဒာက အခုလိုပြောပြထားပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ဒီဇိုင်းလေးတွေကလည်း ပရိသတ်နဲ့ထပ်တူ ကျခဲ့တာကို တွေ့ရပါတယ်။

''ဒီဇင်ဘာရဲ့အဖွင့်ရက်လေးမှာ ဈေးဝယ်သူတွေအများကြီးလာတဲ့အတွက် အရမ်းပျော်။ နောက်ထပ်အသစ်တွေ ထပ်ထုတ်နိုင်အောင်ကြိုးစား ပါ့မယ်ရှင့်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၆ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

ကိုယ်ပိုင်ဒီဇိုင်းတွေ ရောင်းမလောက်ဖြစ်နေတဲ့ မင်းသမီးပိုးထည်တိုက် 

Photo: မင်းသမီး

 

အဲ့ဒီနောက် မင်းသမီးပိုးထည်တိုက်ကနေ ဆောင်းရာသီအတွက် ကိုယ်ပိုင်အထည်ဒီဇိုင်းလေးတွေကိုလည်း ထပ်ထုတ်ထားသေးတယ်လို့ မင်းသမီး ပိုးထည်တိုက် Page ကနေ ကြေညာခဲ့တာတွေ့ရပါတယ်။ ဒီဇိုင်းလေးကိုတော့ ဆောင်းပန်းချီလို့ နာမည်ပေးထားပါတယ်တဲ့။

" မင်းသမီး ပိုးထည်တိုက် " ရဲ့ Own Creation Design လေးတွေကို အရမ်းအားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။ ဒီဇင်ဘာလ ၁ ရက်နေ့မှာ " ဆောင်းပန်းချီ" ထမီလေးတွေကို အသစ်ထုတ်ပေးလိုက်ပါတယ်ရှင်။ ဒီနေ့ ဧည့်သည်များနေတဲ့အတွက် ဧည့်ဝတ်မကျေခဲ့တာ ရှိခဲ့ရင် တစ်ယောက်ချင်းစီတိုင်းကို တောင်းပန်ပါတယ်ရှင့်  နောက်ထပ် အသစ်အသစ်တွေ ထပ်ထုတ်နိုင်အောင်လဲ ကြိုးစားပါ့မယ်ရှင်'' လို့ ဆိုပါတယ်။

Photo: မင်းသမီး

 

မင်းသမီးပိုးထည်ဆိုင်ကို အောက်တိုဘာလအတွင်းက စတင်ဖွင့်လှစ်ခဲ့ တာဖြစ်ပါတယ်။ ဆိုင်ဖွင့်ပြီး သိပ်မကြာခင်မှာပဲ ဝယ်ယူအားပေးသူတွေ များခဲ့တာကြောင့် အောင်မြင်မှုတွေရရှိခဲ့တယ်လို့ စန္ဒီမြင့်လွင်က ပြောပါတယ်။ နောက်ထပ်လည်း ကိုယ်ပိုင်ဒီဇိုင်းတွေ ဆက်ထုတ်သွားဦးမယ် လို့ သူကဆိုပါတယ်။

'' ဆိုင်က ပစ္စည်းလေးတွေကလည်း ပြတ်ပြတ်တော့ ဒီးဒီတို့ ပစ္စည်းတွေ ထပ်ထပ် ထည့်ရတယ်။ ဒီးဒီတို့ တံဆိပ်နဲ့ မင်းသမီးက ပုဆိုးတွေ ထွက် ဖို့ရှိတယ်။ မင်းသမီးဆိုတဲ့ S4 ရဲ့ ကိုယ်ပိုင်ဒီဇိုင်းတွေလည်း ရောင်းရတာ ကုန်သွားတဲ့အတွက် ထပ်ပြီးတော့ လုပ်နေတယ်။ အများကြီးပဲ ထပ်လုပ် ဖြစ်ပါတယ်'' လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: မင်းသမီး

 

သားဖြစ်သူရဲ့ ဝေယျာဝစ္စတွေကို လုပ်ပေးရင်း မိခင်တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်နေတဲ့ သရုပ်ဆောင် စိုးမြတ်နန္ဒာ ကတော့ ဇာတ်ကား ရိုက်ကူးမှုတွေ နားထားတာကိုလည်း တွေ့ရပါတယ်။ မကြာခင်မှာလည်း စိုးသူရိုက်မယ့် ရုပ်ရှင်ဇာတ်ကားမှာ စိုးမြတ်နန္ဒာက တောက်တိုမယ်ရ ဝင်လုပ်ရဦးမယ်လို့ ပြောထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က