ဆွတ်ဖျန်းထားလိုက်တာနဲ့ ဆေးခြောက်အနံ့ စွဲကျန်နေမယ်လို့ ဆိုပါတယ်။
 

ကမ္ဘာပေါ်မှာ ရေမွှေးထုတ်လုပ်တဲ့ ကုမ္ပဏီပေါင်း မြောက်များစွာ ရှိပါတယ်။ ရေမွှေးတံဆိပ်၊ အမျိုးအစားတွေ ဆိုတာလည်း ရေလို့တောင် ကုန်မှာမဟုတ်ပါဘူး။ ပန်းရနံ့၊ သစ်သီးရနံ့၊ လတ်ဆတ်တဲ့အနံ့၊ နွေးထွးချိုမြိန်တဲ့ ရနံ့တွေကတော့ လူကြိုက်များပါတယ်။ ရေမွှေးရနံ့ပေါင်း များစွာရှိသလို အကြိုက်တွေကလည်း မတူဘူးပေါ့။

ဒီရေမွှေးရနံ့ကတော့ လန်ထွက်နေတာပဲလို့ ရေရွတ်မိမယ့် ရနံ့ပါ။ ဆေးခြောက် (Weed) ရနံ့နဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ လော့စ်အန်ဂျလိစ်အခြေစိုက် ရေမွှေးကုမ္ပဏီဖြစ်တဲ့ Xyrena က ဆန်းသစ်ထုတ်လုပ်လိုက်တာပါ။ ဆွတ်ဖျန်းထားလိုက်တာနဲ့ ဆေးခြောက်အနံ့ စွဲကျန်နေမယ်လို့ ဆိုပါတယ်။

 

Xyrena ရေမွှေးတွေဟာ အမျိုးသမီးရော အမျိုးသားတွေပါ သုံးစွဲနိုင်မှာဖြစ်ပြီး ဆေးခြောက်ရနံ့ကိုမှ သုံးမျိုးခွဲခြားထားပြန်ပါတယ်။ Blue Dream ၊ OG Kush နဲ့ Space Cake ဆိုပြီး သုံးမျိုးရှိပါတယ်။ ဒါပေမဲ့သုံးမျိုးလုံးမှာ တကယ့်ဆေးခြောက် မပါဝင်ပါဘူး။ အနံ့ပေါ်အောင် အခြားအရာတွေနဲ့ ပေါင်းစပ်ထားရုံသာဖြစ်ပါတယ်။ ရေမွှေးတစ်ပုလင်းကို ကျပ်တစ်သိန်းဝန်းကျင် (၇၄.၂ ဒေါ်လာ) နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။

Source : KDVR

သင်အကြိုက်တွေ့ဦးမယ့်ဆောင်းပါး ---> ခန္ဓာကိုယ်ပေါ်မှာ ရေမွှေးဆွတ်ဖို့ အကောင်းဆုံးနေရာများ

Share

Loading Next Article...
က္က