သုတေသနဟာ ရာသီသွေးအခြေအနေ၊ အသက်အရွယ်၊ နေထိုင်မှုပုံစံတွေကို ထည့်သွင်းတွက်ချက်ထားတာ ဖြစ်ပါတယ်။
 

အိမ်မက်ဆိုးတွေမက်ပြီး လန့်နိုးလာတဲ့အခါ ခန္ဓာကိုယ်မှာ ချွေးတွေရွှဲနစ်နေတာမျိုးကို ဖြစ်ဖူးကြပါတယ်။ ဒါပေမယ့် ညတိုင်းညတိုင်း ချွေးတွေပြန်ပြီး နိုးတတ်တာဟာ ကောင်းတဲ့ လက္ခဏာမဟုတ်ပါဘူး။ သင့်မှာ ရောဂါတစ်ခုရှိနေပြီဆိုတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

၁ - နှလုံးရောဂါ

နှလုံးရောဂါဖြစ်နိုင်ခြေမြင့်တက်လာတာမျိုး ဖြစ်ပါတယ်။ ညဘက်ချွေးထွက်လေ့ရှိတဲ့ သတ်လတ်ပိုင်းအမျိုးသမီးတွေဟာ နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ခြေပိုများတယ်လို့ ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာချက်တစ်ခုကို International Journal of Obstetrics and Gynecology ဂျာနယ်မှာ ဖော်ပြထားပါတယ်။ သုတေသနဟာ ရာသီသွေးအခြေအနေ၊ အသက်အရွယ်၊ နေထိုင်မှုပုံစံတွေကို ထည့်သွင်းတွက်ချက်ထားတာ ဖြစ်ပါတယ်။

 

၂ - ရောဂါပိုး

ရောဂါတစ်ခုခု၊ ကိုယ်တွင်းရောဂါပိုးတစ်ခုခုကို ခန္ဓာကိုယ်က တိုက်ဖျက်နေရတယ်ဆိုရင်လည်း ညဘက် ချွေးထွက်တတ်ပါတယ်။ ညဘက်ချွေးထွက်တာဟာ ရက်တွေဆက်နေတတ်ပြီး ကိုယ်လက်လည်း မအီမသာဖြစ်နေတယ်ဆိုရင် ကိုယ်တွင်းရောဂါကြီးတစ်ခုဖြစ်နေနိုင်ပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

၃ - သိုင်းရွိုက်

ညဘက်သိသိသာသာ ချွေးထွက်တာဟာ ခန္ဓာကိုယ်က သိုင်းရွိုက်ပြဿနာတစ်ခုခု ကြုံတွေ့နေရတာလည်း ဖြစ်နိုင်ပါတယ်။ အဒရီနယ်ဂလင်း(adrenal )အပါအဝင်  ဟော်မုန်းနဲ့ဆက်စပ်တဲ့ အခြေအနေတွေဟာ ပုံမှန်မဟုတ်တာကြောင့် ညဘက်ချွေးထွက်တာတွေ ဖြစ်ပေါ်တာပါ။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - သွားကိုက်တာကို ချက်ခြင်းသက်သာစေမယ့် အိမ်သုံးဆေးနည်း (၃) မျိုး)

 

၄ - ဆေးဝါး

သင်သောက်နေရတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးလည်း ဖြစ်နိုင်ပါတယ်။ ကင်ဆာနဲ့ပတ်သက်တဲ့ ကုသမှုအချို့ကလည်း ညဘက်ချွေးထွက်တာတွေကို ဖြစ်စေပါတယ်။ သွေးချို၊ဆီးချိုဆေးဝါးတွေကလည်း ညဘက်ချွေးထွက်စေတတ်ပါတယ်။

၅ - ကိုယ်ခံအားစနစ်

ကိုယ်ခံအားစနစ်ချို့ယွင်းမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ခံအားစနစ်ဟာ ခန္ဓာကိုယ်ရဲ့ ပုံမှန်ဖြစ်စဉ်တစ်ခုကို ကျန်းမာရေးအတွက် အန္တရယ်ရှိတယ်လို့ မှားယွင်းယူဆနေတဲ့အခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုး မြောက်များစွာရှိပါတယ်။

 

၆ - ကင်ဆာ

ကင်ဆာအဆင့် အမျိုးမျိုးဟာလည်း ညဘက်ချွေးထွက်တာတွေကို ဖြစ်စေပါတယ်။ ညဘက်ချွေးထွက်တာတွေ ရက်ပေါင်းကြာအောင် အတော်ဖြစ်နေတယ်ဆိုရင် ဂရုစိုက်သင့်ပါတယ်။  အထူးသဖြင့် ညဘက်ချွေးထွက်ခြင်းနဲ့အတူ ဝိတ်ကျတာ၊ မောပန်းနွမ်းနယ်တာတွေပါ တွဲဖက်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ မဖြစ်မနေပြသင့်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး -  လူသေဆုံးမှုဖြစ်စဉ် ၁၀ ခုအနက် ၁ ခုမှာ ဆေးလိပ်ကြောင့်ဖြစ်)

Photos & Source: 7Day Daily

Share

Loading Next Article...
က္က