အရမ်းတွေ မိုက်နေပါပြီတဲ့။

ဆံပင်ကာလာတွေချိန်းပြီး ကြော်ငြာရိုက်ထားတဲ့ G Fatt ရဲ့ ပုံတွေကို နန်းဆုတစ်ယောက် ကြည့်ပြီး ကိုယ့်ချစ်သူကိုယ် ကိုယ် ပြန်ကြွေသွားမိတဲ့အထိ ဖြစ်ခဲ့ပါတယ်။

Pen shoppe ကြော်ငြာအတွက် ရိုက်ပေးထားတဲ့ ပုံတွေပါ။

 

ဆံပင်ကာလာတွေ ချိန်းပြီး Pen shoppe အတွက် ကြော်ငြာရိုက်ထားတဲ့ G Fatt ရဲ့ ပုံတွေက တကယ့်ကို အလန်းစားပါပဲ။ အဲ့ဒီပုံလေး တွေကို G Fatt ရဲ့ ဖေ့စ်ဘွတ်မှာ ဒီဇင်ဘာ(၁၀)ရက်နေ့က တင်ထားတာ တွေ့ရပါတယ်။ဆံပင်ကာလာ ချိန်းလိုက်တဲ့ အဆိုတော် G Fatt ရဲ့ ပုံတွေကို နန်းဆုရတီစိုးက  ကြည့်ပြီး ပြန်ကြွေသွားမိတယ်လို့ ဆိုပါတယ်။

Pen shoppe ကြော်ငြာအတွက် ရိုက်ပေးထားတဲ့ ပုံတွေပါ။

ပထမဆုံး ရဟန်းခံခွင့်ရခဲ့တဲ့ ဖခင်အတွက် G Fatt ရဲ့ ပီတိစကား 

Crazy Hair Color တွေနဲ့ လုံးဝလန်းနေတဲ့ G Fatt ရဲ့ ပုံအောက်မှာ နန်းဆုရတီစိုးက ယခုလို ကောမန့်လေး လာပေးထားတာ တွေ့ရပါတယ်။

"Crazy hair color တွေကြွေနေပါပြီနော် ။အဖြူလေးနဲ့ကအမိုက်ဆုံး နဂို ဆံပင်ဖြူလေးတွေနဲ့ရောသွားတာပေါ့ ဂေါ်တယ်" ဆိုပြီး ဒီဇင်ဘာ(၁၀) ရက်နေ့က ကောမန့်ပေးထားတာပါ။  နန်းဆုရဲ့ ကောမန့်ကို G Fatt က ပြန်ချေပတဲ့အနေနဲ့ "မကြီးထက်ဂေါ်ရင ်ပြီးတာပဲ" ဆိုပြီး ပြန်မန့်ထားပါတယ်။

Pen shoppe ကြော်ငြာအတွက် ရိုက်ပေးထားတဲ့ ပုံတွေပါ။

အဆိုတော် G Fatt နဲ့ နန်းဆုရတီစိုးတို့ရဲ့ အချစ်ရေးက လက်ရှိမှာ သာသာယာယာပါပဲ။နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ သူတို့ရဲ့ အချစ်ရေးလေးက ပရိသတ်တွေအားကျရတဲ့ အချစ်ရေးလေး တစ်ခုဖြစ်ပါတယ်။ အချစ်ရေးနဲ့ ပတ်သက်လာရင်တော့ အဆိုတော် G-Fatt က လူကောင်းတစ်ယောက်လည်း မဟုတ်သလို၊ လူဆိုး တစ်ယောက်လည်း မဟုတ် ဘူး လို့ မီဒီယာတွေကို ဖြေဆိုဖူးပါတယ်။

'' အချိန်တိုင်းမှာ လူကောင်းဆိုတာတော့ မရှိပါဘူးခင်ဗျာ။ အချိန်တိုင်းမှာလည်း လူဆိုး ဆိုတာတော့ မရှိပါဘူး။ ကျွန်တော်ထင်တာ ကတော့ ကျွန်တော်ကလည်း ကောင်းလိုက် ဆိုးလိုက်ပါပဲ။ ပြဿနာတစ်ခုမှာ ဆုံးဖြတ်တာကောင်းသွားပေမယ့် နောက်ပြဿနာ တစ်ခုမှာ ကျွန်တော် လူဆိုးဖြစ်ရင် ဖြစ်သွားနိုင်တာပဲ'' လို့ သူကဆိုပါတယ်။

 

နန်းဆုရတီစိုးရဲ့ အချစ်ရေးကို ၂၀၁၇ခုနှစ် စက်တင်ဘာ(၂၅) ရက်က ထွက်ရှိထားတဲ့ ရူးအောင်ချစ်ရသူ သီချင်းနဲ့ ဆက်စပ်ပြီး ပရိသတ်တွေ စိတ်ဝင်စား ခဲ့တာဖြစ်ပါတယ်။ နန်းဆုရတီစိုးက လက်ရှိမှာ သီချင်းများ ဖန်တီးနေပြီး သီချင်းခွေအသစ်ထွက်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ ချစ်သူ G Fatt ကလည်း ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ် ပါတယ်။

Share

Loading Next Article...
က္က