ဒီနေ့က မင်းသွေးဆုံးတာ (၂) လပြည့်တဲ့ နေ့ပါ။

ဒီနေ့(ဒီဇင်ဘာ၃ရက်)မှာ "သတ်ကွင်း" ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး မင်းသွေး ဖြစ်စေချင်တဲ့အတိုင်း ဖြစ်ဖို့ သားညီက ပြင်ဆင်လို့နေပါတယ်။

Photo : သားညီ FB

 

သရုပ်ဆောင် မင်းသွေး ကွယ်လွန်သွားခဲ့တာ (၂) လတိတိပြည့်လို့ သွားပါပြီ။ မင်းသွေးကွယ်လွန်တာ (၂) လပြည့်တဲ့နေ့မှာ သူကိုယ်တိုင် ပုံဖော်ခဲ့တဲ့ "သတ်ကွင်း " ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး သူဖြစ်ချင်တဲ့အတိုင်း ဖြစ်ဖို့ သားညီတစ်ယောက် စီစဉ်ပေးနေတာ တွေ့ရပါတယ်။

ဒီနေ့မှာ ပြုလုပ်တဲ့ "သတ်ကွင်း" ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းပွဲကိုလည်း မင်းသွေးလုပ်ချင်တဲ့အတိုင်း ပြင်ဆင်ထားတယ်လို့ သားညီရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားတာတွေ့ရပါတယ်။

Photo : သားညီ FB

 

"သတ်ကွင်း ကို ရုံရက်အတိအကျသိရတဲ့အခါကျရင် Story Book Studio မှာ မီဒီယာတွေဖိတ်မယ်... ပြီးရင် ဘောလုံးပွဲအတွက် မီဒီယာတွေကို အင်တာဗျူးဖြေသလိုမျိုး အဲ့လိုပွဲလေးလုပ်မယ်။ ဖြေမဲ့သူတွေက ရှေ့မှာထိုင်မယ်...မီဒီယာတွေက မေးကြပေါ့...မေးတဲ့သူရော ဖြေတဲ့သူရော အိနြေ္ဒရရနဲ့ပေါ့ဗျာ...အဲ့နေ့ကျမှ Trailer တင်မယ် တဲ့.အခု ရုံရက်လည်း သိရပြီ...ပြဖို့လည်း အားလုံး အဆင်သင့်ဖြစ်နေပြီ...ခင်ဗျား လုပ်ချင်တဲ့ ပွဲလေးခင်ဗျားမရှိတော့တာ နှစ်လပြည့်တဲ့နေ့ဒီနေ့လုပ်ကြမယ်.. ." ဆိုပြီး သားညီရဲ့ ဖေ့စ်ဘွတ်မှာ ဒီဇင်ဘာ(၃) ရက်နေ့ မနက်က ရေးသားထားတာတွေ့ရပါတယ်။

Photo : သားညီ FB

အပြင်ပုံစံနဲ့မတူတဲ့ မင်းသွေးရဲ့သရုပ်ဆောင်မှုကိုပြောလာတဲ့ သားညီ  

သတ်ကွင်း ရုပ်ရှင်ဇာတ်ကားအတွက် စာနယ်ဇင်း ရှင်းလင်းပွဲကို ဒီဇင်ဘာ(၃) ရက်နေ့မှာ မင်းသွေး ဖြစ်စေချင်တဲ့အတိုင်း Story Book မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ မင်းသွေးကို သတိရမိချိန်တိုင်း မငိုမိအောင် ကြိုးစားခဲ့ရတဲ့ သားညီဟာ သတ်ကွင်း ရုပ်ရှင်ဇာတ်ကား Press Show ပြသတဲ့ နေ့မှာတော့ မင်းသွေးအတွက် စုပြီး ငိုမယ်လို့ Duwun Media သို့ ပြောပြခဲ့ပါသေးတယ်။

"မင်းသွေးကို သတိရမိတဲ့အချိန်တွေမှာ မျက်ရည်မကျအောင်ထိန်းတယ်။ ကျွန်တော်မငိုသေးဘူး။ သတ်ကွင်း Press Show ပြတဲ့နေ့ ကျမှ ကျွန်တော်ငိုမယ်။ အဲ့နေ့ကျရင်တော့ စုပြီးငိုမယ်။ သူက (၇) ဂဏန်းကြိုက်တော့ ဒီဇင်ဘာ(၇) ရက်နေ့မှာ သတ်ကွင်း Press show လုပ်နိုင် အောင် ကြိုးစားနေပါတယ်။ အဓိက ဒီကားက သူပထမဆုံးနဲ့ နောက်ဆုံးရိုက်သွားတဲ့ ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ထားတာ ပထမဆုံး နဲ့ နောက်ဆုံးကားပါပဲ" လို့ နိုဝင်ဘာ(၁၁) ရက်နေ့က "အကြင်နာမြစ်ဖျား" ဇာတ်လမ်းတွဲ ကန်တော့ပွဲမှာ မီဒီယာတွေကို ပြောပြခဲ့တာပါ။

Photo : သားညီ FB

 

သတ်ကွင်း ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ သားညီ ကိုယ်တိုင် ရိုက်ကူးထားပြီး မင်းသွေး၊စည်ဖြိုး၊ နေရဲ၊ ထူးခြားတို့က အဓိက ပါဝင်သရုပ် ဆောင်ထားကြပါတယ်။ဒါရိုက်တာ သားညီကိုယ်တိုင် ရိုက်ကူးပြီး သရုပ်ဆောင် မင်းသွေးတစ်ယောက် မျှော်လင့်တောင့်တခဲ့ရတဲ့ "သတ်ကွင်း" ရုပ်ရှင်ဇာတ ်ကားကြီးဟာ ဒီဇင်ဘာ(၁၄) ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က