အသားအရေကောင်းမှ မိတ်ကပ်လိမ်းလို့လည်း အဆင်ပြေမှာပါ။ မိတ်ကပ်လိမ်းတာက အပေါ်ယံပဲလှပေမဲ့ အသားအရေကတော့ ပင်ကိုယ်အလှပါပဲ။
 

အသားအရေကို ထိန်းသိမ်းတယ်ဆိုတာ မိတ်ကပ်လိမ်းတာထက် ပိုအရေးကြီးပါတယ်။ အသားအရေလေး ကြည်လင်နေမယ်သာဆို မိတ်ကပ်မပါဘဲနဲ့တောင် ဆွဲဆောင်မှုရှိနေမှာပါ။ အမျိုးသမီးတွေအနေနဲ့ ဖော်ပြပါပစ္စည်းတွေကို နေ့စဉ်အသုံးပြုပြီး အသားအရေကို ထိန်းသိမ်းစောင့်ရှောက်ပေးသင့်ပါတယ်။

ဆက်စပ်ဖတ်ရှုချင်စရာ ---> ဆားဝက်ခြံကို ဆားဝက်ခြံညှစ်တံမသုံးဘဲ ထုတ်ကြမယ်

၁။ မျက်နှာသစ်ဆေး

မျက်နှာသစ်ဆေး (cleanser) ကို ဒီစာရင်းရဲ့ အရေးအကြီးဆုံးနေရာမှာ ထားလိုက်ပါမယ်။ မနက်နဲ့ည နှစ်ကြိမ် အသုံးပြုကာ မျက်နှာပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးပါ။

 

၂။ အစိုဓာတ်ဖြည့်ခရင်မ်

အစိုဓာတ်ဖြည့်ခရင်မ် (moisturizer) ကိုလည်း လူးပေးဖို့ လိုအပ်ပါတယ်။ အရေပြားခြောက်သွေ့တာမဖြစ်စေဖို့အတွက် နေ့စဉ် လူးပေးပါ။ စိုပြည်တဲ့အသားအရေက တောက်ပဝင်းလက်နေသလိုလေး ဖြစ်စေတယ်လေ။

 

၃။ Eye Cream

အများစုက eye cream ကို အသက် ၃၀ ကျော်မှ လိမ်းရမယ်လို့ ထင်နေကြတယ်။ တကယ်တမ်းက အသက် ၂၀ ကျော်တွေမှာလည်း eye cream လိမ်းပေးဖို့ လိုအပ်ပါတယ်။ မျက်ကွင်းညိုတာ၊ မျက်အိတ်တွဲတာတွေအတွက် eye cream ကို လူးပေးရမှာဖြစ်ပါတယ်။

 

၄။ Night Cream

ညအိပ်ရာဝင်တိုင်းမှာ night cream လူးပေးပါ။ မနက် အိပ်ရာကနိုးတော့ အသားအရေလေးက လှပစိုပြေနေမှာ ဖြစ်ပါတယ်။ အိပ်စက်နေစဉ်အတွင်း အရေပြားဆဲလ်လေးတွေက အလိုလို ပြုပြင်သွားပါတယ်။ ဒါကို အားဖြည့်ပေးနိုင်ဖို့ night cream ကို လူးပေးပါ။

Source : She Finds

Share

Loading Next Article...
က္က