တော်ရုံနဲ့ပျောက်မသွားဘဲ ရက်ဆက်နေရင် ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။
 

နေ့စဉ်ခေါင်းတွေ အုံနေတာ၊ ခေါင်းကိုက်သလို ဖြစ်နေတာတွေရှိပေမယ့် ဘာကြောင့်မှန်း မသိဘဲ ဖြစ်နေတတ်ပါတယ်။ တော်ရုံနဲ့ပျောက်မသွားဘဲ ရက်ဆက်နေရင် ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ အဖြစ်များတဲ့ အကြောင်းအရင်းတွေက ဒီအချက်တွေကြောင့်ပါ။

၁ - စိတ်ဖိစီးမှု

အဖြစ်များဆုံးအချက်ပါပဲ။ စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်တာဟာ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။  ဟော်မုန်းထုတ်မှု ပိုမိုများပြားလာပြီး ကြွက်သားတွေကို ညှစ်သလိုဖြစ်ကာ ခေါင်းတွေကိုက်လာတာ ဖြစ်ပါတယ်။ ယနေ့ခေတ်လူ့အဖွဲ့အစည်းမှာ စိတ်ဖိစီးမှုဟာ နေ့စဉ်ရှိနေတဲ့ ကိစ္စလိုဖြစ်နေတာကြောင့် ကြီးမာတဲ့ သက်ရောက်မှုမျိုး မရှိအောင် နေထိုင်ဖို့ လိုပါတယ်။ လူကျန်းမာရုံမက စိတ်ကျန်းမာအောင်ပါ နေဖို့ အရေးကြီးပါတယ်။

 

၂ - ဟော်မုန်း

ဟော်မုန်းကြောင့်ပါ။ ပရိုဂတ်စတီရုန်းနဲ့ အက်စထရိုဂျင်တွေဟာ သက်ရောက်မှုများစွာရှိပါတယ်။ ဓမ္မတာလာခြင်းကြောင့် ခေါင်းကိုက်တာလည်းရှိတတ်ပါတယ်။ တစ်ရက်နှစ်ရက်ထက်ကျော်နေတယ်ဆိုရင်တော့ လေးလေးနက်နက် ရှိဖို့ လိုပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

၃ - သွေးပေါင်ချိန်

သွေးပေါင်ချိန်မြင့်တက်နေတာကြောင့်ဖြစ်ပါတယ်။ နေ့စဉ်ခေါင်းကိုက်နေတာမျိုးကို ဖြစ်တတ်ပါတယ်။ ဦးခေါင်းတွင်း ဖိအားမြင့်တက်လာတာကြောင့်ပါ။ ဒါပေမယ့် ဆေးသောက်ပြီး၊ နေ့စဉ်ဘဝနေထိုင်မှုပုံစံပြောင်းလဲလိုက်ရင် ဒီလိုခေါင်းကိုက်တာမျိုးဟာ ပျောက်ကွယ်သွားမှာပါ။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း -ဒါတွေဖြစ်နေရင် သင်စိတ်ဖိစီးမှုတွေ များပြားနေတယ် )

 

၄ - သွားပြသနာ

သွားနဲ့ခံတွင်းဆိုင်ရာ ပြသာနာတွေကြောင့်ပါ။ ခေါင်းထိပ်တည့်တည့်က ကိုက်နေတာမျိုး ဖြစ်တတ်ပါတယ်။ သွားပြသာနာရှိနေတယ်ဆိုရင်တော့ ဒီလိုမျိုး ဖြစ်တတ်ပါတယ်။ ခေါင်းကိုက်တာဟာ ကြာနေတယ်ဆိုရင် သွားနဲ့ခံတွင်းဆိုင်ရာ ဆရာဝန်နဲ့ပြသင့်ပါတယ်။

၅ - အိပ်မပျော်ခြင်း

အိပ်ရေးပျက်ခြင်းဟာ အရာရာတိုင်းကို ဖျက်စီးမှာပါ။ နေ့စဉ်ရက်ဆက် ခေါင်းကိုက်သလိုဖြစ်နေတာဟာ အိပ်မပျော်တဲ့ရက်တွေ ညစဉ်ရက်ဆက်လာတာကြောင့်ပါ။ အနားမရတဲ့ကြွက်သားတွေဟာ တင်းတောင့် ကိုက်ခဲလာတတ်ပါတယ်။ အိပ်မပျော်ခြင်းဟာ စိတ်ဖိစီးတဲ့ ဟော်မုန်းတွေကိုလည်း ထုတ်လုပ်ပြီး ခေါင်းကိုက်စေပါတယ်။

 

၆ - ကဖိန်း

ကဖိန်းဓာတ်အနည်းငယ်ဟာ ခေါင်းကိုက်တာကို သက်သာစေပါတယ်။ ဒါပေမယ့် ကဖိန်းဓာတ်များတယ်ဆိုရင်တော့ ခေါင်းကိုက်တာကို ဖြစ်လာစေပါတယ်။ အကြောင်းအရင်းကို ကောင်းကောင်းမသိဘဲ ခေါင်းကိုက်နေတယ်ဆိုရင် ကဖိန်းဓာတ်ပါတဲ့ အရည်တွေကို သောက်တာမျိုးကို ရှောင်ကြည့်သင့်ပါတယ်။ ရှောင်လိုက်လို့ ခေါင်းကိုက်သက်သာသွားတယ်ဆိုရင်တော့ လုံးဝမသောက်ဘဲ နေလိုက်ပါတော့။

၇ - ဖုန်း

တစ်နေကုန် ဖုန်းကိုပဲ အမြဲကုန်းကြည့်နေတာကြောင့်ဖြစ်ပါတယ်။ လည်ပင်းပေါ်သက်ရောက်လာတဲ့ ဖိအားတွေကြောင့်သာမကဘဲ မျက်လုံးရဲ့ ညောင်းညာမှုကြောင့်ဖြစ်ပါတယ်။ ဖုန်းမျက်နှာပြင်က ထွက်တဲ့ရောင်ခြည်နဲ့ ခန္ဓာကိုယ်ပုံစံမမှန်ဘဲ ဖုန်းအသုံးပြုနေတဲ့ ပုံစံတွေကြောင့်ပါ။

Photos & Source: Women Health

Share

Loading Next Article...
က္က