အလွယ်တကာ့ အလွယ်ဆုံးနည်းကို ပြောပြပါမယ်။
 

မိန်းကလေးတိုင်း ဘဝမှာ အနည်းဆုံးတစ်ကြိမ်တော့ စဉ်းစားဖူးတဲ့အရာက " ငါ ဆံပင်အတိုနဲ့ လိုက်ပါ့မလား" ဆိုတဲ့ အတွေးပါ။ ဆံပင်အရှည်ထားနေသူတွေတောင်မှ ဆံပင်တိုတိုလေးညှပ်ပစ်ချင်စိတ် တစ်ကြိမ်တော့ ဖြစ်ဖူးကြပါတယ်။ တချို့တွေဆို အသက်ဘယ်လောက်ကြီးကြီး ဆံပင်တိုလေးနဲ့နုပျိုနေတာမြင်တော့ အားကျမိတယ်လေ။ ကိုယ့်အလှည့်ကျတော့မှ ဆံပင်တိုညှပ်လိုက်ပြီးမှ မလန်းဘဲ ဂွမ်းသွားမှာလည်း ကြောက်ရသေးဆိုတော့ ဆံပင်တိုနဲ့ လိုက်၊ မလိုက် သိရအောင် ဒီလိုလုပ်ကြည့်ပါ။

ဆံပင်ကို အလွှာလေးတွေနဲ့ စတပ်စတိုင်ဖြစ်အောင် ဘယ်လို ညှပ်မလဲ

ဒီနည်းလမ်းကို 2.25 " Rule (၂.၂၅ လက်မ စည်းမျဉ်း) လို့ ခေါ်ပါတယ်။ အင်္ဂလိပ် stylist ဂျွန် ဖရီးဒါက တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူက ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ဆံပင်ထိန်းသိမ်းရေးပစ္စည်းတွေလည်း ထုတ်ခဲ့သူပါ။

သင်နှစ်သက်နိုင်မယ့်ဆောင်းပါး --->

၁။ ခဲတံတစ်ချောင်းကို မေးအောက်မှာ ရေပြင်ညီထားထားပါ။ နားရွက်နားမှာတော့ ပေတံတစ်ချောင်းကို ဒေါင်လိုက် ထောင်ထားရပါမယ်။ ဒါဆိုရင် ၉၀ ဒီဂရီအဖြစ် မြင်ရမှာပါ။

 

၂။ နားအောက်အသီးလေးကနေ ခဲတံကိုကန့်လန့်ပိုင်းဖြတ်တဲ့နေရာထိကို တိုင်းတာကြည့်ပါ။ အမြင့်က ၂.၂၅ လက်မထက် နည်းနေမယ်ဆို ဆံပင်တိုနဲ့ လိုက်ဖက်တဲ့ မျက်နှာပိုင်ရှင်မျိုးပါပဲ။ ၂.၂၅ လက်မထက် ပိုနေမယ်ဆိုရင်တော့ ဆံပင်တိုနဲ့ မလိုက်ဖက်ပါဘူး။

ကဲ... လွယ်လွယ်လေးပဲမဟုတ်လား။ သိချင်ရင် ခုချက်ချင်းပဲ စမ်းကြည့်လိုက်ပါနော်။

Source : Bright Side

ဆက်စပ်ဖတ်ရှုချင်စရာ ---> မျက်နှာကိုပိုရင့်သွားစေတဲ့ ဆံပင်အရောင် (၃) မျိုး

Share

Loading Next Article...
က္က