နည်းနည်းလေးပဲညှပ်မယ်ဆိုကာမှ အများကြီးညှပ်မိသွားတာမျိုး ဖြစ်တတ်ပါတယ်။

ဆိုင်မှာသွားညှပ်ရင် အဖျားပဲတိမယ်ဆိုပြီး ဘယ်လောက်ပြောပြော အများကြီး ညှပ်လိုက်တာမျိုးကြုံဖူးကြမှာပါ။ အဲဒီလိုမျိုးတွေ မဖြစ်ရလေအောင် ဆံပင်အဖျားကို ကိုယ့်ဘာသာကိုယ် စိတ်ချလက်ချ ညှပ်လို့ရတဲ့နည်းလေး ပြောပြချင်ပါတယ်။

ဆံပင်တွေရှည်လာတယ်ဆိုတာ ဦးရေပြားမှာရှိတဲ့ အဆီအိတ်ကလေးတွေကနေ ဆံပင်တစ်ချောင်းလုံးကို အရင်းကနေ အဖျားထိ အာဟာရဖြည့်ရတာဖြစ်ပါတယ်။ ဆံသားအားနည်းနေတဲ့အခါ၊ ဦးရေပြားခြောက်နေတဲ့အခါမျိုးတွေမှာ အာဟာရကို ပြည့်ဝအောင် မဖြည့်နိုင်တော့ဘဲ အောက်ဖက်တွေမှာ နှစ်ခွတွေဖြစ်လာပါတယ်။

ဆံပင်ရဲ့ သက်တမ်းက စထွက်တာကနေ ၃ ပေ အရှည်ထိပဲ ရှည်ပြီး ၃ ပေကျော်တာနဲ့ ဆက်မထွက်နိုင်တော့ဘဲ အရင်းကနေ ကျွတ်ထွက်သွားပါတယ်။ ဆံပင်ရှည်ရှည်လေးနဲ့ လှချင်ရင် ဆံပင်နှစ်ခွတွေကို ညှပ်ပေးဖို့လိုပါတယ်။ ဆိုင်မှာသွားညှပ်ရင် အဖျားပဲတိမယ်ဆိုပြီး ဘယ်လောက်ပြောပြော အများကြီး ညှပ်လိုက်တာမျိုးကြုံဖူးကြမှာပါ။ အဲဒီလိုမျိုးတွေ မဖြစ်ရလေအောင် ဆံပင်အဖျားကို ကိုယ့်ဘာသာကိုယ် စိတ်ချလက်ချ ညှပ်ပေးလို့ရတဲ့နည်းလေး ပြောပြချင်ပါတယ်။ ဒီနည်းက တကယ်လွယ်ပြီး ညှပ်ပြီးရင် 2 Step Layered Hairstyle ( အထပ်အထပ်လေးတွေနဲ့ တူးစတက်ပ်) လေး ရရှိမှာ ဖြစ်ပါတယ်။ ဒါဆို ကိုယ့်ဆံပင်ကိုယ် ဘယ်လိုညှပ်ရမလဲ ကြည့်ရအောင်။

 
(၁) ပထမဆုံး ဆံပင်ကို သေချာ ရှင်းနေအောင် ဖြီးသင်လိုက်ပါ။ ပြီးရင် ခေါင်းကို အောက်ငုံ့ချလိုက်ပြီး ဇောက်ထိုးဖြီးပေးပါ။

(၂) ခေါင်းထိပ်မှာ ဆံပင်ကို စုချည်ပြီး ပိုနီတေးလ်စည်းပါမယ်။ စည်းတဲ့အခါမှာ ဆံပင်ကို ဘီးစိတ်စိတ်နဲ့ သေချာအမျှင်တိုင်းကို ချည်နှောင်မိအောင် စည်းရပါမယ်။ ဒါမှ သူ့နေရာနဲ့ သူ ညှပ်ပြီး ဖြည်ချလိုက်တဲ့အခါ အထပ်လေးတွေ ဖြစ်နေမှာပါ။

 

(၃) ခေါင်းကို ပြန်မတ်လိုက်ပြီး စည်းထားတဲ့ ပိုနီတေးလ်က ကျလာတဲ့ ဆံပင်ကို မျက်နှာရှေ့တည့်တည့်မှာ ယူထားလိုက်ပါ။

(၄)ကတ်ကြေးကောင်းကောင်းနဲ့ ကိုယ်ညှပ်ချင်တဲ့ အဖျားတွေကို စိတ်ကြိုက်အရှည်လောက်မှာ မျဉ်းဖြောင့်အတိုင်း တိခနဲ ညှပ်ချလိုက်ပါ။ (မညှပ်ခင်အောက်မှာ အမှိုက်မပွအောင် သတင်းစာခံထားလိုက်ပါ။)

(၅) ပြီးရင် ညှပ်ထားတဲ့ဆံပင်ကို မလွှတ်လိုက်ဘဲ ကတ်ကြေးကို ဒေါင်လိုက်ထားပြီး အဖျားတွေကို တစ်စောင်းလေးတွေ တိ တိ ပေးပါ။ ဒါဆိုရင် တုံးတုံးတိတိကြီး ဖြစ်မနေတော့ဘဲ နာမည်ကြီး ဒီဇိုင်နာနဲ့ ရက်ချိန်းယူပြီး ညှပ်ထားသလိုကို စတိုင်လ်ကျတဲ့ စတက် ဆံပင်စတိုင်လ်လေးကို ရမှာပါ။

 

ဆံပင်တိုသွားမှာစိုးလို့ မညှပ်ချင်သူတွေ၊ ဆံပင်နှစ်ခွတွေ များပြီး ဘာလုပ်ရမှန်းမသိဖြစ်နေသူတွေ အားလုံး အဆင်ပြေသွားပြီး ကျန်းမာသန်စွမ်းတဲ့ ဆံကေသာကို ပိုင်ဆိုင်နိုင်စေဖို့ အကြံပြူလိုက်ပါတယ်။

Source : Gurl

Share

Loading Next Article...
က္က