အချိန်စေ့ရင် ပြန်ခွာလိုက်ဖို့ မနှမျောပါနဲ့။

မျက်နှာအသားအရေကို ဂရုတစိုက်ထိန်းသိမ်းချင်တယ်၊ ပေါင်းတင်ချင်တယ်ဆိုရင် ပေါင်းတင်ကပ်ခွာ (mask sheet) လေးတွေကို သုံးတာက အလွယ်ကူဆုံးဖြစ်ပါတယ်။ တစ်ပတ် နှစ်ကြိမ်လောက် သုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။ နေ့စဉ်သုံးနိုင်တဲ့ ပေါင်းတင်ကပ်ခွာတွေလည်း ရှိပါတယ်။ ဘယ်အချိန်ပဲသုံးသုံး ပေါင်းတင်ကပ်ခွာကိုသုံးမယ်ဆို အထိရောက်ဆုံးဖြစ်အောင် သုံးနိုင်မှ သုံးရကျိုးနပ်မှာပါနော်။

 

ပထမဆုံးအနေနဲ့ မျက်နှာကို သန့်စင်ဆေးကြောလိုက်ရပါမယ်။ ရေသုတ်လိုက်ပြီးမှ toner လိမ်းလိုက်ပါ။ Toner လိမ်းရတာကတော့ မျက်နှာပေါ်မှာ ဘယ်လိုအညစ်အကြေးမျိုးမှ ကျန်မနေအောင်ဖြစ်ပါတယ်။ ပေါင်းတင်ကပ်ခွာကို အထိရောက်ဆုံးသုံးနိုင်ဖို့အတွက် ရှားဇောင်းလက်ပပ်ခရင်မ်နဲ့ အစိုဓာတ်ဖြည့်လိမ်းဆေး (moisturizer) တို့လည်း လိုပါသေးတယ်။

ဆက်စပ်ဖတ်ရှုနိုင်မယ့်ဆောင်းပါး ---> မျက်နှာလေး ပိုလှသွားဖို့ Toner အသုံးပြုပါ

 

ပေါင်းတင်ကပ်ခွာတွေက မျက်နှာတစ်ပြင်လုံးကို ကာထားမပေးနိုင်ဘူးလေ။ မျက်လုံး၊ ပါးစပ်ပေါက်နေရာတွေမှာ လွတ်နေတယ်။ ဒါကြောင့်မို့လို့ မျက်နှာတစ်ပြင်လုံးကို ရှားဇောင်းလက်ပပ်ခရင်မ်လေး လူးသင့်တယ်လို့ထင်ပါတယ်။ ပေါင်းတင်ကပ်ခွာမှာပါတဲ့အရာတွေကိုလည်း အရေပြားက ပိုပြီးစုပ်ယူနိုင်တာပေါ့။ အထုပ်ကို ဖြည်လိုက်တာနဲ့ ကပ်ခွာတစ်ခုလုံးက ပေါင်းတင်အရည်တွေနဲ့ရွှဲနေတာတွေ့ရတယ်၊ အရည်တွေက ပိုနေတာလေ။ ပိုတဲ့အရည်တွေကိုယူပြီး မျက်နှာပေါ်ကို လိမ်းလိုက်ပါဦး။ ပြီးတော့မှ ကပ်ခွာကိုကပ်ပါ။ အရည်တွေက ကျန်နေသေးတယ်ဆိုတော့ လက်ကလေးနဲ့ယူပြီး ကပ်ခွာအပေါ်ကနေ အသာအယာလေးပုတ်လိမ်းပေးရင် အသားထဲစိမ့်ဝင်သွားမှာ။ ပိုတဲ့အရည်တွေကိုတော့ လည်ပင်း၊ လက်တွေ လိမ်းလိုက်ပါ။

 

နောက်တစ်ခုပြောချင်တာက "အချိန်" ဖြစ်ပါတယ်။ များသောအားဖြင့် ကပ်ခွာတွေက ၁၅ မိနစ်ကနေ မိနစ် ၂၀ ထိပဲ ကပ်ထားလို့ရတယ်။ စာညွှန်းကိုဖတ်ပြီး ကပ်ထားမယ့်အချိန်ကို alram ပေးထားပါ။ အချိန်စေ့ရင် ပြန်ခွာလိုက်ဖို့ မနှမျောပါနဲ့။ ထားသင့်တဲ့အချိန်ထက် ပိုထားရင် မျက်နှာက ကောင်းမလာဘဲ ဆိုးသွားပါလိမ့်မယ်နော်။ အချိန်စေ့ရင် ကပ်ခွာလေးကိုခွာလိုက်ပြီး အပေါ်ကနေ အစိုဓာတ်ဖြည့်ခရင်မ် (ဒါမှမဟုတ်) လိမ်းနေကြ night cream ကို လူးပေးလို့ရပါတယ်။ ရေနဲ့ပြန်ဆေးဖို့ မလိုပါဘူး။ မဒီတို့အားလုံး စိုပြေနူးညံ့တဲ့ မျက်နှာအသားအရေလေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

Share

Loading Next Article...
က္က