ပရိသတ်တွေကို အားနာနေပါတယ်။

နန်းဆုရတီစိုး စိတ်ဆိုးပြီး တင်လိုက်တဲ့ ပို့စ်နဲ့ ပတ်သက်ပြီး G fatt က ပြန်ပြောပြထားတာပါ။အဲ့ဒီပို့စ်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ ပရိသတ်တွေလည်း စိတ်ပူနေကြသလို သူတို့နှစ်ယောက် တကယ် လမ်းခွဲလိုက်ပြီလားလို့ ထင်နေကြပါတယ်။

Photo : နန်းဆုရတီစိုး FB

 

နန်းဆုရတီစိုး စိတ်ဆိုးပြီး တင်လိုက်တဲ့ ပို့စ်နဲ့ ပတ်သက်ပြီး G fatt က ပြန်ပြောပြထားတာပါ။ နိုဝင်ဘာ (၁၆) ရက်နေ့က နန်းဆုရတီစိုးက G Fatt နဲ့ စိတ်ဆိုးပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ "We broke up I Can't Stand  anymore "ဆိုတဲ့ ပို့စ်လေးကို တင်ခဲ့ပါတယ်။ အဲ့ဒီပို့စ်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ ပရိသတ်တွေလည်း စိတ်ပူနေကြသလို သူတို့နှစ်ယောက် တကယ် လမ်းခွဲလိုက်ပြီလားလို့ ထင်နေကြပါတယ်။

Photo : နန်းဆုရတီစိုး FB

 

ဒီနေ့(နိုဝင်ဘာ၁၇ရက်)မှာတော့ ပရိသတ်တွေရဲ့ စိုးရိမ်ပူပန်မှုတွေကို G Fatt က ဖြေရှင်းပေးနိင်ခဲ့ပါတယ်။

"ကျွန်တော့်ရဲ့ ပရိသတ်တွေ စိတ်ပူသွားတဲ့အတွက် တကယ်ကို အားနာရပါတယ်။ အဓိကတော့ ဒီတိုင်းပဲ စိတ်ဆိုးတဲ့ ကိစ္စတစ်ခုကို ကျွန်တော် လည်း လိမ်တာတွေ ဖောက်ပြန်တာတွေ ဘာမှမလုပ်ပဲနဲ့ သူ့ဘာသာသူ စိတ်ပူပြီး စိတ်ဆိုးတဲ့ ကိစ္စတစ်ခုကို ဒီလိုမျိုး လျှောက်တင် လိုက်တယ်။ ကျွန်တော်က ကလေးလည်း မဟုတ်ဘူးဒီလိုမျိုး တွေ ပြောပြရတာ အားနာလှပါတယ်။ အကုန်လုံးက စိတ်တွေပူသွားတယ်။ တကယ့် အခြေ အနေအစစ်အမှန်ကိုလည်း ကျွန်တော်ပြောမှပဲ ယုံကြဖို့အတွက် ကျွန်တော်ပြောချင်ပါတယ်။ တကယ့် အခေအြနေအမှန်ကိုလည်း ကျွန်တော် ပြန် ပြောပ့ါမယ်။ ကျွန်တော်ပြောမှပဲ ကျွန်တော့်ပရိသတ်တွေက ယုံကြည့်ပေးပါ။ "ဆိုပြီး နိုဝင်ဘာ(၁၇) ရက်နေ့က ပရိသတ်တွေအ တွက် လွှင့်ခဲ့တဲ့ Live မှာ ပြောပြထားတာပါ။

Photo : နန်းဆုရတီစိုး FB

ချစ်သူရဲ့ အိမ်မက်တွေ အကောင်အထည်ဖော်နိုင်လို့ ဝမ်းသာနေတဲ့ နန်းဆုရတီစိုး 

G Fatt ဟာ ပရိသတ်တွေနဲ့ ပြောခဲ့တဲ့ Live ကို ဖေ့စ်ဘွတ်မှာ ခဏပဲ တင်ခဲ့ပြီး Live ကို ပြန်ဖျက်သွားခဲ့ပါတယ်။ သူတို့စုံတွဲလေးရဲ့ ပရိသတ် တွေကလည်း သူတို့နှစ်ယောက် ပြန်ပြီး အဆင်ပြေဖို့အတွက် ဆုတောင်းပေးနေကြပါတယ်။G Fatt နဲ့ နန်းဆုတို့ကတော့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့ ရှေ့ဆက်နေကြတာဖြစ်တဲ့ အတွက် အဆင်ပြေပြေရှိကြတယ်လို့ ဆိုပါ တယ်။

စိတ်ဆိုးစိတ်ကောက်တာတွေရှိပေမယ့် G Fatt က အရမ်းချော့တတ်တာကြောင့် နန်းဆုမှာ ကြာကြာ စိတ်မဆိုးဖြစ်ဘူးလို့ နန်းဆုရတီစိုးက ယခင်က အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။

Photo : နန်းဆုရတီစိုး FB

နန်းဆုရတီစိုးရဲ့ အချစ်ရေးကို ၂၀၁၇ခုနှစ် စက်တင်ဘာ(၂၅) ရက်က ထွက်ရှိထားတဲ့ ရူးအောင်ချစ်ရသူ သီချင်းနဲ့ ဆက်စပ်ပြီး ပရိသတ်တွေ စိတ်ဝင်စား ခဲ့တာဖြစ်ပါတယ်။ နန်းဆုရတီစိုးက လက်ရှိမှာ သီချင်းများ ဖန်တီးနေပြီး သီချင်းခွေအသစ်ထွက်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ ချစ်သူ G Fatt ကလည်း ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ် ပါတယ်။

Share

Loading Next Article...
က္က