ကုသမှုတွေ ရှိပေမယ့်လည်း လူတော်တော်များများကတော့ ညသန်းကောင်အပေါ့သွားချင်တာဟာ အကျင့်တစ်ခုလို ဖြစ်လာပါတယ်။
 

ညဘက်အိပ်ကောင်းပြီဆိုရင် အပေါ့သွားချင်တာက တော်တော်လေးဆိုးပါတယ်။ မသွားဘဲ နေနေရင်လည်း အိပ်မပျော်တာမျိုး ဖြစ်တတ်ပါတယ်။ ညဘက်အပေါ့သွားချင်တာဟာ အကျင့်တစ်ခုလို ဖြစ်လာရတဲ့အကြောင်းအရင်းလေးတွေ ရှိပါတယ်။

၁ - ရေအများကြီးသောက်တယ်

 အိပ်ရာမဝင်ခင် ရေအများကြီးသောက်လို့ ဖြစ်ပါတယ်။ ရေအများကြီးသောက်ထားမိတဲ့အတွက် ညသန်းခေါင်နိုးပြီး အိပ်ရေးပျက်ရတာ ဖြစ်ပါတယ်။ ဒီလိုမဖြစ်ချင်ဘူးဆိုရင်တော့ အိပ်ရာမဝင်ခင် နှစ်နာရီအတွင်း  ရေမသောက်ဖို့ အရေးကြီးပါတယ်။ ရေမသောက်တာတောင် ညသန်းကောင်ဆီးသွားချင်ပြီး နိုးလာနေသေးတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသင့်ပါပြီ။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း - သင့်ကိုပိုမိုအိုမင်းသွားစေမယ့် မှားယွင်းတဲ့ ကိုယ်နေဟန်ထားတွေ)

 

၂ - ကော်ဖီနဲ့ အရက်

ရေမသောက်ပေမယ့် ကော်ဖီနဲ့ အရက် တစ်ခုခု သောက်လို့ ဖြစ်ပါတယ်။ ညစာစားပြီး ကော်ဖီသောက်တတ်သူ၊ ညအိပ်ရာမဝင်ခင်အရက်လေး နည်းနည်း သောက်တတ်သူဆိုရင်တော့ ညသန်းကောင်အပေါ့သွားတာမျိုး ဖြစ်တတ်ပါတယ်။ ခြောက်နာရီနောက်ပိုင်း ကော်ဖီနဲ့ အရက်ကို မသောက်သင့်ပါဘူး။ အနည်းဆုံး အိပ်ရာမဝင်ခင် သုံးနာရီအတွင်း အရက်မသောက်သင့်တာ ဖြစ်ပါတယ်။

၃ - ဟော်မုန်းနည်းနေခြင်း

အသက်ကြီးလာတာနဲ့အမျှ  antidiuretic လို့ခေါ်တဲ့ဟော်မုန်းတွေနည်းပါးလာပါတယ်။ အဆိုပါ ဟော်မုန်းဟာ ကျောက်ကပ်ရဲ့ ထိန်းချုပ်နိုင်စွမ်းကို ကူညီပေးနေတာဖြစ်ပါတယ်။ အဆိုပါဟော်မုန်းနည်းလေလေ ဆီးသွားချင်လေလေပါပဲ။ ဟော်မုန်းဆုံးရှုံးမှုဟာ အသက် ၄၀ လောက်မှာ စပါတယ်။ နောက်ပိုင်းမှာ သိသာလာတာ ဖြစ်ပါတယ်။  ကုသမှုတွေ ရှိပေမယ့်လည်း လူတော်တော်များများကတော့ ညသန်းကောင်အပေါ့သွားချင်တာဟာ အကျင့်တစ်ခုလို ဖြစ်လာပါတယ်။

 

၄ - ပိုးဝင်ခြင်း

ဆီးလမ်းကြောင်း ပိုးဝင်တာမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သက်သောင့်သက်မရှိတာ၊ ဆီးသွားတာ ချောမွေ့မှု မရှိတာ၊ ပူတာတွေပါ တွဲဖြစ်တတ်ပါတယ်။ အမျိုးသားတွေမှာ အဖြစ်နည်းပေမယ့် ဖြစ်တဲ့အခါမှာ တစ်ချိန်လုံးဆီးသွားချင်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

၅ - ဆီးချို သွေးချို

ဆီးချိုသွေးချိုဖြစ်နေတဲ့အခါ၊ ဖြစ်ပွားဖို့ အခြေအနေမျိုး ရှိနေတဲ့အခါ သွေးတွင်းသကြားဓာတ်တွေကို ဖယ်ရှားဖို့ ခန္ဓာကိုယ်က ဆီးထုတ်လုပ်မှုကို မြှင့်တင်ပါတယ်။ နေ့အချိန်မှာပါ ဆီးခဏခဏသွားချင်တာတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ရေအမြောက်အများသောက်ပေမယ့်လည်း တစ်ချိန်လုံး ရေဆာနေတတ်တာ ဖြစ်ပါတယ်။

Photos & Source: Women Health

Share

Loading Next Article...
က္က