ပရိသတ်တွေကို စကားလက်ဆောင်ပါးလိုက်ပါသေးတယ်နော်။

ဟာသသရုပ်ဆောင် ကစ်ကစ်က အရေးပေါ်ကျန်းမာရေးအခြေအနေကနေ လွတ်မြောက်လာခဲ့ပြီလို့ ခင်သဇင်က ဝမ်းသာအားရ ပြောပြခဲ့ပါ တယ်။ ကစ်ကစ်ကိုယ်တိုင်ကလည်း ပရိသတ်တွေအားလုံးကို ဆုတောင်းမေတ္တာပို့သလျှက်ရှိတယ်လို့ ဆိုပါတယ်။





ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေးအခြေအနေကောင်းလာပြီလို့ သရုပ်ဆောင် ခင်သဇင်က ပြောပြခဲ့ပါတယ်။ အရေးပေါ် ကျန်းမာ ရေး အခြေအနေ တစ်ခုကို ဖြတ်သန်းလာနိုင်ခဲ့တာဖြစ်ပြီး အဆုတ်ရောဂါအခြေအနေကတော့ ကောင်းသွားပြီလို့ ခင်သဇင်က ဆိုပါတယ်။

'' ဒီနေ့ မကစ် ဆေးရုံတက်တာ တစ်လတိတိ ပြည့်တဲ့ နေ့ပါ။ ကျန်းမာလာတယ်တော့ မဟုတ်သေးပေမယ့် သေရမယ့် အချိန် တစ်ခုကိုတော့ ကျော်ဖြတ် နိုင်ခဲ့ပါပြီ။ အဆုတ်ပြသနာတော့ မရှိတော့ပါဘူူး။ နှလုံးကတော့ ပုံမှန် အလုပ်လုပ်ဖို့ ခက်နေသေးတဲ့ အတွက် အိပ်ပျော်နေချိန်တွေ မှာ မျောချင် သလို ဖြစ်ဖြစ် သွားတဲ့ အတွက် ဆရာဝန်ကတော့ သေချာ စောင့်ကြည့်ခိုင်းထားဆဲပါ'' လို့ ပြောပါတယ်။

ကစ်ကစ်ကိုလည်း ဂရုတစိုက်ရှိခဲ့ကြပါတယ်လို့ပြောလာတဲ့ ကြူကြူသင်း 

ကစ်ကစ်ဟာ သူ့ရဲ့ ကျန်းမာရေးအတွက် ငွေကြေးထောက်ပံ့ခဲ့သူများကို လည်း ဆုတောင်း မေတ္တာပို့သလျှက်ရှိတယ်လို့ ခင်သင်ဇင်က ပြောပါတယ်။ ပရိသတ်တွေကိုလည်း အစားအသောက်နဲ့ ပတ်သက်ပြီး ဆင်ခြင်နိုင်စေဖို့ စကားလက်ဆောင်ပါးခဲ့သေးတယ်ဆိုတာကို ဒီဇင်ဘာလ ၂ ရက်နေ့ ည ၇ နာရီက ခင်သဇင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

''မကစ်အခုလို အသက်ဆုံးရှုံးမှုကနေ လွန်မြောက်နိုင်ခဲ့တာ ပါဝင် လှူဒါန်းသူ မြောက်မြားစွာရဲ့ စေတနာ သဒ္ဒါ စွမ်းအားကြောင့်ပါ။ မကစ် ကလည်း ၇ ရက် သားသမီး အားလုံးကို ပန်းလိုမွှေးပြီး ရေလို အေးစေဖို့ အမြဲ ဆုတောင်းပေးနေကြောင်း စကားပါးလိုက်ပါသေးတယ်။ သူက လှူဒါန်းသူ များရဲ့ စေတနာ သဒ္ဒါ ကုသိုလ်အား အထမြောက်စေရန် အစားကို လုံးဝကို လိုတာထက်ကို ပိုရှောင်ကြောင်း တဖွဖွ ပြောရှာ ပါတယ်''လို့ ဆက်လက်ပြောပြခဲံ့ပါတယ်။

 

ခင်သဇင်က လက်ရှိမှာတော့ ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေးအတွက် လာရောက်လှူဒါန်းကြတဲ့ ငွေကြေးတွေကိုစာရင်းသေသေ ချာ ချာပြုစုထားတယ်လို့ ဆိုပါတယ်။ သုံးစွဲမှု စာရိတ် အလေအလွှွင့်မရှိအောင်လို့လည်း ဂရုတစိုက်ဆောင်ရွက်ပေးတယ်လို့ သူကဆိုပါတယ်။

"ခင်သဇင်ကတော့ အလှူရှင်များရဲ့ လှူဒါန်းငွေများ အလေလွင့် မရှိရလေအောင် အခကြေးငွေနှင့် ခန့်အပ်ကာ မကစ်ကိုလူနာစောင့် ကြည့်ရှု သူ များ  ကို ဘီလူးမ နီးပါးလောက် ကို စာရင်းကို သွားသွားစစ်ရပါတယ်။ အင်မတန်ကို တာဝန်ကြီးသော ကိစ္စ ဖြစ်နေတာကြောင် ခေါင်းတော့ ကြီးပါတယ်။ ဒါပေမယ့် မျှော်လင့် ထားတာထက် ပိုမို လျှင်မြန်စွာ ကောင်းမွန်လာတဲ့ အတွက် မကစ် အတွက် လှူဒါန်းသူများ ကုသိုလ် ပီတိဖြစ်စေရန် အလို့ဌာ ရေးသားတင်ပြလိုက်ပါတယ် (ခင်သဇင်)'' ဆိုပြီးတော့ ရေးသားခဲ့ပါတယ်။

 

သရုပ်ဆောင် ကစ်ကစ်ဟာ ဆီးချိုရောဂါကိုခံစားနေသလို ကျောက်ကပ် ကပါ မကောင်းတဲ့အတွက် အချိန်တော်ကြာ ဆေးကုသမှု ခံယူခဲ့ရ တာကြောင့် အနုပညာအလုပ်တွေနဲ့ရောပရိသတ်တွေနဲ့ပါ အဆက်အသွယ်ပြတ်ခဲ့ရပါတယ်။ ကစ်ကစ်ဟာ ၂၀၁၈ခုနှစ် နှစ်စပိုင်းတုန်းက ကျန်းမာရေး အခြေအနေတော်တော့်ကို မကောင်းခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က