ပူပြင်းတဲ့နေရာကို ရောက်ပြီဆို ကိုယ့်မှာပါလာတဲ့ဒီအလှကုန်တွေကို ရေခဲသေတ္တာထဲထည့်ထားလိုက်ပါ။
 

အလှကုန်ပစ္စည်းတွေဟာ အခန်းအပူချိန်များတဲ့နေရာ၊ နေရောင်နဲ့တိုက်ရိုက်ထိတွေ့တဲ့ နေရာတွေမှာ ထားလို့မရပါဘူး။ အဲ့ဒီလိုထားမယ်ဆိုရင် အရောင်၊ အနံ့နဲ့ ကွာလတီ ကျသွားနိုင်ပါတယ်။ ရေမွှေးပုလင်းလို အရာမျိုးက နေရောင်တိုက်ရိုက်ထိတဲ့နေရာမှာ ကြာကြာထားရင် အရောင်ပြောင်းသွားတာကို မြင်ဖူးကြမှာပါ။ တချို့အလှကုန်တွေကိုတော့ ကြာရှည်ခံအောင် ရေခဲသေတ္တာထဲမှာ သိမ်းထားလို့ရနိုင်ပါတယ်။

 

၁။ မိတ်ကပ်နဲ့ အစိုဓာတ်ဖြည့်အလှကုန်

မိတ်ကပ်တွေနဲ့ အစိုဓာတ်ဖြည့်ပေးနိုင်တဲ့ ခရင်မ်၊ နို့ရည်လို အလှကုန်တွေဟာ ဆီပါဝင်လေ့ရှိလို့ ဓာတ်တိုးမှု (oxidation) ဖြစ်ပေါ်နိုင်တဲ့ အရာတွေပါ။ ဓာတ်တိုးမှုဖြစ်ပေါ်လာရင် ကွာလတီကျသွားပါတယ်။ ဒါကြောင့် ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားပါ။

၂။ ဂျယ်လ်နဲ့ ခရင်မ်

မျက်လုံးဆိုးဆေး ဂျယ်လ် (gel) နဲ့ ခရင်မ်တွေ၊ နေရောင်ကာ လူးဆေးတွေကိုလည်း ရေခဲသေတ္တာထဲမှာ သိမ်းထားလို့ရပါတယ်။

 

၃။ ရေမွှေး

ရေမွှေးတွေက အေးတဲ့နေရာမှာသိမ်းရင် ပိုပြီး အနံ့ံစွဲစေပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေမွှေးဖော်စပ်ရာမှာ ပါဝင်ပစ္စည်းတွေက အများကြီးထည့်ရပါတယ်။ ယင်းပစ္စည်းတွေထဲက အချို့ဟာ အချိန်ကြာရင် အာနိသင်လျော့ကျသွားပြီး ဓာတုဓာတ်ပြုမှု ဖြစ်ပေါ်ကာ ရေမွှေးရဲ့ကွာလတီကို ကျစေပါတယ်။ အနံ့ပျံ့လွင့်မှု၊ အနံ့ကြာကြာခံမှုတို့ကို ရချင်ရင်တော့ ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားပါ။ အကောင်းဆုံးရလဒ်ကို ရရှိပါလိမ့်မယ်။

၄။ နှုတ်ခမ်းနီ

နှုတ်ခမ်းနီတွေက အပူနဲ့ထိရင် ပျော်ကျသွားကြတယ်လေ။ ဆိုးလို့မကောင်းတော့ဘူးပေါ့။ ရေခဲသေတ္တာထဲမှာ သိမ်းမယ်ဆိုရင် အပူဒဏ်ခံရတော့မှာမဟုတ်တာကြောင့် သင့်အကြိုက်ဆုံးနှုတ်ခမ်းနီကို ရေရှည်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Source : Mail Online

သင်ကြိုက်နှစ်သက်နိုင်မည့်ဆောင်းပါး ---> လက်သည်းသန့်စင်ရာမှာ ပိုမိုလွယ်ကူစေမယ့်နည်း (၄) မျိုး

Share

Loading Next Article...
က္က