စိတ်ချမ်းသာလို့နေပါတယ်။

စိုးမြတ်နန္ဒာက မကြာခင်ကျရောက်တော့မယ့် မွေးနေ့ကိုတော့ မန္တလေးမှာ အလှူလုပ်ရင်း ဖြတ်သန်းဖြစ်မယ်လို့ ဆိုပါတယ်။ အလှူ အတန်းနဲ့ ပတ်သက်ပြီးတော့လည်း မကြာခဏဆောင်ရွက်လေ့ရှိပါတယ်။

Photo: စိုးမြတ်နန္ဒာ

 

သရုပ်ဆောင် စိုးမြတ်နန္ဒာက ဒီဇင်ဘာလ ၁၅ ရက်နေ့ မှာ ကျရောက်မယ့် မွေးနေ့မှာတော့ အလှူအတန်းတွေနဲ့ ဖြတ်သန်းသွားမယ်လို့ ဆိုပါတယ်။ ဒီအလှူကလည်း သူ့ရင်ထဲမှာ အရမ်းတောင့်တနေမိတဲ့ အလှူလေးဖြစ်တာကြောင့် စိတ်ချမ်းသာနေမိတယ်ဆိုတဲ့အကြောင်း ပြောပြထားပါတယ်။

'' ၂၀၁၆ ထဲက မွေးနေ့အလှူ နေ့ဆွမ်းလောင်းချင်လို့ တောင်းထားခဲ့တဲ့ ရက်လေး နီးလာပါပြီ။ ကိုယ်ချစ်တဲ့ မန္တလေးမြို့မှာ ပထမဆုံး မွေးနေ့ အလှူလေး လုပ်ဖြစ်မှာရယ်၊ သာသနာအတွက် ကြိုးစားနေတဲ့ သံဃာတော် တွေကို ဆွမ်းလောင်းလှူရမှာရယ် ကြောင့် ရက်လေး နီးလာလေ စိတ်ချမ်းသာ ရလေပါပဲ'' ဆိုပြီးတော့ ဒီဇင်ဘာလ ၉ ရက်နေ့ ညနေ ၃ နာရီ ၄၈ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: စိုးမြတ်နန္ဒာ

အမြဲတမ်းပြုံးနေတယ် ဆိုတဲ့ စိုးမြတ်နန္ဒာ  

စိုးမြတ်နန္ဒာက လက်ရှိမှာတော့ အနုပညာအလုပ်တွေ ရပ်နားထားပြီး ကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့ မင်းသမီးချော တစ်ယောက် ဖြစ်ပါတယ်။ အခုချိန်မှာလည်း ''မင်းသမီး ပိုးထည်တိုက်'' ဆိုတဲ့ ဆိုင်ကိုတော့ အစ်မဖြစ်သူ စိုးမြတ်သူဇာ၊ ညီမလေးတွေဖြစ်ကြတဲ့ စန္ဒီမြင့်လွင်၊ စိုးပြည့်သဇင်တို့နဲ့ အတူ ပူးပေါင်းဖွင့်လှစ်ထားပြီး ကိုယ်တိုင်လည်း ဆိုင်ထိုင်နေတယ်လို့ သိရပါတယ်။

Photo: စိုးမြတ်နန္ဒာ

 

အဲ့ဒီနောက် သူမရဲ့ချစ်သူ အဆိုတော်စိုးသူရဲ့ အနုပညာအလုပ်တွေမှာလည်း ဝိုင်းဝန်းအကြံပေးဖြစ်နေတာကို တွေ့ရပါတယ်။ နှစ်ယောက် အတူတူ လည်း အလှူအတန်းတွေ၊ ကုသိုလ်ကောင်းမှုတွေ၊ ဘာသာရေးတွေ မကြာခဏ လုပ်လေ့ရှိပါတယ်။ အခုဆိုရင် သရုပ်ဆောင် စိုးသူနဲ့ စိုးမြတ်နန္ဒာတို့ဟာ ချစ်သူသက်တမ်း (၅) နှစ်ကျော်ထဲ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

Photo: စိုးမြတ်နန္ဒာ

 

စိုးမြတ်နန္ဒာဟာ သားဖြစ်သူမြတ်သောမောင်ရဲ့ ဝေယျာဝစ္စတွေကို လုပ်ပေးရင်း မိခင်တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်နေပါတယ်။ မြတ်သောမောင်က အခုလက်ရှိမှာ အသက် ၁၀ နှစ်ကျော်ပြီ ဖြစ်ပါတယ်။ IT နဲ့ ပတ်သက်ပြီး စိတ်ဝင်စားတာကြောင့် ကြီးလာရင် Game တွေထုတ်ဖို့၊ Software တွေရေးဖို့ကိုပဲ အားသန်တဲ့ ကလေးလေး ဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က