သူ့ရဲ့ခံစားချက်တွေကို ဖွင့်ဟထားတာပါ။
 

အလှမယ် Bella (ခ) မြတ်သီရိလွင် ဟာ အချစ်ရေးနဲ့ ပတ်သက်တဲ့ ခံစားချက်တွေကို ဖွင့်ဟထားတာပါ။ သူ့အနေနဲ့ ဘယ်သူ့ ဘယ်သူကြောင့်မှ ကိုယ့်ကိုယ်ကိုပြောင်းလဲ လာချင်စိတ်မရှိတော့ဘူးဆိုပြီးတော့လည်း ရေးသားထား တာကို တွေ့ရပါတယ်။

'' အခုနောက်ပိုင်း ဘယ်သူ့ဘယ်သူကြောင့်မှ ကိုယ့်ကိုယ်ကို ပြောင်းလဲလာချင်စိတ် မရှိတော့ဘူး။ အရင်တုန်းကဆို ကိုယ်ကြိုက်နေတဲ့ သူပဲဖြစ်ဖြစ် ချစ်သူရည်းစားကပဲဖြစ်ဖြစ် ကိုယ့်ပုံစံမဟုတ်ဘဲ သူတို့ကြိုက်တဲ့ (ကြိုက်မယ်ထင်တဲ့) ပုံစံလေးတွေကြိုးစားပြီးနေတယ်။ ဥပမာ- ကိုယ်ကဆံပင်အတိုလေးကြိုက်ပေမယ့်သူကဆံပင်အရှည်ကြိုက်လို့ထိန်းသိမ်းပြီးထားဖြစ်တာမျိုးလောက်ပေါ့။ နောက်ပိုင်းကျတော့ ကိုယ်ဟာ ကိုယ်မဟုတ်တော့သလိုခံစားရပြီးတော့ ဘဝမှာနေရတာမပျော်တော့ဘူး။ တချို့အရာတွေဆို သူဖြစ်စေချင်တဲ့အတိုင်းမဖြစ်လာလို့စိတ်ညစ် ရတဲ့အထိလောက်ဖြစ်ခဲ့ကြမယ်။ လောကကြီးမှာကြည့်လိုက်ရင် ဘဝကိုတန်အောင်ဖြတ်သန်းကြပြီးပျော်ရွှင်နေကြတဲ့သူအများစုဟာ ကိုယ့်ကိုယ် ကို အရှိကိုအရှိအတိုင်းလက်ခံကြပြီး သူများထက် ကိုယ့်ကိုယ်ကို ပိုချစ်တဲ့ သူတွေကြီးပဲ။ သူများပါးစပ်နဲ့အသက်ရှင်မယ့်အစား ကိုယ်ဖြစ်ချင်တာကို ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့လုပ်တာ ပိုပျော်စရာမကောင်းဘူးလား'' ဆိုပြီးတော့ ဇွန်လ ၂၅ ရက်နေ့ည ၁၀နာရီ ၂၂ မိနစ် အချိန်က ရေးသားခဲ့တာဖြစ်ပါတယ်။

Lesbian လားဆိုတဲ့ မေးခွန်းကို ပြန်ဖြေရှင်းလိုက်တဲ့ Bella 

Bella အနေနဲ့ ကိုယ့်ကို တကယ်ချစ်ရင် ကိုယ့်ရဲ့ ဖြစ်တည်မှုကိုလည်း လက်ခံပေးနိုင်ရမယ် ဆိုတဲ့ အကြောင်းအရာလေးကိုလည်း ထပ်ပြီးတော့ ရေးသားထားတာကို တွေ့ရပါတယ်။

''ကိုယ်ဘာဖြစ်ချင်လဲ ဘာလုပ်ချင်လဲ ဘာစားချင်လဲ ဘယ်လိုနေချင်လဲ၊ ဒီနေ့မိတ်ကပ်မလိမ်းချင်ဘူးလား၊ မနက်ဖြန် မသွားချင်တဲ့နေရာကို တစ်ဦးတစ်ယောက်ရဲ့သဘော (ပျော်ရွှင်မှု) ကြောင့်မသွားချင်ဘူးလား၊ ဂါဝန်တိုလေးဝတ်ပြီးသူငယ်ချင်းတွေနဲ့မုန့်သွားစားချင်လား၊ အားရပါးရရီချလိုက်ချင်လား စသဖြင့်လုပ်ချင်တာတွေ ရှိနေပြီး တစုံတယောက်ကြောင့် ကိုယ့်အခွင့်အရေးတွေတားစီးခံနေရပြီလား။ ကိုယ့်ကိုတစ်ကယ်ချစ်ရင် ကိုယ့်ရဲ့ဖြစ်တည်မှုကိုလည်းလက်ခံပေးနိုင်ရမယ်။ ဒါမှမဟုတ် သူ့ကိုအရမ်းချစ်လို့သူဘယ်လိုလေးကြိုက်တတ်တယ် ကိုယ့်အတွက်လဲ အံဝင်ဂွင်ကျဖြစ်မယ် ကိုယ်လဲပျော်မယ်ဆိုရင်တော့လုပ်ပါအဓိကက `ကိုယ်ပြောင်းလဲလာမှသူပိုချစ်လာမယ်’ မဟုတ်ပါဘူး။ ကိုယ်ဒီလိုလေးဖြစ်နေလို့ကိုသူကချစ်နေတာပါ’ ဆိုတာပါ'' လို့ ရေးသားခဲ့ပါသေးတယ်။

 

Bella ဟာ အချစ်ရေးနဲ့ ပတ်သက်လို့ တည်ငြိမ်သူတစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ ယောကျ်ားလေးတစ်ဦးနဲ့ ချစ်တယ် ကြိုက်တယ်ဆိုတဲ့ သတင်းထွက်တာမျိုးလည်း မရှိတဲ့သူတစ်ယောက်ပါ။ သူ့အနေနဲ့ Miss Myanmar World 2016 နိုင်ငံကိုယ်စားပြုအလှမယ်တစ်ယောက်ဖြစ်ပြီး ပြိုင်ပွဲ ပြီးသွားတဲ့နောက်မှာ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းဓာတ်ပုံတွေ လည်း ရိုက်ကူးလာရတဲ့ အနုပညာရှင်အသစ်တစ်ယောက်လည်း ဖြစ်ပါတယ်။ အနုပညာနဲ့ ပတ်သက်လာရင်တော့ သရုပ်ဆောင်ဘက်ကိုလည်း အခွင့်အရေးပေးခဲ့မယ်ဆိုရင် ကြိုးစားချင်သေးတယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က