ကိုယ့်ခန္ဓာကိုယ်က မွှေးရနံ့လေး ရနေတော့ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ပိုလာတယ်လေ။
 

ရေမွှေးဆွတ်ခြင်းဟာ ကိုယ့်ခန္ဓာကိုယ်က အနံ့အသက်တွေကို ဖုံးလိုရုံသက်သက်နဲ့ ဆွတ်ခြင်းမဟုတ်ပါဘူး။ ကိုယ့်ရဲ့ဆွဲဆောင်မှုကို ပိုမိုအားကောင်းလာစေမယ့် ချပ်ဝတ်တန်ဆာတစ်ခု ဆင်မြန်းလိုက်တာဖြစ်ပါတယ်။ အမျိုးသမီးတွေရော အမျိုးသားတွေပါ ရေမွှေးဆွတ်သင့်ပါတယ်။

သင်အကြိုက်တွေ့မယ့်ဆောင်းပါး ---> ရေမွှေးနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက် (၆) ချက်

 

အမြင်၊ အနံ့၊ အထိအတွေ့၊ အကြား၊ အရသာ၊ စိတ်ခံစားချက် စတဲ့ အာရုံခြောက်ပါးအနက် အနံ့ဟာ လူတစ်ဦးကို ကောင်းကောင်းဆွဲဆောင်နိုင်ပါတယ်။ ပြီးပြည့်စုံတဲ့ ဖက်ရှင်ကျမှုအတွက် အဝတ်အစားကောင်းတွေ ဝတ်ဆင်ရုံနဲ့ မပြီးပါဘူး။ မွှေးပျံ့ပြီး ဆွဲဆောင်မှုရှိတဲ့ ရေမွှေးရနံ့လေး ပေါင်းစပ်လိုက်မှသာ ကိုယ့်ဘေးကလူတွေကို သိမ်းပိုက်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်ခန္ဓာကိုယ်က မွှေးရနံ့လေး ရနေတော့ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ပိုလာတယ်လေ။ မိမိကိုယ်ကိုယုံကြည်မှုဟာ အောင်မြင်ခြင်းတွေကို ခေါ်ဆောင်လာမှာပါ။

သင်အကြိုက်တွေ့မယ့်ဆောင်းပါး ---> ရေမွှေးသုံးရင် ပြုလုပ်မိနေကြ အမှားကြီး တစ်ခု

 

မွှေးရနံ့တစ်ခုကြောင့် စိတ်ခံစားချက်တွေလည်း ပြောင်းလဲသွားနိုင်တယ်ဆိုတာတော့ မငြင်းပါနဲ့။ ဒါအပြင် ရာသီဥတုနဲ့ ပတ်ဝန်းကျင်ကိုလိုက်ပြီး ရေမွှေးကို ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။ သစ်သီးရနံ့ ၊ ပန်းရနံ့၊ သစ်မွှေးရနံ့တွေက နေ့ဘက်သုံးရမှာဖြစ်ပြီး နေ့စဉ်အသုံးပြုလို့ သင့်လျှော်ပါတယ်။ ဗနီလာနံ့၊ နှင်းဆီရနံ့၊ ကတိုးရနံ့တွေကိုတော့ ညနေဘက် ပွဲလမ်းသဘင်တွေမှာ အသုံးပြုရမှာပါ။ မိန်းကလေးတွေအနေနဲ့ ချစ်သူနဲ့ချိန်းထားရင်ဖြစ်ဖြစ် ယောက်ျားလေးတစ်ယောက်ယောက်ကို ဆွဲဆောင်လိုရင်ဖြစ်ဖြစ် ဖော်ပြပါရနံ့တွေကို ဆွတ်သင့်ပါတယ်။ ယောက်ျားလေးတွေမှာဆိုရင် အနံ့အေးပြီး သံပုရာနဲ့ ပူရှိန်းနံ့တွေကို ရွေးချယ်ကြတာ များပါတယ်။ ရာသီဥတု၊ ပတ်ဝန်းကျင်နဲ့ လိုက်ဖက်တဲ့ ရေမွှေးကို ဆွတ်ဖြန်းတတ်တဲ့ ယောက်ျားတစ်ယောက်ဟာလည်း မိန်းကလေးတွေရဲ့ အာရုံကို ညှို့ယူနိုင်မှာပါ။

Share

Loading Next Article...
က္က