ကပ္ပတိန်စကော့ရဲ့သစ်သီးကိတ်လိုပါပဲ။ သက်တမ်းအကြာကြီး တာရှည်ခံနိုင်တဲ့ စားသောက်ကုန်တွေလည်း ရှိနေပါသေးတယ်။

အစားအစာတိုင်း၊ စားသောက်ကုန်တိုင်းမှာ သက်တမ်းကုန်ဆုံးရက် (expired date) ဆိုတာရှိပါတယ်။ သက်တမ်းကုန်ဆုံးပြီးသား စားသောက်ကုန်တွေကို စားသုံးရန်မသင့်တော်သလို စားသုံးမိပါကလည်း ကျန်းမာရေးအတွက် အဆင်မပြေနိုင်ပါဘူး။ ဒါပေမယ့် ကပ္ပတိန်စကော့ရဲ့သစ်သီးကိတ် လိုပါပဲ။ သက်တမ်းအကြာကြီး တာရှည်ခံနိုင်တဲ့ စားသောက်ကုန်တွေလည်း ရှိနေပါသေးတယ်။

၁။ ပျားရည်

Honey-Dippers.jpg 

ပျားရည်ဟာ ရေဓာတ်နည်းပါးပြီး အချိုဓာတ်များပြားတာကြောင့် ဘက်တီးရီးယားတွေဟာ ပျားရည်ပေါ်မှာ မပေါက်ဖွားနိုင်ပါဘူး။ ဒါ့အပြင် ပျားရည်မှာ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ပမာဏအနည်းငယ်လည်း ပါဝင်သောကြောင့် အဏုကြည့်မှန်ဘီလူးနဲ့မှ မြင်နိုင်တဲ့ ရောဂါပိုးမွှားတွေကိုလည်း မခိုအောင်းနိုင်အောင် တားဆီးထားပါတယ်။ ဒါကြောင့် ပျားရည်ဟာ တာရှည်ခံတဲ့ အစားအသောက် တစ်မျိုးဖြစ်ပါတယ်။

၂။ ပဲမျိုးစုံ

170818194234-pulses-legumes-exlarge-169.jpg 

ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ အစရှိတဲ့ ပဲမျိုးစုံဟာ အခြောက်လှမ်းထားခြင်းဖြင့် ရေဓာတ်ပမာဏကို လျှော့ချထားပြီး သကြားဓာတ်ပြည့်ဝမှုကိုလည်း တိုးမြှင့်ထားတဲ့အတွက် ဘက်တီးရီးယားနဲ့ မှိုတွေအတွက်တော့ ရှင်သန်ရခက်ခဲစေပါတယ်။ သူတို့ကို ဓာတ်ပြုစေနိုင်တဲ့ အင်ဇိုင်းတွေဟာလည်း ရိပ်သိမ်းပြီးတာနဲ့ လှုပ်ရှားရရပ်တန့်သွားပါတယ်။ ဒါကြောင့် ပဲမျိုးစုံဟာလည်း ပြန်လည်မချက်ပြုတ် ရသေးသရွေ့ တာရှည်ခံတဲ့ စားသောက်ကုန်တွေဖြစ်ပါတယ်။

၃။ ပဲငံပြာရည်

ပဲငံပြာရည်ကို ဟင်းချက်ရာမှာ အသုံးပြုကြပြီး ထမင်းကြော်တို့၊ ခေါက်ဆွဲကြော်တို့ ကြော်ရာမှာ အသုံးများပါတယ်။ အထဲမှာ အငန်ဓာတ်ပါဝင်မှုနဲ့ အချဉ်ဖောက်ထားခြင်းတို့ကြောင့် ပဲငံပြာရည်ဟာ မဖွင့်ရသေးတဲ့ ဘူးအသစ်ထဲမှာဆိုရင် နှစ်နဲ့ချီ ကြာရှည်ခံပါတယ်။

၄။ ရှာလကာရည်

170818194718-vinegar-exlarge-169.jpg 

ရှာလကာရည်ကို ဘက်တီးရီးယားတစ်မျိုးကိုသုံးပြီး အချဉ်ဖောက်ထားတဲ့အတွက် အက်ဆစ်ဓာတ်သဘောပါဝင်ပြီး အရသာကိုချဉ်စေပါတယ်။ ဒါကြောင့် တခြားဘက်တီးရီးယားတွေ ရှာလကာရည်ထဲမှာ ရှင်သန်ရခက်ခဲစေပါတယ်။ တနည်းအားဖြင့် တာရှည်ခံပါတယ်။

၅။ ဆန်ဖြူ

အပူချိန်နည်းပါးခြင်းနဲ့ အောက်ဆီဂျင်ပမာဏလျော့နည်းခြင်းက ဆန်ဖြူရဲ့သက်တမ်းကို ပိုရှည်စေပါတယ်။ ဆန်ညိုကတော့ ဆန်ဖြူထက်စာရင် သက်တမ်းပိုတိုပါတယ်။ ဒါကြောင့် ဆန်ညိုဝယ်ထားရင် ကြာကြာလှောင်ထားလို့ မရဘဲ မြန်မြန်စားပစ်သင့်ပါတယ်။

၆။ အနက်ရောင်ချောကလက်

131125111804-dark-chocolate-horizontal-large-gallery.jpg 

အနက်ရောင်ချောကလက်တွေဟာ နို့ချောကလက်ထက်စာရင် သက်တမ်းပိုရှည်ပါတယ်။ နို့ချောကလက်တွေကတော့ နို့ပါဝင်တဲ့အတွက် ကြာရင် နို့အချဉ်ပေါက်ပြီး မှိုတက်နိုင်ပါတယ်။ အနက်ရောင် ချောကလက်ကတော့ နို့မပါဝင်တဲ့အတွက် သက်တမ်းပိုရှည်ပါတယ်။ ဒါပေမယ့် အနက်ရောင်ချောကလက်မှာလည်း အချိန်ကြာလာရင် အဆီတွေအပေါ်တက်လာပြီး မှိုတက်သလိုပုံစံ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် မှိုတော့မဟုတ်ပါဘူး။

၇။ သကြား

အိမ်တစ်အိမ်ရဲ့မီးဖိုချောင်ထဲမှာ မပါမဖြစ် စားသောက်ကုန်ပစ္စည်းဖြစ်တဲ့ သကြားကို လေလုံတဲ့ဘူးတစ်ဘူးထဲမှာ စိုထိုင်းမှုကင်းဝေးအောင် ထားနိုင်မယ်ဆိုရင် အချိန်အကြာကြီးခံနိုင်ပါတယ်။

၈။ ဆား

"ဆားမပါတဲ့ဟင်းတစ်ခွက်ဟာ ပေါ့ပျက်ပျက်နိုင်တယ်" ဆိုတဲ့ ဆိုရိုးစကားတစ်ခွန်းရှိသလို ဆားဟာ အိမ်ရှင်မတိုင်းရဲ့အဖော်မွန် မီးဖိုချောင်သုံး စားသောက်ကုန်တစ်မျိုးဖြစ်ပါတယ်။ ဆားဟာ ရေဓာတ်ကို ဖယ်ရှားပေးတဲ့အတွက် သူ့ပေါ်မှာပေါက်ဖွားဖို့ ကြိုးစားတဲ့ ဘက်တီးရီးယားပိုးမွှားတိုင်း အသက်မရှင်ကြပါဘူး။ ဆားထဲမှာမှ အိုင်အိုဒင်းဆားဆို သက်တမ်းပိုရှည်ကြာပါတယ်။

Source: CNN

 

Share

Loading Next Article...
က္က