ခါးနာတဲ့ အကျင့်ရှိသူတွေဟာမာကျောတဲ့အောက်ခံနဲ့ အိပ်တာမျိုးက ပိုအဆင်ပြေပါတယ်။
 

မွေ့ရာမပါဘဲ အိပ်စက်ခြင်းဟာ သဘာဝတိုင်း အိပ်စက်ခြင်းပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ပေါ် သက်ရောက်မှု ရှိသလို ကောင်းကျိုးတွေ ရရှိနိုင်ပါတယ်။ မွေ့ရာမပါဘဲ ကြမ်းပြင်လို အမာပေါ်အိပ်တဲ့အခါ ရရှိမယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးချင်ပါတယ်။

၁ - ခါးနာ

ကျောရိုး ဆန့်ထွက်လာတာကြောင့် ခါးနာတာတွေ သက်သာစေပါတယ်။ အထူးသဖြင့် ခါးနာနေတဲ့အခါမှာ မွေ့ရာနဲ့ အိပ်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။ ခါးနာတဲ့ အကျင့်ရှိသူတွေဟာမာကျောတဲ့အောက်ခံနဲ့ အိပ်တာမျိုးက ပိုအဆင်ပြေပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း - ခံတွင်းနံ့ကောင်းမွန်အောင်ထိန်းသိမ်းကြမယ်)

 

၂ - တောင့်တင်းမှု

နာကျင်ကိုက်ခဲနေမှုတွေ၊ တင်းတောင့်သလို ဖြစ်ပွားနေမှုတွေဟာ ခန္ဓာကိုယ်အနေအထားပုံစံ မမှန်တာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ အကြောတွေ၊ ကြွက်သားတွေ နေရာမမှန်တာကြောင့် ဖြစ်တတ်ပါတယ်။ မာကျောတဲ့ ကြမ်းပြင်မှာ အိပ်တဲ့အခါ လွဲချော်နေတဲ့ အချို့နေရာတွေကို ပြန်လည်တည့်မတ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ အထူးသဖြင့် မြီးညှောင့်ရိုးနဲ့ တင်းပါက အရိုးအဆစ်များလွဲချော်မှုကို ပြုပြင်ပေးနိုင်ပါတယ်။

၃ - ပခုံး

ပခုံးနေရာမမှန်တဲ့အခါမှာ လည်ပင်းနဲ့ ကျောခုံးကို ဖိအားဖြစ်လာပြီး နာတာရှည်နာကျင်မှုတွေကနေ ခေါင်းကိုက်တဲ့အထိပါ ဖြစ်လာပါတယ်။ မွေ့ရာမပါဘဲ အိပ်တဲ့အခါမှာ ပခုံးကြောညပ်တာ၊ နေရာလွဲတာတွေကိုလည်း သက်သာစေပါတယ်။ ကြမ်းပြင်မှာ တအားပျော့ပြောင်းတဲ့ အခင်းမျိုးမခင်းဘဲ အိပ်သင့်တာ ဖြစ်ပါတယ်။

 

၄ - ကိုယ်နေဟန်ထား

ကိုယ်နေဟန်ထားကိုလည်း မှန်စေပါတယ်။ မွေ့ရာနဲ့ အိပ်တဲ့အခါ ပျော့ပြောင်းနေတာကြောင့် ခန္ဓာကိုယ်ဟာ ပုံမှန်ပုံစံ မရှိပါဘူး။ မာကြောတဲ့ သစ်သားကြမ်းပြင်မှာ အိပ်တဲ့အခါ ခေါင်း၊ လည်ပင်းနဲ့ စတဲ့ ခန္ဓာကိုယ်ပုံစံတွေဟာ ပုံမှန်အခြေအနေမှာ ရှိပါတယ်။ ခေါင်းနဲ့ ခန္ဓာကိုယ် အနေအထားဟာလည်း မျှတမှုရှိပါတယ်။

၅ - နေရာမရွေးဘူး

နေရာမရွေး အိပ်တတ်သွားပါတယ်။ ခရီးထွက်တဲ့အခါမျိုးပဲ ဖြစ်ဖြစ်၊ မိတ်ဆွေတစ်ယောက်အိမ်မှာ အိပ်ဖြစ်တာပဲ ဖြစ်ဖြစ် ကြမ်းပြင်အမာပေါ်မှာ အိပ်ရမယ်ဆိုရင်လည်း အဆင်ပြေသွားပါတယ်။ မွေ့ရာမပါလို့ မအိပ်တတ်တာ၊ ကောင်းကောင်းအိပ်မပျော်တာတွေ မဖြစ်တော့ပါဘူး။

Photos & Source: UWF

Share

Loading Next Article...
က္က