တစ်ကြိမ်တည်းနဲ့ ထိရောက်မယ့်နည်းလည်း ဖြစ်ပါတယ်။
 

အုန်းဆီဟာ ရှေးအစဉ်အဆက်ကနေ ယခုချိန်ထိအောင် ဆံပင်အတွက် သုံးနေကြတဲ့အရာပါ။ အဘွားတွေလက်ထက်မှာ အုန်းဆီလိမ်းခဲ့ကြသလို ယနေ့ဈေးကွက်ထဲက ဆံပင်ထိန်းသိမ်းရေးပစ္စည်းတွေထဲမှာ အုန်းဆီက နေရာယူထားဆဲပါပဲ။

ဆံပင်တွေကို နက်မှောင်သန်စွမ်းစေတဲ့အပြင် ပျက်စီးနေတဲ့ဆံပင်တွေကိုလည်း ပြန်လည်ကောင်းမွန်စေပါတယ်။ ခြောက်သွေ့တဲ့ ဆံသားတွေအတွက်တော့ အုန်းဆီကို ဒီလိုသုံးပါ။ တစ်ကြိမ်တည်းနဲ့ ထိရောက်မယ့်နည်းလည်း ဖြစ်ပါတယ်။

ဆက်စပ်ဖတ်ရှုနိုင်ရန် --->  အုန်းဆီကိုသုံးပြီး မျက်နှာပေါင်းတင်ခြင်းက ထူးခြားတဲ့ရလဒ်ကိုပိုင်ဆိုင်နိုင်

 

အုန်းဆီကို ခွက်တစ်လုံးထဲထည့်ပြီး စက္ကန့် ၃၀ ကြာ အပူပေးလိုက်ပါ။ ဆံပင်ကို အပိုင်းလေးပိုင်း ခွဲထားလိုက်ပါ။ ၄ လက်မလောက်ကို တစ်ပိုင်းပေါ့။ ခွဲထားတဲ့ဆံပင်တွေနဲ့ ဦးရေပြားကို အုန်းဆီသုံးပြီး နှိပ်နယ်ပေးရပါမယ်။ ဆံပင်အရင်းကနေ အဖျားအထိ အုန်းဆီကို ရွှဲရွှဲလေးထည့်ပေးပါ။ ဘီးကိုမသုံးပါနဲ့။

 

တစ်ခေါင်းလုံးနှိပ်ပြီးသွားရင် ဆံပင်တွေကို တဘက် (သို့မဟုတ်) ခေါင်းစွပ်နဲ့ ဖုံးအုပ်ထားလိုက်ပါ။ ၄၅ မိနစ်အကြာမှာ ခေါင်းလျှော်လိုက်မယ်ဆို ဆံပင်ခြောက်သွေ့ပြီး အဖျားနှစ်ခွဖြစ်တာတွေ ပျောက်သွားပါလိမ့်မယ်။

Share

Loading Next Article...
က္က