မွေးနေ့လေးမှာ ပျော်ခဲ့ရပါတယ်။

မွေးနေ့လေးမှာ အနုပညာအလုပ်တွေနဲ့ မအားမလပ်ဖြစ်နေခဲ့တဲ့ ဝင့်ယမုံနိုင်အတွက် အနုပညာမောင်နှမတွေက မွေးနေ့ Surprise လေး လုပ်ပေးခဲ့တာတွေ့ရပါတယ်။ အနုပညာမောင်နှမတွေရဲ့ ချစ်ခင်ဂရုစိုက်မှုတွေကြောင့် ဝင့်ယမုံနိုင်ရဲ့ မွေးနေ့ လေးက အမှတ်တရလေးတွေ ပြည့်နှက်သွားခဲ့ပါတယ်။

Photo : ဝင့်ယမုံနိုင် FB

 

သြဂုတ်လ(၂) ရက်နေ့ဟာ သရုပ်ဆောင် ဝင့်ယမုံနိုင်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့မှာ အလုပ်တွေနဲ့ မအားမလပ်ဖြစ် နေတာ ကြောင့် ဘာအစီအစဉ်မှ လုပ်ဖြစ်တာ မတွေ့ရပါဘူး။ ဒါပေမယ့်လည်း သူမအတွက် အနုပညာမောင်နှမတွေရဲ့ မွေးနေ့ Surprise ပြုလုပ်ပေး ခဲ့တာ တွေ့ရပါတယ်။

Photo : ဝင့်ယမုံနိုင် FB

 

ဝင့်ယမုံနိုင်ဟာ လက်ရှိမှာ "စိတ်၏ခြေရာ"ဇာတ်လမ်းတွဲနဲ့"ကျွန်မကမဟေသီ" ဆိုတဲ့ ဇာတ်လမ်းတွဲ နှစ်ခုကို တစ်ပြိုင်နက်တည်း ရိုက်ကူးနေ တာ တွေ့ရပါတယ်။"စိတ်၏ခြေရာ "အဖွဲ့သားတွေက မွေးနေ့ Surprise ပြုလုပ်ပေးခဲ့သလို "ကျွန်မကမဟေသီ" အဖွဲ့သားတွေကလည်း မွေးနေ့ Surprise ပြုလုပ်ပေးခဲ့တာပါ။

Photo : ဝင့်ယမုံနိုင် FB

သီချင်းဆိုရတာကြိုက်တဲ့ ဝင့်ယမှုံလှိုင် 

အဖွဲ့တစ်ဖွဲ့နဲ့ မတူတဲ့ မွေးနေ့ Surprise လေးတွေကြောင့် ဝင့်ယမုံနိုင်တစ်ယောက် တော်တော့်ကို ပျော်နေခဲ့ပါတယ်။ သူမရဲ့ မွေးနေ့လေး မှာအနုပညာမောင်နှမတွေကြောင့် ပျော်ရွှင်ခဲ့ရတဲ့ ဝင့်ယမုံနိုင်ရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည် ဖော်ပြပေးလိုက် တယ်နော်။

ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ပွင့်လင်းတဲ့ အပြောအဆိုလေးတွေကြောင့် ပရိသတ်အားပေးမှု ရရှိထားသူလည်း ဖြစ်ပါတယ်။ ဇာတ်လမ်း တွဲလေး တွေကစပြီး ပရိသတ်အားပေးမှု ရရှိထားသူလေးလည်း ဖြစ်ပါတယ်။

Photo : ဝင့်ယမုံနိုင် FB

 

ယခင်က အနုပညာအလုပ်တွေကို ဝင့်ယမုံလှိုင်နာမည်နဲ့ လုပ်ကိုင်ခဲ့တဲ့ သူမက ပြီးခဲ့တဲ့ လပိုင်းလောက်က ဝင့်ယမုံနိုင်ဆိုတဲ့ နာမည် ပြောင်းပြီး တော့ အနုပညာအလုပ်တွေကို ဆက်ပြီး လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က